ဝန်ကြီးချုပ်သား လူသတ်မှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံရ

DK၊          ၊ပါပူအာနယူးဂီနီနိုင်ငံတွင် ခေတ္တ၀န်ကြီးချုပ်ဖြစ်သူ ဆမ်အဘားလ် (Sam Abal) ၏
နေအိမ်တွင်အမျိုးသမီးတဦးအသတ်ခံရ၍သေဆုံးခဲ့ပြီး ၄င်းဖြစ်ရပ်နှင့်ဆက်စပ်ပြီး ဆမ်အဘား
လ်၏ သားဖြစ်သူ တြိုအဘားလ် (Teo Abal) အား ပို့တ်မော်ရက်စ်ဘီဟော်တယ်၌ အင်္ဂါနေ့ညတွင်
ရဲတပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပါပူအာနယူးဂီနီရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ရဲမင်းကြီးတိုနီ
ဝါဂမ်ဘီ (Tony Wagambie) မှ သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

ပါပူအာနယူးဂီနီခေတ္တ၀န်ကြီးချုပ် ဆမ်အဘားလ်၏မွေးစားသား တြိုအဘားလ် (၂၁နှစ်) သည်
ဝန်ကြီးချုပ်နေအိမ်၌ပင် အတူတကွနေထိုင်သူဖြစ်သည်။ ၀န်ကြီးချုပ်နေအိမ်တော်စောင့်တဦးမှ
အမျိုးသမီး၏အလောင်းအားစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၄င်းမှ တြိုအဘားလ်နှင့်အသတ်ခံရသူအမျိုး
သမီးတို့ လွန်ခဲ့သည့်တနင်္လာနေ့တွင် ၀န်ကြီးချုပ်ဆမ်အဘားလ် နေအိမ်ပြင်ပရောက်ရှိနေစဉ်အချိန်၌
ခြံတံခါးဖွင့်ဝင်ရောက်လာ၍ ခြံတွင်းရှိ ငှက်ပျောဥယျာဉ်သို့ အတူတကွဝင်ရောက်သွားသည်ကို တွေ့ရှိ
ခဲ့ကြောင်း၊ မိနစ် ၂၀ ခန့်ကြာသောအခါ အမျိုးသမီး၏အော်သံကြားခဲ့ရပြီး ထို့နောက် တြိုအဘားလ်ပြန်
ထွက်လာပြီး အမျိုးသမီးအားသတ်ဖြတ်ခဲ့ကြောင်းပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင်
ဖေါ်ပြထားခဲ့သည်။

သေဆုံးသူအမျိုးသမီး၏ လည်မျိုအား မီးဖိုချောင်သုံးဓားနှင့်လှီးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အထက်တန်းရဲအရာရှိ ဒေါမနစ်ကာကတ်စ် (Dominic Kakas) မှ
သေဆုံးသူသည် ပို့တ်မော်ရက်စ်ဘီဟော်တယ်မှဝန်ထမ်းတဦးဖြစ်ကြောင်းနှင့်  တြိုအဘားလ်
သည်မိမိသဘောဆန္ဒအလျောက်လူသတ်မှုဖြင့်တရားစွဲဆိုခံထားရ၍ သောကြာနေ့တွင်စတင်
တရားရင်ဆိုင်ခဲ့ရပြီး ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရနိုင်သည်။

ခေတ္တ၀န်ကြီးချုပ်ဆမ်အဘားလ်မှ ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုအတွက် အပြည့်အ၀ပူးပေါင်းဆောင်ရွက်
မည်ဖြစ်ပြီး၊ ၄င်း၏မိသားစုဝင်ဆိုသော်ငြားလည်း အများပြည်သူနှင့်တန်းတူ တရားဥပဒေအတိုင်းသာ
အရေးယူရမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင်ဖေါ်ပြခဲ့သည်။

ခေတ္တ၀န်ကြီးချုပ်ဆမ်အဘားလ်သည် ကျန်းမာရေးချို့ယွင်းမှုကြောင့်နှင့် ၀င်ငွေပမာဏဖေါ်ပြရန်
ပျက်ကွက်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံနေရသည့် ပါပူအာနယူးဂီနီဝန်ကြီးချုပ်ဟောင်းဖြစ်
သူ ဆာမိုက်ကယ်ဆိုမဲရ် (Sir Michael Somare) ယမန်နှစ်ဒီဇင်ဘာလတွင် တာဝန်မှအနားယူသွား
ခဲ့သည့်အတွက် လစ်လပ်ဝန်ကြီးချုပ်ရာထူးအား ဆက်လက်တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။

သြစတြေးလျနိုင်ငံနှင့်မလှမ်းမကမ်း ပစိဖိတ်တောင်ပိုင်းရှိ လူဦးရေအများဆုံးသောကျွန်းနိုင်ငံဖြစ်သည့်
ပါပူအာနယူးဂီနီသည် သမိုင်းကြောင်းအရ နိုင်ငံရေးတည်ငြိမ်မှုမရှိပဲ အကျင့်ပျက်ခြစားမှုများ၊ ဆွေမျိုး
သင်္ဂဟကောင်းစားရေးဝါဒကျင့်သုံးမှုများ ရှိနေသည်ဟု ကျော်စောသည်။

Ref: Son of Papua New Guinea’s leader charged with murder (The Telegraph)