ဂျော်ဒန်ဘုရင်အဗ္ဗဒူလာ တိုက်ခိုက်ခံရ

DK၊       ၊ဂျော်ဒန်နိုင်ငံတောင်ပိုင်းမြို့ တစ်မြို့ ဖြစ်သည့်  တာလီဖာမြို့ (Tafileh) တွင်
ဂျော်ဒန်ဘုရင်အဗ္ဗဒူလာ (King Abdullah II) ၏ ယာဉ်တန်းအား ဂျော်ဒန်နိုင်ငံသား
လူငယ်တစုမှ ခဲများ၊ပုလင်းခွံများနှင့်တိုက်ခိုက်ခဲ့ကြသည်။ ၄င်းတိုက်ခိုက်မှု သည်
ဂျော်ဒန်ဘုရင်အဗ္ဗဒူလာ၏လုပ်ပိုင်ခွင့်ဖြစ်သည့်  ၀န်ကြီးချုပ်နှင့်အစိုးရအဖွဲ့အားခန့်အပ်နိုင်ခွင့်အား စွန့်လွှတ်မည့်အချက်အပါအ၀င် အဓိကပြုပြင်ပြောင်း
လဲမှုများအားကြေငြာပြီးနောက်တရက်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဂျော်ဒန်ဘုရင်အဗ္ဗဒူလာမှ နိုင်ငံတောင်ပိုင်းရှိ အခြေခံအဆောက်အဦးများတည်ဆောက်နေသည့်
စီမံကိန်းများအား လှည့်လည် ကြည့်ရှုသည့်ခရီးစဉ်တွင် ဤတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဂျော်ဒန်နိုင်ငံတွင် ယခုနှစ် ဇန်န၀ါရီလ မှ စတင်ပြီးဆန္ဒပြပွဲများဖြစ်ပွားခဲ့၍ ဆန္ဒပြသူများမှ
ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊အလုပ်အကိုင်များဖန်တီးပေးရန်နှင့်စားသောက်ကုန်ဈေးနှုန်း
များလျှော့ချပေးရန် တောင်းဆိုခဲ့ကြသည်။ ဖေဖေါ်ဝါရီလတွင် ဘုရင်အဗ္ဗဒူလာမှ  ထိုစဉ်ဝန်ကြီးချုပ်
ဆာမီယာရီဖိုင်း (Samir Rifai) ဦးဆောင်သည့်အစိုးရအဖွဲ့အား တာဝန်မှရပ်စဲခဲ့ပြီး၊ ဂျော်ဒန်ပြည်သူများ
မနှစ်သက်ကြသည့် ဂျော်ဒန်ဝန်ကြီးချုပ်ဟောင်း မာရုပ်ဖ်ဘက်ခ်ဟစ် (Marouf Bakhit) အား
ဝန်ကြီးချုပ်သစ်အဖြစ် ပြန်လည်ခန့်အပ်ကာ အစိုးရသစ်ဖွဲ့စည်းခဲ့သည်။
ဘုရင်အဗ္ဗဒူလာမှ ဂျော်ဒန်ဖွဲ့စည်းပုံအခြေခံဥပဒေသို့ ပြင်ဆင်ပြောင်းလဲမှုများဖြင့်ထည့်သွင်းဖြည့်
စွက်သွားမည်၊ အနာဂတ်အစိုးရအဖွဲ့များအား  ပြည်သူ့ဆန္ဒအရရွေးကောက်ခံခဲ့ရသောအမတ်များ
အများစုဖြင့် ဖွဲ့စည်းသွားမည်ဟု ကြေငြာခဲ့သည်။ သို့သော် မည်သည့်အချိန်တွင်ဟု တိကျစွာမဆို
ခဲ့ခြင်းကြောင့် ဂျော်ဒန်ပြည်သူ များအနေနှင့် ကျေနပ်မှုမရှိခဲ့ကြပေ။

ဘုရင့်ယာဉ်တန်း တာလီဖာမြို့တွင်းသို့ဝင်ရောက်လာသည့်အခိုက် အသက် ၂၀ မှ ၃၀ အတွင်းရှိလူရွယ်များ
မှ ခဲများ၊ ပုလင်းခွံများနှင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြကြောင်း၊ ၄င်းတိုက်ခိုက်မှုအပြီးတွင် ဘုရင့်ယာဉ်တန်းအား မူလလမ်းကြောင်းမှပြောင်းလဲခဲ့ရကြောင်းနှင့် တိုက်ခိုက်သူများအား ဂျော်ဒန်ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့သည်ဟု
အေအက်ဖ်ပီသတင်းဋ္ဌာန (Agence France Presse, AFP) အား အမည်မဖေါ်လိုသည့် ဂျော်ဒန်လုံခြုံရေး
အရာရှိတဦးမှ ပြောပြခဲ့သည်။

ဂျော်ဒန် ဘုရင် နှင့် မိဘုရား

သို့သော် ဂျော်ဒန်အစိုးရ၏ပြောရေးဆိုခွင့်ရှိသူ တာဟာအက်ဒ်ဝမ် (Taher Adwan) မှမူ အဆိုပါတိုက်ခိုက်
မှုနှင့်ပတ်သက်ပြီး မမှန်ကန်ဟု အေပီသတင်းဋ္ဌာန (Associated Press, AP) အားပြောကြားခဲ့သည်။ ၄င်းမှ
ဂျော်ဒန်လူငယ်များသည် ဘုရင့်ယာဉ်တန်းအားဆီးကြိုနှုတ်ဆက်ရန် စုဝေးစောင့်ဆိုင်းနေခဲ့ကြပြီး တိုးဝှေ့တွန်း
တိုက်မှုများရှိခဲ့၍ ရဲတပ်ဖွဲ့မှ၎င်းတို့အား ဟန့်တားခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဘုရင့်နန်းတော်
အရာရှိတဦးမှမူ ဘုရင်အား ပြည်သူများမှ တိုက်ခိုက်မှု မရှိခဲ့ပဲ စိတ်အားထက်သန်စွာ ဆီးကြိုနှုတ်ဆက်ကြခြင်း
သာဖြစ်သည်ဟု ဆန့်ကျင်ဘက်ဆိုခဲ့သည်။

၎င်းပြောသည်သာမှန်ပါ က ဂျော်ဒန်ဘုရင်သည် အလွန်ပင်လူချစ်လူခင်ပေါများလှမည်ဖြစ်သော်လည်း
လက်ရှိအခြေအနေတွင် ဖြစ်နိုင်ဖွယ်မရှိလှပါ။

ယခုနှစ်အတွင်း ဒီမိုကရေစီတောင်းဆိုသည့်ဆန္ဒပြပွဲများ၊ အစိုးရများမှအကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်နှိပ်
ကွပ်မှုများနှင့် အရှေ့အလယ်ပိုင်းရှိ အာရပ်နိုင်ငံများတွင် ကပ်ဆိုက်နေသော်လည်း ဂျော်ဒန်နိုင်ငံတွင်မူ အခြား
အာရပ်နိုင်ငံများနှင့်စာလျှင်သေးငယ်သည့် ဒီမိုကရေစီတောင်းဆိုသည့်ဆန္ဒပြပွဲများသာ ဖြစ်ပွားခဲ့သည်။

DK

13 June 2011 Last updated at 13:31 GMT