ဂျီဆာအယ်ရှီဂူရ် မြို့ အား ဆီးရီးယား တပ်မှ ပိတ်ဆို့ ထား

DK၊       ၊ဆန္ဒပြ ပြည်သူများအားသတ်ဖြတ်မှုကိုဆန့်ကျင်ခဲ့သည့် အတွက် တပ်များမှ  ဆန့် ကျင် ပုန်ကန်
မှုဖြစ်ပွားခဲ့ကာ  အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၀ ကျော် အသတ်ခံခဲ့ရသည့် ဆီးရီးယားနိုင်ငံမြောက်
ဘက်ခြမ်း၊ တူရကီနယ်စပ်အနီးရှိ ဂျီဆာအယ်ရှီရုရ် မြို့ သို့ စစ်သုံးယာဉ် ၂၀၀ ကျော်အပါအ၀င်၊
တင့်ကားများနှင့်တိုက်ခိုက်ရေးရဟတ်ယာဉ်များ၏ ပစ်ကူကိုရယူပြီး ဆီးရီးယား အစိုးရတပ်များက
ထိုးစစ်ဆင်ခဲ့သည်။ 

ဆီးရီးယားတွင်နာမည်ဆိုးနှင့်ကျော်ကြားကြသည့် မာဟာအာဆဒ် (သမ္မတဘရှားအာဆဒ်၏ညီ) ၏
အမှတ်(၄)သံချပ်ကာတပ် နှင့် ရှာဟီဘာပြည်သူ့စစ် (Shabiha Militia) အပါအ၀င် ဆီးရီးယားသမ္မတ
ဘရှားအာဆဒ်၏ သစ္စာခံတပ်များမှ မြို့၏ အရှေ့ဘက်နှင့် တောင်ဘက်ခြမ်းတို့မှ ဂဏန်းလက်မ
အသွင်နှစ်ဖက်ညှပ်ထိုးစစ်ဖြင့် တနင်္ဂနွေနေ့က အပြင်းအထန်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

ဆီးရီးယားရှိဆန္ဒပြပွဲများအား အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်မှုများတွင် အဓိကတာဝန်ရှိသော ဆီးရီးယားသမ္မတဘရှားအာဆဒ် (ယာ) နှင့် ညီဖြစ်သူ မာဟာအာဆဒ် (၀ဲ)

ဆီးရီးယားအစိုးရအာဘော်ရုပ်သံမှ ဆီးရီယားစစ်တပ်မှ ဤစီးနင်းမှုတွင် အတိုက်အခံလက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးကို
သတ်ဖြတ်ခဲ့ပြီး အခြားအတိုက်အခံလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ပြီး စက်သေနတ်များကိုသိမ်းဆည်းရရှိ
ခဲ့ကြောင်းကြေငြာခဲ့သည်။ ဆီးရီးယားလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများမှ ဘရှားအာဆဒ်၏သစ္စာခံတပ်များသည်
မြို့တွင်းသို့မ၀င်ရောက်မီ တနင်္ဂနွေနေ့နံနက်ပိုင်း ၇ နာရီခန့် (0400 GMT) မှစတင်ပြီး ဂျီဆာအယ်ရှီဂူရ်မြို့ အားပြင်းပြင်း
ထန်ထန် အမြောက်များဖြင့်ပစ်ခတ်ခဲ့ကြကြောင်း AFP သတင်းဋ္ဌာနသို့ ပြောပြခဲ့ကြသည်။ ရက်စက်ကြမ်းကြုတ်လှသည့် ဤစီးနင်းတိုက်ခိုက်မှုနှင့်ပတ်သက်နေသည့်ဆီးရီးယားပြည်သူများ၏ဆန္ဒပြပွဲများအားအကြမ်းဖက်သတ်ဖြတ်နှိမ်နင်းခဲ့မှုကို
နိုင်ငံတကာမှအပြင်းအထန်ကန့်ကွက်ရှုံ့ချခဲ့ကြသည်။

ဂျီဆာအယ်ရှရုဂ်မြို့ တွင်းသို့ဝင်ရောက်လာသည့်ဘရှားအာဆဒ်သစ္စာခံတပ်များမှ မြို့တွင်းတွင် ကိုယ်လက်အင်္ဂါ
များဖြတ်တောက်ခံထားရသည့် အလောင်းများအပါအ၀င် ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်အလောင်း များအား
မြှုပ်နှံထားသည့် နေရာများကိုတွေ့ရှိခဲ့ကြောင်းဆီးရီးယားအစိုးရအာဘော်ရုပ်သံမှ လက်နက်ကိုင်လူဆိုးဂိုဏ်းများ
၏လက်ချက်ဟု ကြေငြာခဲ့သော်လည်း၊ ဆီးရီးယားနိုင်ငံမှ တိမ်းရှောင်ခဲ့ကြသော ဂျီဆာအယ်ရှီဂူရ်မြို့နေလူများနှင့်
ဘက်ပြောင်းဆန့်ကျင်ခဲ့သည့် ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များကမူ ထိုအလောင်းများသည် ဆန္ဒပြပြည်သူများအား
ပစ်မိန့်ကို ဆန့်ကျင်ခဲ့ကြ၍ပစ်သတ်ခံခဲ့ရသည့် ဒေသခံဆီးရီးယားတပ်ဖွဲ့ဝင်များဖြစ်ကြကြောင်း ရှင်းပြခဲ့ကြသည်။

ဆီးရီးယား-တူရကီနယ်စပ်ရှိဆောက်လုပ်ပြီးစ တတိယမြောက်ဒုက္ခသည်စခန်း

 လွန်ခဲ့သည့်အပတ်က ဆန္ဒပြနေသည့်ပြည်သူများအားပစ်သတ်ရန်အမိန့်အားဆန့်ကျင်သည့် စစ်ပုန်ကန်မှုဖြစ်ပွား
ခဲ့ပြီး အာဆဒ်သစ္စာခံဆီးရီးယားတပ်ဖွဲ့ဝင် ၁၂၀ ကျော်အသတ်ခံခဲ့ရခြင်းအား လက်နက်ကိုင်လူဆိုးဂိုဏ်းများမှ
သတ်ဖြတ်မှုဖြစ်သည်ဟု ဆီးရီးယားအစိုးရမှ ပြောကြားခဲ့ပြီး၊ ဆီးရီးယားနှင့်ကပ်လျက် တူရကီနိုင်ငံတွင်းတွင်
ယခုအခါ ဆီးရီးယားဒုက္ခသည်များခိုလှုံနေသည့် ဒုက္ခသည်စခန်း ၃ ခုရှိလာပြီဖြစ်သည်။ ၄င်းဒုက္ခသည်စခန်းများမှာ
တူရကီနိုင်ငံဘက်ခြမ်းရှိ အယ်လ်တီနိုဇူအရပ်နှင့် ယေလာဒါဂီအရပ်တို့တွင်ရှိ၍ ထပ်တိုးလာနေသည့် ဆီးရီးယားဒုက္ခသည်များကြောင့် နောက်ဆုံးအသစ်ထပ်မံဆောက်လုပ်ခဲ့ရသည့်စခန်းမှာ ဘွိုင်နူယိုဂန်အရပ်တွင်ရှိသည်။
သို့သော်လည်း ဆီးရီးယားအစိုးရမှမူ တူရကီနိုင်ငံသို့ဆီးရီယားမှ အလည်အပတ်သွားသူများသာရှိသည်ဟု ယခုထိ
တွင်တွင်ငြင်းဆိုဆဲဖြစ်သည်။

အာဏာရှင်ဆီရီးယားအစိုးရအားဆန့်ကျင်သည့်ဆန္ဒပြမှုတခု

လွန်ခဲ့သည့် မတ်လမှစတင်ဖြစ်ပွားခဲ့သော ဆီးရီးယားသမ္မတဘရှားအာဆဒ်၏ အာဏာရှင်အစိုးရအားဆန့်ကျင်သည့်
ဆီးရီးယားဆန္ဒပြပွဲများကို ဆီးရီးယားအစိုးရမှ အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းခဲ့မှုကြောင့် သေဆုံးရခဲ့ရသူပေါင်းသည်
ယခုအချိန်တွင် ၁၅၀၀ အထက်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံ
များမှ ဦးဆောင်၍ ဆီးရီးယားအစိုးရ၏အကြမ်းဖက်မှုများကို ဝေဖန်ရှုံ့ချခဲ့ကြသော်လည်း ဆီးရီးယားနိုင်ငံအားအရေး
ယူရန်အတွက် အာရပ်သမဂ္ဂနိုင်ငံများ၏ပူးပေါင်းဆောင်ရွက်ချက်မရှိသေးပေ။ အာဏာရှင်ဆန်သည့်နိုင်ငံများဖြစ်ကြ
သည့် တရုတ်နှင့်ရုရှားနိုင်ငံများမှမူ ကုလသမဂ္ဂ၏ဆီးရီးယားအားရှုံ့ချရေးအဆိုပြုချက်ကို ဆန့်ကျင်ခဲ့ကြသည်။

ကဒါဖီအားအရေးယူရန် အာရပ်နိုင်ငံများမှ ရှင်းလင်းသည့်ထောက်ခံမှုများရရှိခဲ့ပြိး လစ်ဗျားအား စစ်ရေးအရအရေး
ယူဆောင်ရွက်ရန်ချမှတ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၉၇၃ (UNSCR 1973) ကဲ့သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ရရှိရန်အလားအလာမရှိသလောက်ဖြစ်နေပြီး၊ ယခုဆီးရီးယားအစိုးရ၏ ဆီးရီးယားပြည်သူများအားအကြမ်းဖက်သတ်ဖြတ်မှုများတွင် အီရန်အစိုးရမှ ဆန္ဒပြပွဲများအားနှိမ်နင်းရန် လက်နက်ကိရိယာများထောက်ပံ့မှုအပါအ၀င် ဆန္ဒပြပွဲများကိုအကြမ်းဖက်နှိမ်နင်းရန် ပံ့ပိုးမှုများစွာကို ပြည်သူများ၏
ဆန့်ကျင်ခြင်းကိုခံနေရသော အာဆဒ်အစိုးရသို့ပေးခဲ့ကြောင်း အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟေ့ဂ် မှ ရှင်း
လင်းပြောကြားခဲ့ပြီး ၄င်းမှဆီးရီးယားအစိုးရအား ကုလသမဂ္ဂမှအရေးယူရန်တောင်းဆိုခဲ့သည်။

ရွေးကောက်ပွဲကာလ တူရကီ နိုင်ငံထဲ သို့  ထွက်ပြေး သည့် အိမ် နီးချင်း ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည့် ငါးထောင့်ငါးရာ
ကျော် ရှိပြီ ဟု တူရကီ နိုင်ငံ အန်ကာရာ ပို့ စ် သတင်းစာ တွင် ဖော်ပြထားသည်။

DK