တရုတ် ကွန်မြူနစ် ပါတီ နှစ် ၉၀ ပြည့် မတိုင် ခင် အတိုက်အခံ တစ်ချို့ ကို ပြန်လွှတ်ပေး

ထင်ရှား တဲ့ တရုတ် လူ့ အခွင့် အရေး လှုံဆော် သူ နဲ့  အစိုးရ ဆန့် ကျင် သူ ဟူဂျာကို တနင်္ဂနွေ
နေ့ အစောပိုင်း က တရုတ် အစိုးရ က သုံး နှစ် ခွဲကြာ ထိမ်းသိမ်း ထားရာ ကနေ ပြန်လွှတ်ပေး
လိုက်တယ် လို့  စင်ဟွာ သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ထင်ရှားတဲ့ တပ်ဆင်မှု အနုပညာ ရှင် တစ်ဦး ဖြစ်သူ အိုင်ဝေေ၀ ကို လည်း
သုံးလ ကျော်ကြာ ဖမ်ဆီးထားရာက နေ ပြန်လည် လွှတ်ပေးလိုက် ပါတယ်။ တရုတ် နိုင်ငံ ရဲ့  အာ
ဏာရ ပါတီ ဖြစ်တဲ့ ကွန်မြူနစ် ပါတီ တည်ထောင် ခြင်း နှစ် ၉၀ ပြည့် မတိုင် ခင် တရုတ် အစိုးရက
ထင် ရှား တဲ့ အတိုက် အခံ တွေ ကို ပြန်လွှတ် ပေး တာ ဖြစ်ပေမယ့် ဟူဂျာ က တော့ လွတ် ရက်
စေ့ပြီး ပြန်လည် လွတ် မြောက် လာတာ ဖြစ်ပါတယ်။

လူမှုရေး လုပ်ငန်း တွေ ကိုလည်း လုပ်ဆောင် နေတဲ့ လူ့ အခွင့် အရေး လှုပ်ရှားသူ ဟူဂျာ ကို ၂၀၀၇
ဒီဇင်ဘာလ မှာ နေအိမ် အကျယ် ချုပ် အဖြစ် ဖမ်းဆီးခဲ့ပြီး ၂၀၀၈ ခုနှစ် ဧပြီလ မှာ နိုင်ငံတော်
သစ္စာဖောက်မှု နဲ့  ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဟူ ဂျာ ဟာ ဘေဂျင်း အို လံ ပစ် ပွဲ တော် ကို ပစ် တင် ဝေဖန် မှု နဲ့  တရုတ် လူ့ အခွင်း အရေး ချိုး
ဖောက်မှု တွေ ကို အချက် အလက် တွေနဲ့  တကွ နိုင်ငံခြား သတင်း ထောက်တွေ ကို ပြောပြ ခဲ့တာ
ကြောင့် ဖမ်းဆီး ထောင်ချ ခံခံ့ ရခြင်း ဖြစ်ပါတယ်။

ဟူဂျာ ကို အကျဉ်း ထောင် ကနေ ပြန်လည် လွှတ်ပေး လိုက် ပေး မယ့် တရုတ် အစိုးရက အခြားကန့် 
သတ် ချုပ်ချယ်မှု တွေ ကို ဆက်လက် လုပ်ထားဆဲ ဖြစ်ပါတယ်။ မီဒီယာတွေ နဲ့  တွေ့ ဆုံ မှု မလုပ်ဖို့ ၊
နိုင်ငံခြား ခရီးသွား ခွင့် ပိတ်ပင် တာနဲ့  ဘေဂျင်း မြို့  အပြင် ကို ထွက် လို့  မရ ဘူး ဆိုတဲ့ အခြား ကန့် 
သတ် ချုပ် ချယ် မှု တွေ ကို လတ် တလော ပြန်လွတ် လာတဲ့ သူတွေ အပေါ်  မှာ ချမှတ် ထားပါတယ်။

တရုတ် အစိုး ရ ဟာ မေလ နဲ့  ဇွန် လအတွင်း မှာပဲ လူ အခွင့် အရေး လှုပ်ရှားသူ၊ ကျောင်းသား နဲ့ ရှေ့
နေ တွေ ကို နိုင်ငံရေး လှုံဆော်မှု တွေ လုပ် နေတယ် ဆိုပြီး ဆက်တိုက် ဖမ်းဆီး ခဲ့ပါတယ်။

ဟူဂျာ ဟာ တနင်္ဂနွေ နေ့  နေ့ လည်း ပိုင်း မှာ ဘီဂျင်း က သူ့ ရဲ့  အိမ် ကို ပြန်လည် ရောက် ရှိ လာတယ်
လို့  သူ့ ရဲ့  ဇနီး က တွစ်တာ လူမှု ကွန်ယက် က နေ သတင်း ထုတ် ပြန်ထား ပါတယ်။

လူ့ အခွင့် အရေး လှုပ်ရှား သူ ဟူဂျာ ဟာ ဥရောပ ပါလီမန် က ပေး အပ် ချီးမြှင် တဲ့ ဆာခါရောဗ် ဆု ကို
လည်း ငွေသား ဒေါ်လာ ၇၂၀,၀၀၀ ကျော် နဲ့  အတူ ရရှိ ထား ပြီး ဖြစ်ပါတယ်။

ပြီး ခဲ့ တဲ့ နှစ် က နိုဘဲလ် ငြိမ်းချမ်းရေး ဆု ရရှိခဲ့ တဲ့ အတိုက် အခံ ခေါင်းဆောင် လျှုရှောင်ဘို ကို တော့ တရုတ်
အစိုးရက ဆက်လက် ဖမ်းဆီး ထား ဆဲ ဖြစ်ပါတယ်။

Hu Jia, China