ရန်ကုန် ရေကြီး၊ပဲခူး မြစ် ရေလျှံ

သီတင်း တစ်ပတ်နီးပါးကြာ နေ့ စဉ် ရွာ သွန်း နေ သော မိုး ကြောင့် ရန်ကုန် မြို့ အနိမ့် ပိုင် နေရာ
များ တွင် မြစ်ထွက် ပေါက် များ ပိတ် ကာ ရေမြောင်း များ ပိတ် ဆို့ ၍  ရေကြီး မှု များ ဖြစ်ပေါ်
နေသည်။ အလုံ၊ မင်္ဂလာ တောင် ညွှန့် ၊ဗိုလ်တထောင် နှင့် တောင်ဥက္ကလာ ပ မြို့ နယ် များ တွင်
မော်တော်ကား များ သွား လာမှု ရပ်တန့် ကုန် သည် အထိ လမ်း မများ ပေါ် တွင် ရေလျှံ သည်
ဟု သတင်း ရရှိသည်။

ရန်ကုန် မြို့ တွင်း ရေမြောင်းများ ပိတ် ဆို့ မှု ကြောင့် ရေကြီး မှု နှင့် ပတ် သက် ပြီး အလုံ မြို့ နယ်
နယ် နေသူ တစ်ဦးက “မိုးကတော့ သိပ် အကြမ်းကြီး မဟုတ် ဘူး ၊ ရက် ဆက် ရွာ ပြီး ဆိုတာ
နဲ့  ရေကလျှံ လာရော အခု ဆောက် လုပ် ရေး တွေ ကြောင့် ရေမြောင်း တွေ ပိတ်တာလဲ ပါ
တယ် ” FNG သို့ ပြောသည်။

ယခုနှစ် ရေမြောင်းများ ပိတ်ဆို့ မှုကြောင့် မော်တော်ကားလမ်း နှင့် လူသွား စင်္ကြန် များ ပေါ်
တွင် ရေနစ်မြုပ် မှုအား စည်ပင်သာယာက ယခင် နှစ်များ က ကဲ့ သို့  အဆောတလျှင် လာ
ရောက် ဖြေရှင်း ပေး ခြင်း မရှိ တော့ ဟု သိရသည်။

မြို့ တော် စည် ပင်က ရေကြီးမှု နှင့် ပတ်သက်ပြီး တာဝန်မယူ သည့် ပုံစံ လုပ်နေခြင်း နှင့် ပတ်
သက် ပြီး ယုဇန ပလာ ဇာ မှ ဈေးသူ တစ်ဦး က ” ကျွန်မ တို့ သိတာ က ပလတ် စတစ် ရဲ့  ဆိုး
ကျိုး ကို မြို့ တော်ဝန် သစ် က သိအောင် လုပ်တာ တဲ့ ၊ ပလတ် စတတ် သုံးရင် ဒီလို ဖြစ်မယ်
ဆို တာ ပညာပေး တယ် လို့ ပြောတယ်။ မနှစ်က ဆို ဈေးထဲမှာ ရေ၀င် ရင် ရေစုပ်စက် တွေ
နဲ့  စုပ်ထုတ် ပေးတယ်။ မြောင်း ပိတ် နေ တာ ကို ချက် ခြင်း ရှင်းတယ် ။ အခု တော့ ဒီအတိုင်း
ပဲ စည်ပင် လဲ မလာ ဘူး” ဟု ပြောသည်။

ရန်ကုန် မြို့ တော် စည် ပင် သာယာ ရေး ကော်မတီ မှ ၀န်ထမ်း တစ်ဦး က မူ ရန်ကုန် တိုင်း
ဝန်ကြီးချုပ် ၏ ခွင့် ပြု မိန့် ရမှ သာ ဆောင်ရွက် နိုင်မည် ဟု ဆိုသည်။

ယခု သတင်း ရေးနေချိန် နေ့ လည် ၂:၀၀ နာရီ တွင် ရန် ကုန် မြို့  ရာသီဥတု မှာ ပြန်လည်
ကောင်း မွန် စပြုလာ သော် လည်း အချို့ နေရာများ တွင် ရေနစ်မြုပ် နေဆဲ ဖြစ်ပြီး
နောက်ဆုံး ရ သတင်းများ အရ ပဲခူး မြစ် ရေသည် စိုးရိမ် ရေမှတ် သို့ ရောက် ရှိ နေပြီ ဟု
သိရသည်။

နောက်ဆုံး ရရှိသည့် သတင်း များ အရ ပဲ ခူး မြို့ အနီး တစ်ဝိုက် နှင့် က၀ မြို့ နယ် တွင် မြစ်
ရေလျှံမှု ကြောင့် ကျေးရွာ အချို့ ရေနစ်မြုပ် သည် ဟု သတင်း ရရှိသည်။