ငြိမ်းချမ်းရေး သာ အလို ရှိ သည် ဟု ဒေါ်အောင်ဆန်းစုကြည် မွေး နေ့ အမှာ စကားပါး

Updated၊       ၊မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ ဇွန်လ ၁၉ ရက်နေ့ တွင် ကျရောက်
သည့် သူမ ၏ အသက် ၆၆ နှစ် ပြည့် မွေး နေ့  အခမ်းအနား ကို ပါတီ ဌာန ချုပ် ရှိ ရာ ဗဟန်း မြို
နယ် ရွှေ ဂုံ တိုင် ဉ် ကျင်းပရာ သူက မွေး နေ့ ဆုတောင်း အဖြစ် “ငြိမ်းချမ်းရေး ကို သာ အလို ရှိ
သည်” ဟု ပြောကြား ခဲ့သည်။

“ကျမကို မွေးနေ့ဆုတောင်း ဘာလိုချင်လဲ ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့၊
အေးအေးဆေးဆေးနဲ့၊ သာသာယာယာနဲ့၊ ဝဝပြောပြောနဲ့ နေနိုင်ဖို့ … အဲဒီတော့ နိုင်ငံတနိုင်ငံဟာ
တိုးတက်ဖို့ သာယာဖို့ ဆိုတာ ပထမဦးဆုံးတော့ ငြိမ်းချမ်းဖို့ လိုပါတယ်။ အဲဒီတော့ ကျမရဲ့ မွေးနေ့
ဆုတောင်းကတော့ ကျမတို့ အားလုံး ငြိမ်းချမ်းကြပါစေ ဆိုတဲ့ ဆုတောင်းပါပဲ”

နိုင်ငံ တွင်း စတင် ပေါ် ပေါက် နေ သည့် ပြည်တွင်း စစ်သဖွယ် စစ်ပွဲ  များ အား သူမ က ပြီးပျောက် စေ
လို သည့် ဆန္ဒရှိ ပြီး ထို စစ်ပွဲ များ ၊ချုပ် ငြိမ်းရေး နှင့် အမျိုး သားရင် ကြား စေ့ ရေး အတွက် အား လုံး
ပါဝင် ဆောင် ရွက် ရန် တိုက် တွန်း ထား သည်။

ဆယ် စု နှစ် တစ် ခု နီးပါး အတွင်း ပထမ ဦးဆုံး အကြိမ် လွတ် လပ် စွာ ကျင်း ပခွင့် နိုင် သည့် ဒေါ်
အောင်ဆန်းစုကြည် ၏ မွေး နေ့ အခမ်း အနား တွင်သားဖြစ် သူ ကိုထိန်လင်း (Kim Aris) လည်း အင်္ဂလန် နိုင်ငံ
မှ ရောက် ရှိ လာပြီး မိခင် ဖြစ်သူ ၏ မွေး နေ့  အခမ်းအနား သို့  တက် ရောက် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ် ပြည့် မွေး နေ့  အခမ်းအနား ကို လန်ဒန်၊ သြစတေးလျှ၊ မလေးရှား၊
စင်္ကာပူ၊နော်ဝေ၊ ထိုင်း ၊ အမေရိကန် နဲ့  ပြင်သစ် နိုင်ငံ များ တွင် ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ တက္ကသိုလ် ရိပ်သာလမ်း နေအိမ် တွင် ကျင်းပသည့် ဇွန်လ ၁၉ ရက်နေ
့မွေးနေ့ ပွဲ မှာ ဓာတ်ပုံများ အား မြန်မာ လူမှုရေး ထူးချွန်သူ နှင့် ရုပ်ရှင် သရုပ်ဆောင် ကျော်သူ ၏ ဖေ့ဘွတ် စာမျက် နှာတွင် ကြည့်ရန်

ဒေါ်အောင်ဆန်းစုကြည် ၏ မွေး နေ့ အခမ်းအနား ကို ကျင်းပရာ  သြစတေးလျှ နိုင်ငံ တွင် ယခင် ၀န်
ကြီးချုပ် ဟောင်း နှင့် လက်ရှိ နိုင်ငံ ခြားရေး ၀န်ကြီး ဖြစ်သူ ၏ ဇနီး နှင့် အာဏာရ ပါတီ မှ လွှတ်တော်
အမတ် များ တက်ရောက် ခဲ့ကြသည်။

အင်္ဂလန် နိုင်ငံ နယူကာဆယ် မြို့ ၏ မြို့ တော် ကောင်စီ က ဒေါ်အောင်ဆန်း စုကြည် အား ဂုဏ်ထူးဆောင်
မြို့ သူ ဆု ချီးမြှင့် ရာ Burma Campaign U.K မှာ မဝေနှင်းပွင့် သုန် က တက် ရောက် လက်ခံ ရယူခဲ့သည်။
(ဗီဒီယို တွင် ကြည့် ရှုရန်)


Aung San Suu Kyi

2 thoughts on “ငြိမ်းချမ်းရေး သာ အလို ရှိ သည် ဟု ဒေါ်အောင်ဆန်းစုကြည် မွေး နေ့ အမှာ စကားပါး

  1. peace not come with free
    to get peace need sacrifice and hard work sometime war against monster people

    read history about second world war , how they have altogether make war to get peace

  2. Every body need peace as Daw Suu but if you need it,need to have Demo-Human rights on recocilation and so,need to try to get Demo-Human rights and if you got Demo-Human rights,will become reconcilation and then peace too.

Comments are closed.