လူထု အုံကြွမှု ကိုရှောင်လွှဲ ရန် ပြည်တွင်း စစ် ဖန်တီး နိုင်
Updated၊         ၊ကာကွယ် ရေး ၀န်ကြီး ဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး
(ကကပြည်)မှ အကြီး တန်း အရာ ရှိ တစ်ဦး အား လတ်တလော မြန်မာ နိုင်ငံ တွင် ဖြစ်ပေါ်
ပုံ သဏ္ဍန် ၊ ပြည်တွင်း စစ်ပုံ သဏ္ဍန် ဖြစ်နိုင် မှု နှင့် ထို ဖြစ်စဉ် များ ၏ ရည်ရွယ် ချက် တို့ 
ကို FNG မှ မေးမြန်း ထား ခြင်း ဖြစ် ပါသည်
FNG၊           ၊လက်ရှိ ကချင် ၊ ကရင် နဲ့  ရှမ်း ဒေသ အချို့ တွေ မှာဖြစ်ပွား နေတဲ့ စစ်ပွဲ တွေ က
ပြည်တွင်း စစ် အထိ ဖြစ်သွား နိုင်သလား ခင်ဗျား ဗိုလ်မှုး တို့ ရဲ့  ထင်မြင် ချက် ကို ပြောပါအုံး။
ဗိုလ်မှုး၊        ၊ပြည်တွင်း စစ်အထိ မဖြစ် နိုင်ပါဘူး ၊ မြန်မာ့ တပ်မတော်မှာ လက်နက်ကိုင် အုပ်
စု ငါးခု လောက် ကို တစ်ချိန် တည်း တစ်ပြိုင် တည်း မှာ အမြစ် ပြတ် ချေမှု န်း လို့ ရတယ် စွမ်း
ရည် ရှိ ပါတယ်။အဲ လို ချေမှုန်း လို့ ရ နိုင် လောက် တဲ့ ဗျူဟာ ကို လည်း ၂၀၀၅ လောက် ကတည်း
က အပြီးရေး ဆွဲ ပြီး လိုအပ်တဲ့ လက်နက် ၊ အင်အား နဲ့  ထောက်ပံ့က အစ အကုန် စီစဉ် ထားပါ
တယ်။ တစ်ခု သတိရ ဖို့ ကတော့ ကျွန်တော်တို့ က လေတပ် ကို မသုံး သေး ဘူးဆို တာပါပဲ။
FNG၊            ၊အခုလို စစ်ပွဲ တွေ ဖြစ်လာ တာ ဟာ သွေး ရိုး သား ရိုး လား ဒါမှ မဟုတ် တစ်ဖက်က
သော် ၎င်း နှစ်ဖက် လုံး ကသော် ၎င်း မရိုးသား တာလား။
ဗိုလ်မှုး၊          ၊ကျွန်တော်က တော့ အတွင်း ကျကျ မသိပါဘူး။ ထိပ် ပိုင်း မှာ ဘယ် လို အစီအစဉ် ချ
လဲ ဆိုတာ ၊ဒီနှစ် ဆန်း မှာ အီဂျစ် တို့  ဘာရိန်း တို့ မှာ လူထုအုံကြွမှု တွေ စလာ တဲ့ အခါ ဗိုလ်ချုပ်မှုး
ကြီး နဲ့  အခြား အရာရှိ တွေ အယောက် ၅၀ လောက် နေ့ ရော ညပါ အစည်း အဝေး ထိုင်ကြတဲ့ အခါ
မြန်မာ နိုင်ငံမှာ လည်း လူထု အုံကြွှမှု ဖြစ်လာ နိုင်တယ် လို့  အဖြေထွက် ပါတယ်။ ဒီရလာဒ် ကို ရှောင်
လွှဲ ဖို့  အတွက် သူတို့  အစိုးရ Shift လုပ် ဖို့  လို တယ် လို့  ထပ် စဉ်းစား မိတယ့် အခါ မှာ အခု ခင်ဗျား
တို့ သိတဲ့ ဦးသိန်းစိန် က သမ္မတ ဖြစ်လာတယ်။ နောက် ဧပြီလဆန်း မှာ စစ်ကောင်စီ က ဦးသိန်းစိန်
တို့  မပါ တော့ ဘဲ နဲ့  လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် အစည်း အဝေး ထိုင်တဲ့ အခါမှာ ဒါ
ကို ရှောင် လွှဲ နိုင် ဖို့ အတွက် သူ့ ထက် ပို မာမယ့် Hard Power တစ်ခု နဲ့  အာရုံ လွှဲ ဖို့ လုပ်တယ်။ အခု
တိုက်ပွဲ တွေ ဟာ ဒီ Hard Power ကစား တာရဲ့  ရလဒ်ပဲ။ဘာဖြစ်လို့  ဒီလမ်း ကို ရွေးလဲ ဆို တော့
မြန်မာ့ တပ် မတော် ရဲ့  အင်အား ဟာ နယ်စပ် တိုင်း ရင်း သား အဖွဲ့ တွေ ကို ကောင်းကောင်း ထိမ်း
နိုင် ပါတယ်။ ပြည်တွင်း မှာ ဖြစ်တော့ ပြည်တွင်း စစ်ပေါ့။ ဒါပေမယ့် တောကြို အုံ ကြား စစ်ပွဲ ပေါ့။
ဒီနေ ရာ မှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က မြန်မာလူမျိုး တွေ အကြောင်းကို ကောင်းသိပါတယ်။ အဲ
ဒါက မြန်မာ လူမျိုး တွေ ဟာ အချိန် ကိုက် Timming ကိုက် လှုပ်ရှားတာ အားနည်း တယ် ဆိုတာပါ
ပဲ ၊ တစ်နေ ရာ မှာ တစ်ခုခု ဖြစ်ရင် နောက် တစ်ယောက် က ထိုင် ကြည့် နေတာ ပါပဲ။ သူတို့ လဲ စနေ
ပြီ ငါတို့ လဲ စဆို့  ဆိုတာ မရှိ ပါဘူး ။ စစ်ဖြစ် ရင် အရပ်သား က ပွဲ ကြည့် သလို ထိုင် ကြည့် မယ်။ အရပ်
သား တွေ ဖြစ်ရင် လက်နက်ကိုင် အုပ် စု တွေ က ထိုင် ကြည့် မယ်။ နှစ်ဖက် က ခေါင်းဆောင် စလုံး
မှာ အားနည်း ချက် ကတော့ လူထု ခေါင်းဆောင် ဟာ လက်နက် ကိုင် တိုက် ပွဲ တွေ နဲ့  ဝေးဝေးနေ
ရမယ်။ လက်နက် ကိုင် ခေါင်းဆောင် တွေ ကလည်း လူထု ဒါမှ မဟုတ် ၊ မြေပြန့်  က ကိစ္စတွေ က
ငါတို့ နဲ့  မဆိုင် ဆိုတဲ့ မူတွေရှိတယ်။  အခု ဒီ ဗျူဟာ က လည်း ဒီစဉ်းစားပုံ ကို ကျကျနန သိထားတဲ့
လူက Hard Play ကစားသွားတာပဲ။ နိုင်ငံတကာမှာ လည်း ဒီပုံ အတိုင်းပဲ ၊ အခု တရုတ် လဲ ပြည်
တွင်း မငြိမ် မသက် တာတွေ ကို အာရုံလွှဲ ချင်တဲ့ အခါ ကျတော့ တုံကင်း အနား ကို ရေတပ်လွှတ်
ပြီလေ…..
နောက် တစ်ချက် ကတော့ အတိုက်အခံ တွေ အတွင်း မှာ စစ်ကို မကြိုက်တာနဲ့  ကြိုက်တာ ရှိတယ်
လေ။ စစ်မီး နဲ့  အတူ ငါတို့ လဲ ပြိုင် တူ တောက် မယ် ဆိုတာ က မရှိ သလောက် ပဲ ။
FNG၊         ၊ ဒါဆို …. ဗိုလ်မှုး ပြောသလို ဒီတိုက် ပွဲ တွေ ကြောင့် ….ပြည်တွင်း မှာ လူထုအုံကြွမှု မဖြစ်
နိုင် တော့ ဘူး လို့  ဆိုလို ချင်တာပေါ့။
ဗိုလ်မှုး၊      ၊ နေပြည်တော်က တော့ လူထု အုံကြွှမှု ကို မဖြစ် အောင် လုပ် ဖို့ ကို အစီအစဉ် ရှိတယ်။ ဥ
ပမာ လူထု အုံကြွှမှု ဖြစ်မယ်ပေါ့။ ဒါ ဆို လက်ရှိ တိုက် ပွဲ တွေ က Version ပြောင်းသွား နိုင်ပြီး တခြား
Alternative Strategy တွေ လည်း ၀င်လာ နိုင်ပါတယ်။ Unpredictable ပေါ့။
FNG၊        ၊ တကယ် လို့  လူထု အုံ ကြွှမှု ဖြစ်လာ ခဲ့ ရင် လစ်ဗျား ပုံ စံ ဖြစ်သွား နိုင်သလား ။
ဗိုလ်မှုး၊     ၊ ဒါတွေက လူထု အုံကြွှမှု အားကောင်း လာ မှ သာ ထပ်ပြီး စဉ်းစားလို့ ရမှာ ၊ ဘယ်သူ
မှာ အရှုံးဖက် မှာ မရပ် ချင် ကြဘူး၊ အရမ်း ပြင်းထန် လာတယ် ဆိုရင် တော့ အောက်ခြေစစ်သား
မပြောနဲ့  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တောင် ပါချင် ပါမှာ……(ရယ်လျှက် )
FNG၊           ၊နယ်စပ် လက် နက် ကိုင် တွေ ကို တော့  မြန်မာ့ တပ် မတော့က ကောင်းကောင်း  ထိမ်းထား
နိုင်တယ် လို့  ဗိုလ်မှုး ပြောတယ် နော်။ ဒါဆို လူထု အုံကြွှ မှု ကို ရော။
ဗိုလ်မှုး၊         ၊အဲဒါက တော့ ဗိုလ်ချုပ်မှုးကြီး သန်း ရွှေပဲ သိမယ်။ လက်နက် ကိုင် တွေ ကို ထိမ်းနိုင်လား
လူထု ကို ပိုထိမ်း ထား နိုင်လား၊ ကျွန်တော် တို့ မှာ တော့ ခေတ် အဆက်ဆက် ထိမ်းခဲ့တဲ့ အတွေ့ အကြုံ
တော့ ရှိတယ်။ ဒါပေမယ့် ခောတ် ကတော့ ပြောင်း သွား ပြီ ၊ နေပြည်တော် မှာ အားသားချက်ကတော့
အာရပ် က အစိုးရ တွေ ဘာကြောင့် ပြုတ် သွား တယ် ဆိုတဲ့ အတွေ့  အကြုံ တော့ ကောင်းကောင်းရတယ်
တစ်ဖက် မှာလည်း ပြည်သူတွေ ကလည်း အစိုး ရ ကို ဘယ်လို ဖြုတ် ချရလဲ ဆိုတာ ကောင်း ကောင်း
မြင်ခဲ့ကြရတယ်။ အားလုံး က 50၊ 50 ပါပဲ၊
FNG၊            ၊ အခုလို ပြောကြားပေးတယ့် အတွက် ကျေးဇူး တင်ပါတယ်။
3 thoughts on “လူထု အုံကြွမှု ကိုရှောင်လွှဲ ရန် ပြည်တွင်း စစ် ဖန်တီး နိုင်
  1. ( မြန်မာ လူမျိုး တွေ ဟာ အချိန် ကိုက် Timming ကိုက် လှုပ်ရှားတာ အားနည်း တယ် ဆိုတာပါ
    ပဲ ၊ တစ်နေ ရာ မှာ တစ်ခုခု ဖြစ်ရင် နောက် တစ်ယောက် က ထိုင် ကြည့် နေတာ ပါပဲ။ သူတို့ လဲ စနေ
    ပြီ ငါတို့ လဲ စဆို့  ဆိုတာ မရှိ ပါဘူး ။ စစ်ဖြစ် ရင် အရပ်သား က ပွဲ ကြည့် သလို ထိုင် ကြည့် မယ်။ အရပ်
    သား တွေ ဖြစ်ရင် လက်နက်ကိုင် အုပ် စု တွေ က ထိုင် ကြည့် မယ်။ ) သိပ်ဟုတ်တာပေါ့ .. မြန်မာတွေရဲ့အကျင့်က ဘယ်နိုင်ငံကို ဘယ်နှစ်ယောက်ဘဲ ရောက်ရောက် ဒီသောက်ကျင့်ကတော့ ၉၅ ရာခိုင်နှုံးရှိကြတယ် … နှစ်ယောက်သွားရင် နှစ်အုပ်စု ဖြစ်သွားတယ် … ဒါကြောင့်လဲ ကမ္ဘာမှာ သွေးခွဲဖို့ အလွယ်ကူဆုံး လူမျိုးဟာ မြန်မာ တွေပါဘဲ ..
  2. ဒီမှာ စစ်ဗိုလ်အားလုံးက ငတုံးချည့်ဘဲ…သေတွင်းထဲပို့လိုက်တာမသိဘူး…ဘယ်ဘက်ကိုပြောင်းလှည့်သင့်လဲ
    မစဉ်းစားတတ်ဘူး…ထွက်ပေါက်ကို ရှေ့တန်းမှာ သုံးမယ်…တွေ့ရာ ဓါးပြတိုက်မယ်..သတ်မယ်ဖြတ်မယ်….
    စဉ်စားတဲ့ ဗိုလ်ချုပ်ကြီးတွေက ဒီလိုဖြစ်မှ သူတို့ ဥစ္စာ ပစ္စည်းတည်မြဲမယ်….ဒီလိုအခြေအနေမှာ မြို့တွေ လူစည်ကားတဲ့ နေရာတွေကို ဗုံးခွဲမယ်…ဒေါ်စုကို ကြိုးရှည်ရှည်လှန်ပီး..အသာလေး ဟထားမယ်….ဒါတွေ
    အားလုံး ဗိုလ်ချုပ်မှူးကြီးရဲ့နောက်ကွယ်က စီမံချက်တွေပါ….
  3. ဗိုလ်ချုပ်မှူးကြီးပြောနေကျ စကားရှိတယ်..စစ်တပ်ဆိုတာ အလုပ်ပေးထားရတယ်ကွ…ဘာလုပ်စရာမရှိယင်
    တပ်ပြနာဖြစ်တော့ မင်းတို့ကိုငါပြောသားဘဲလုပ်တယ်….ဒီတော့ တစ်ချက်ခုတ် သုံးချက်ပြတ်နည်းလုပ်တယ်..
    တစ်…ထောင်ထဲက ခိုးဆိုးဓါးပြ လူသတ် မုဒိန်းကောင်တွေကို လွှတ်လိုက်တယ်…အပြင်မှာလုပ်ချင်တာလုပ်ဆို
    လုပ်လိုက်တာ…နှစ်က အပြည်ပြည်ဆိုင်ရာနဲ့ ငတုံးဘန်ကီမွန်းကို ထောင်သားလွှတ်တယ်ဆို လုပ်လိုက်တယ်..
    သုံး…စစ်တပ် ရဲကို အလုပ်ပေးလိုက်တယ်….နောက်ဆုံး စစ်တပ်ကို အလုပ်ပေးတာကတော့ တိုင်းရင်းသားအရေးနဲ့ ကစားလိုက်တယ်….ပြသနာတက်တဲ့ တပ်ရင်းအားလုံး သတ်ကွင်းထဲပို့လိုက်တယ်…စစ်သ
Comments are closed.