ကချင် လွတ်မြောက် ရေး တပ် မတော် (KIA) က လာဆာ ရေအားလျှပ် စစ် နှင့် တာပိန်
ရေအား လျှပ် စစ် စီမံ ကိန်း တို့  တွင် တာဝန်ထမ်းဆောင် နေသည့် တရုတ်နိုင်ငံ သား အ
လုပ်သမား များ နှင့် ပညာ ရှင် များ အား အကျပ် ကိုင် ခြိမ်းခြောက် မှု များ ပြုသည် ဟု
ယနေ့  စစ်အစိုးရ အာ ဘော် သတင်း စာများ တွင် ရေးသား ဖော်ပြထားသည်။
ဇွန်လ ၈ ရက် နေ့ က ဗန်းမော် ခရိုင် မန်စီ မြို့ နယ် လုံခြုံရေး ရဲ ကင်း ကို ၀င်ရောက် ပြီး ရဲ
တပ်သား တစ်ဦး နှင့် အရပ် သား တစ်ဦး ကို ဖမ်းဆီး သွား သည် ဟု လည်း ဖော် ပြထား
သည်။
KIA အဖွဲ့  ၏ နှောင့် ယှက် မှု များ ကြောင့် တရုတ် ကုမ္ပဏီ DUHD မှ ၀န်ထမ်း ၂၁၅ ဦးတို့ 
သည် ၎င်း တို့ ၏ နိုင်ငံ အား ပြန်လည် ထွက် ခွာ သွား ကြ၍ ဇွန်လ ၁၄ ရက်နေ့ တွင် ၆၀
မီဂါ ဟတ်(ဇ) ရှိ စက် လေး လုံး ကို ရပ် နား ခဲ့ရသည် ဟု ဆိုသည်။
တရုတ် ၏ ရင်း နှီးမြုပ် နှံ မှု ဖြင့် လာရောက် တည် ဆောက် ထားသည့် တာပိန် ရေအား
လျှပ် စစ် စက်ရုံ အနီး တွင် KIA တပ် များ စခန်း ချထား သည် ကို မနှစ် မြို ခြင်း ကြောင့်
အဆိုပါ စစ် ပွဲ ကို နအဖ က တစ်ဖက် သတ် ဆင် နွှဲ ခြင်း ဖြစ်နိုင်ကြောင်း မြစ် ကြီးနား
တက္ကသိုလ် မှ ပညာရေး ၀န်ထမ်း တစ်ဦး က ပြောသည်။
KIA သည် သံပေါင် ဘေလီ တံတား နှင့် သံကူကွန် ကရစ် တံတား ၂၅ စင်း ကို လည်း
မိုက် ခွဲ ဖျက်ဆီး လိုက် သည် ဟု ဖော်ပြထားသည်။
မြန်မာ စစ်တပ် သည့် KIA နှင့် စစ်ဖြစ်ပွား ရာ တွင် သတင်း ပေါက်ကြားမှု များ ရှိပြီး
KIA ဌာနချုပ် လိုင်ဇာ က အရေးကြီး သည့် စစ်ရေး လှုပ်ရှား မှု သတင်း များ ကို အမေ
ရိကန် ဒေါ်လာ ငါးသောင်း မှ တစ်သိန်း ထိပေး ၀ယ် သည် ဟု နေပြည်တော် ကာကွယ်
ရေး ၀န်ကြီး ဌာန မှ အရာ ရှိ တစ် ဦး က FNG သို့  ပြောသည်။
ထိတွေ့ မှု များ ကြောင့် ကချင် ဒေသခံ တစ်သောင်း ကျော် တရုတ် နိုင်ငံ ဘက်ခြမ်း သို့ 
ထွက်ပြေး ခိုလှုံရသည်။
အမေရိကန် နဲ့  တရုတ် နိုင်ငံ က တိုက် ပွဲ များ တွင်နှစ် ဘက် စလုံး ထိန်းထိန်းသိမ်း သိမ်း
ရှိ ဖို့ မနေ က တိုက် တွန်း ခဲ့သည်။
ယနေ့ နောက် ဆုံး ရရှိသည့် သတင်းများ အရ ကချင် ပြည်နယ် လုံးဆိုင် ရာ ကြံ့ဖွတ် တာဝန်
ခံက KIA နဲ့  ဆွေးနွေး ဖို့  ညှိုနိုင်း သည် ဟု သတင်း ရရှိသည်။
