BGF များ ကို စစ်အစိုးရ ကတိဖျက်

ဇွန်လဆန်း ပိုင်း ကတည်း စတင်၍ မြန်မာ နိုင်ငံ မြောက် ပိုင်း တရုတ် နိုင်ငံ အနီး တွင် အခြေစိုက်
သည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်
မြောက်ပိုင်း တိုင်း စစ်ဌာချုပ် မှ ကချင်ပြည်နယ် အတွင်း ရှိ နယ်ခြား စောင့်တပ် အဖြစ် ပြောင်း
လဲ လိုက် သည့် ယခင် နယ်ခြားစောင့် တပ်များ အား တိုက် ပွဲ ဖြစ်ပွား ရာ ရှေ့ တန်း စစ်မျက်နှာ သို့  အတင်း အဓမ္မရွှေ့ ပြောင်း နေရာ ချထား မှု များ ရှိ သည် ဟု FNG
မှ စုံစမ်း သိရှိရသည်။

မြန်မာ စစ်တပ် လက်အောက်ခံ ဖြစ်သည့် နယ်ခြား စောင့် တပ်ဖွဲ့  အဖြစ် အသွင် ပြောင်း ခဲ့ သည့်
ဒီမိုကရေစီ သစ် တပ် မတော် (ကချင်) NDA-K တပ် ဖွဲ့  ၀င် များ လက်ရှိ စစ်ဖြစ်ပွားရာ KIA
တပ် ရင်း ၁၅ အခြေစိုက်ရာ ဆန်ဂန် နှင့် မိုးမောက်ကြား သို့  ပြောင်း ရွှေ့ အခြေစိုက် ခိုင်း သည်
ဟု သိရသည်။

ထိုင်း နိုင်ငံ ဘန်ကောက် မြို့  တွင် ပညာ သင်ယူ နေသည့် NDA-K အရာရှိ တစ်ဦး ၏ သမီး
ဖြစ်သူ မ အယ်(လ)ဇခွန်ဝါ က FNG သို့ ပြောရာတွင် ” တနင်္လာနေ့ က မြောက် ပိုင်း တိုင်း
တိုင်း မှုး က အကြောင်း ကြားထားတာ စစ်တပ် ဘက်က ဗိုလ်မှုး အောင်တိုး  ကျသွား ပြီး က
တည်း က ၊ အရင် ကန်ပိုက် တီး ဘက် မှာ အခြေစိုက် ထားတဲ့ NDA-K တပ် တွေ မိုးမောက်
ဘက် ကို ရွှေ့ ရမယ် ဟု ပြောသည်။

မြန်မာ စစ်တပ် ၏ ဆက်သွယ်ထောက်ပံ့ရေး အတွက် အဓိက ကျသည့် လော့ဂျစ်စတစ် လမ်း
ကြောင်း များ ဖြစ်သည့် KIO ဌာန ချုပ် ကို ၀ိုင်းရံ နိုင်သည့် တံတား ကြီး သုံး စင်း ကို ချိုး ပစ်
လိုက် သည် ဟု KIA တပ်ဖွဲ့  က အတည် ပြု ပြောကြားသည်။

ယမန်နေ့ က ချိုး ပစ် လိုက် သည့် မဟာ ဗျူ ဟာ မြောက် တံတား များ တွင် မြစ်ကြီးနား-လိုင်ဇာ
လမ်းပေါ် ရှိ ပေ ၁၀၀ ကျော် အရှည် ရှိ သည့် တစ်တားကြီး တစ်စီး ကို လည်း ချိုး ပစ် လိုက် နိုင်
သည်။

သီတင်း နှစ်ပတ် အတွင်း သို့  ချဉ်းနင်း ၀င်ရောက် လာပြီ ဖြစ်သည့် တိုက် ပွဲ များ ကြောင့် ဒေသခံ
ကချင် ပြည်သူများ သည် အိမ် နီးချင်း တရုတ် နိုင်ငံ အတွင်း သို့  စစ်ပြေး ဒုက္ခသည် များ အဖြစ်
ဝင်ရောက် ရှောင် တိမ်း ကျရသည် ဟု တရုတ် လွယ်ဂျယ် မြို့ တွင် ကုန်သည် အဖြစ် အသက်မွေး
ဝမ်းကျောင်း ပြု နေသည့် ကိုမြင့်ဦး က ပြောသည်။

အချို စစ်ပြေး ဒုက္ခသည် များ မှာ မူ KIA ဌာနချုပ် ရှိရာ လိုင်ဇာ မြို့ တွင် သွား ရောက် ခို လှုံ ရသည်
ဟု ကချင် KIA တာဝန်ရှိ သူများ က FNG သို့ ပြောသည်။

(ကချင် လွတ်မြောက် ရေး တပ် မတော် နှင့် မြန်မာ စစ်တပ် တို့ ၏ ထိတွေ့ မှု များ ကို Freedom
News Group ) မှ ယနေ့  မှ စတင် ကာ အချိန် နှင့် တပြေးညီ ဖော်ပြ သွား မည် ဖြစ်ပါသည်။

ကချင် ပြည်နယ် အတွင်း တိုက်ပွဲ များ ကြောင့် ကချင် ပြည်နယ် ၏ မြို့ တော် ဖြစ်သည့် မြစ်ကြီးနား
တွင် လုံခြုံရေး ထူထပ် စွာ ချထား ပြီး ယခင် NDA-K ခေါင်း ဆောင် များ ဖြစ်သည့် ဦး ဇခုန် တိန့် 
ယိန်း အပါအ၀င် အခြား နှစ် ဦး ကို လည်း နေအိမ် အကျယ် ချုပ် များ ချား ထား သည် ဟု
လန်ဒန် မြို့  ဘီဘီစီ မှ ထုတ်လွှင့် သွား ခဲ့သည်။

အဆိုပါသတင်း နှင့် ဆက်စပ် သည့် (သို့ မဟုတ်) တိုးတက် ဖြစ်ထွန်း သည့် သတင်း များ ကို
freedomnewsgroup@gmail.com သို့  ပေးပို့  နိုင်ပါသည်။

Map of Kachin State

2 thoughts on “BGF များ ကို စစ်အစိုးရ ကတိဖျက်

  1. hello, my dear freedom news group,
    I cannot read well all the news in myanmar fort.
    it cannot appear clearly although in the recents months, could do clearly in myanmar font.
    Can you help me?
    THanks a lot !

  2. This is a time to for Burma people to persuade Burma army to join with KIA and fight for justice and end dictatorship , i hope it is become like a Libyan country. but the rest of NLD party and the rest of Burma people should involve in such case to Build a really democracy country
    fight for justice without hate
    Hail to the KIA

Comments are closed.