စံနဒီ၊ ၊စစ်အစိုးရ ၏ မတရား ဖမ်းဆီး ထောင်ချ ထားခြင်း ခံရသည့် နိုင်ငံရေး အကျဉ်း
သား များလွတ်မြောက် ရေး အတွက် “ဥပဒေကြောင်း အရ သော် ၎င်း၊ လူထုလှုပ်ရှားမှု
အသွင် ဖြင့်သော် ၎င်း” ဆောင် ရွက်ကြ ရန် အဖွဲ့  ၁၁ ဖွဲ့ ပါ မြောက် အောက် နိုင်ငံရေး
လှုပ်ရှား သည့်အဖွဲ့  များ က တိုက် တွန်း နှိုးဆော် လိုက်သည်။
မြန်မာ နိုင်ငံ လုံး ဆိုင်ရာ ရဟန်း ပျိုး သမဂ္ဂ များ အဖွဲ့ ချုပ် စသည့် သံဃာ အဖွဲ့ အစည်း များ
၈၈ မျိုးဆက် ကျောင်းသား များ၊ ဗမာ နိုင်ငံ လုံး ဆိုင် ရာ ကျောင်း သား သမဂ္ဂများ အဖွဲ့ ချုပ်
(ဗကသ) စသည့် ကျောင်း သား နိုင်ငံရေး လှုပ်ရှား သည် အဖွဲ့ များ ၊ ရက္ခ အလင်းတန်း စ
သည့် တိုင်းရင်းသား အဖွဲ့ အစည်း များက ပူးပေါင်း ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ နေ့ စွဲ
ဖြင့် ကြေငြာချက် ထုတ် ပြန်ရာတွင် နိုင်ငံတကာ နှင့် ပြည်သူ တစ်ရပ် လုံး က လုပ်ဆောင်
နေသည့် နိုင်ငံရေး အကျဉ်းသား များ ချွင်းချက် မရှိ လွတ်မြောက် ရေး သည် ငြိမ်းချမ်း ဖွံ့ ဖြိုး
သည့် နိုင်ငံ ထူထောင် နိုင်ရေး အတွက် မြန်မာ နိုင်ငံရေး ပြဿနာ များစွာ ထဲ မှ အရေး အ
ကြီးဆုံး ဖြေရှင်း ရမည့် ဦးစား ပေး ပြဿ နာ တစ်ရပ် ဖြစ် သည် ဟု ဖော်ပြထား သည်။
၂၀၀၇ ရွှေဝါရောင် တော် လှန်ရေး တွင် အဓိက ကျသည့် အခန်း ကဏ္ဍ မှ ပါဝင် ခဲ့ သည့်
၂၀၀၇ မျိုးဆက် ကျောင်း သားများ သမဂ္ဂ မှ ပြော ရေး ဆိုခွင့် ရှိ သူ တစ်ဦးက ” ထောင်
ထဲ မှာ နှစ် နှစ် ဆယ် ကျော် နေတဲ့ နိုင်ငံရေး သမား တွေ ရှိတယ်၊ ထောင်ထဲ မှာ နိုင်ငံ
ရေး လှုပ်ရှား သူပေါင်း နှစ် ထောင် ကျော် ဟာ မွမ်းကျပ် ပိတ်လှောင် ပြီး ဖိနှိပ် ခံထားရတဲ့
အနေအထား နဲ့  နေနေကြရတယ်။ သူတို့  အမြန်ဆုံး လွတ်မြောက် ဖို့  ကျွန်တော် တို့ တစ်
ခု ခု ပြန်လုပ် ကြဖို့ လို အပ် နေပြီ ၊ ဒါကို အမြန် ဆုံး အချိန် မဆိုင်း ပဲ လုပ်ရမယ်”ဟု ပြော
သည်။
တက္ကသိုလ် ကျောင်း နှင့် ကျုရှင် များ တွင် လည်း နိုင်ငံ ရေး အကျဉ်း သား လွတ်မြောက် ရေး
အတွက် သြဂုတ်လ ၁၅ ရက် နေ့ မှ စပြီး တစ်နိုင်ငံ လုံး လမ်း လျှောက် ဆုတောင်း ဆန္ဒထုတ်
ဖော်ရန် စာများ လိုက် လံ ဖြန့် ဝေ နေ သည် ဟု သိရှိ ရသည်။
ဖမ်းဆီး ခံထားရသည့် နိုင်ငံရေး အကျဉ်း သား များ လွတ်မြောက် ရေး အတွက် မြန်မာ့ ဒီမို က
ရေစီ ခေါင်း ဆောင် ဒေါ် အောင် ဆန်း စုကြည် မှ ဦးစီးပြီး လက်မှတ်ထိုး ဆန္ဒပြ ကောက်ခံ လွှာ
များ အတွက် ဦးစီး လှုံဆော်ဆောင် ရွက် နေပြီး ၊ အမျိုး သား ဒီမို ကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် များ
နှင့် ပြည်သူ များ က လည်း ဘုရားပုထိုး စေတီ များ တွင် ဆုတောင်း ပွဲ များ ပြုလုပ် လျှက် ရှိ
သည်။
နိုင်ငံရေး အကျဉ်း သား လွတ်မြောက်ရေး လှုပ်ရှား မှု များ အတွက် ပြည်တွင်း လှို့ ဝှက် လှုပ်ရှား
မှု အဖွဲ့  တစ်ခု ဖြစ်သည့် Just Do It အဖွဲ့ မှာ မြေအောက် အနုပညာ ဖန်တီး သည့် အဆိုတော်
တစ်ဦး ကလည်း ကျွန်တော် တို့  တွေ ဟာ နိုင်ငံ ရေး အကျဉ်း သား လွတ်မြောက် ဖို့ ရော ဒီစနစ်
ဆိုး ကို ရော တိုက် ဖျက် ဖို့ လို နေပြီ ဟု ပြောသည်။
ရန်ကုန် မြို့  မှ တပ်မတော် အငြိမ်း စား အရာ ရှိ ဟောင်း တစ်ဦး က မူ ” ကျွန်တော် မြင် တယ်
နိုင်ငံရေး အကျဉ်း သား ပြန်လွှတ် မပေး လို့  ကတော့ အနှေးနဲ့  အမြန် လူထု လှုပ်ရှား မှု တွေ
ဖြစ် လာမှာ ပဲ ” ဟု ဆို သည်။
အကျဉ်းထောင် ထဲ တွင် ဖမ်းဆီး ခံထား ရသည့် နိုင်ငံရေး လှုပ်ရှား သူများ ၏ မိဘ နှင့် မိသား
စု ၀င်များ ကလည်း အပတ်စဉ် တွေ့ ဆုံ မှု ပြု ကာ အစီအစဉ် တစ်ခု ချမှတ် မည် ဟု သတင်း
ရရှိသည်။
