ယခင် စစ်အစိုးရ လက်ထက် ဉ် တတိယ အာဏာ အရှိဆုံး နှင့် ယခု ပြည့်သူ့ လွှတ်တော် ဥက္ကဌ
သူရ ဦးရွှေမန်း ၏ ရန်ကုန် လွှတ်တော် ကိုယ်စားလှယ် များ နှင့် တွေ့ ဆုံပွဲ တွင် ပြောကြားခဲ့သည့်
မိန့် ခွန်း ထဲမှ အချို့ ကို ပြန်ကြား ရေးဝန်ကြီး ဌာန ၀န်ကြီး ဦးကျော်ဆန်း ၏ ညွှန်ကြား ချက် အရ
စာပေစိစစ်ရေး ဌာန က စီစစ် ဖြတ်တောက် ခဲ့ သည် ဟု သတင်း ရရှိသည်။
သူရ ဦးရွှေမန်း သည် ပြီးခဲ့သည့် သီတင်း ပတ်က ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စား လှယ် များ
နှင့် တွေ့ ဆုံ ရာတွင် “အမေရိကန် လွှတ်တော် အမတ် ဂျွန်မက်ကိန်း ပြောဆိုခဲ့သလို မြန်မာ နိုင်
ငံ ဉ် အရှေ့ အလယ် ပိုင်း နိုင်ငံ များ ကဲ့သို့ လူထု အုံကြွှမှု များ မဖြစ်ပေါ် ရအောင် လွှတ်တော်
ကိုယ်စား လှယ်များ တွင် လည်း တာဝန် ရှိသည် ဆိုသည် နှင့် တိုင်းပြည်အခြေအနေ သည် နိမ့်
ကျနေပြီး လူထု မှာ လည်း ဆင်းရဲမွဲတေလျှက် ရှိသည့် ဆိုသည့် ပြောကြားချက် များ ကို ဂျာနယ်
မဂ္ဂဇင်း များ ဉ် ထည့်သွင်း ဖော်ပြ ခြင်း ကို ခွင့် မပြု ဟု ရန်ကုန် မြို့  မှ သတင်း ဂျာနယ် ထုတ်
ဝေသူတစ်ဦး က FNG သို့ ပြောသည်။
သူရ ဦးရွှေမန်း သည် ပြည်သူ့ လွှတ်တော် ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်စဉ် သုံးလ တာ
ကာလ အတွင်း မြန်မာ နိုင်ငံ ၏ အခြေအနေ အမှန် ကို တိုင်း ပြည် နှင့် ကမ္ဘာသို့ ရဲရဲ ရင့်ရင့် ပြော
နိုင်သည့် အတွက် ချီးကျူး သင့် သည် ဟု မန္တလေး မြို့ မှ စာရေး ဆရာ တစ်ဦးက ဆိုသည်။
ရန်ကုန် မြို့  ပြည်သူ့ လွှတ်တော် တွင် စကား ပြောကြား ပြီး နောက် သူရ ဦး ရွှေမန်း သည် စစ်
လက်နက်ဝယ်ယူရေး ကိစ္စဖြင့် ရုရှား နိုင်ငံ သို့  ခရီးထွက် ခွာ သွားသည်။
သူသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း က ရဟန်းသံဃာ နှင့် ပြည်သူ လူထု
၏ အုံကြွမှု ကို အကြမ်း ဖက် ဖြိုခွဲရန် အတွက် ဗိုလ်ချုပ်မှုး ကြီး ၏ သန်းရွှေ ၏ အမိန့် ပေးမှု ကို မနှစ်
မြို့ သူ တစ်ဦး ဖြစ်ကြောင်း ၀ီကီလိခ် ပေါက်ကြား မှု တစ်ခု တွင် ဖော်ပြထားသည်။
ပြန်ကြားရေး ၀န်ကြီး ဦး ကျော်ဆန်းသည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အရေး ပေးမှု ကြောင့် ထိပ်
တန်း အာဏာရှိသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင် အေး နှင့် ဗိုလ်ချုပ်
ကြီး မင်းအောင် လှိုင် တို့ မှ လွဲ ပြီး ကျန် သူများ ကို မလေး မခန့် လုပ် သည် ဟု နာ မည်ကြီးသည်။
