မစ်ရှဲလ် ယိုး ကို ပြည်ဝင်ခွင့် မပေး

မြန်မာ့ ဒီမိုကရေ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် နှင့် တွေ့ ဆုံ ရန် နှင့် မြန်မာ နိုင်ငံ သား
တို့ ၏ အလေ့အထ သဘာဝ ကို အနီးကပ် လေ့လာ ရန် ပြီး ခဲ့သည့် သောကြာနေ့ က မြန်မာ နိုင်
ငံ ရန်ကုန် နိုင်ငံ တကာ လေဆိပ် သို့ ရောက်ရှိ လာသည့် ဂျိမ်း(စ)ဘွန်း မင်းသမီး မစ်ရှဲလ်  ယိုး
ကို အာဏာပိုင် များ က ပြည်ဝင်ခွင့် မပေး ဘဲ ရန်ကုန် လေဆိပ်မှာ ပင် ပြန်လည် စေလွှတ် လိုက်
သည် ဟု AFP သတင်း တွင် ဖော်ပြထားသည်။

မစ်ရှဲလ်ယိုး သည် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ ဇာတ်ကြောင်း ကို ပြင် သစ် ဒါရိုက်တာ Luc
Besson    (နီကီတာ)  Nikita ၊ (အိန်ဂျလာ) Angel-A ဇာတ်ကား တွေ ရိုက်ကူး ခဲ့သူက The
Lady ဆိုတဲ့ နာမည် နဲ့  ရိုက်ကူး နေရာ မှာ မစ်ရှဲလ် ယိုး က ဒေါ်အောင်ဆန်း စုကြည် နေရာ က ပါ
ဝင် သရုပ်ဆောင် ထားပါတယ်။

မစ်ရှဲလ် ယိုး ဟာ အခု နှစ် ဆန်းပိုင်းက မြန်မာ ပြည်ကို တစ်ခေါက် ရောက် ခဲ့ ဖူးပြီး ဒေါ်အောင်ဆန်း
စုကြည် နဲ့  တွေ့ ဆုံ ခဲ့ပါတယ်။

မစ်ရှဲလ် ယို ဟာ အခု နောက်ဆုံး ရုံတင် ပြသနေတဲ့ Kung Fu Panda 2 မှာ မင်းသား ဂျက် ဘလက်
လိုပဲ အသံ နဲ့  သရုပ်ဆောင် ထားပြီး Tomorrow never dies နဲ့  Crouching Tiger, Hidden
Dragon  ဇာတ်ကား တွေ မှာ လည်း ပါဝင် သ ရုပ် ဆောင် ထား ပါတယ်။