ကဒါဖီ ကို ဖမ်းပြီး လွှဲပေးဖို့ သူ့ အတွင်းစည်း ကို တောင်းဆို

နိုင်ငံ တကာ တရား ရုံးက ဖမ်းဝရမ်း ထုတ်ထားတဲ့ လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကို သူ့ ရဲ့ အတွင်း
စည်းက လူတွေ က ဖမ်းဆီး ပြီး သူ့ ရဲ့ ရာဇ၀တ်မှု တွေ အတွက် စစ်ဆေးမေးမြန်းဖို့ လွှဲ ပြောင်းပေး
နိုင်မလား လို့  နယ်သာလန် နိုင်ငံ သည် ဟိဂ် မြို့ မှာ အခြေစိုက်တဲ့ နိုင်ငံတကာ တရား ရုံး က တရား
သူကြီး မော်ရီနို အိုကမ်ပိုက မေးခွန်း ထုတ်လိုက်ပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ သူ ရဲ့  သား နဲ့  ထောက်လှမ်း ရေး အကြီး အကဲ တစ်ဦး ကို ပြီးခဲ့တဲ့
ရက်ပိုင်းက ပဲ နိုင်ငံ တကာ တရား ရုံး က ဖမ်းဝမ်းရမ်း ထုတ်ခဲ့ပါတယ် ။

အင်္ဂါနေ့ မနက် အစော ပိုင်းမှာ တော့ လစ်ဗျား နိုင်ငံ အနောက် ပိုင်း မှာ ကဒါဖီ ကို ဆန့် ကျင် နေကြတဲ့
လက်နက်ကိုင် ဒီမိုကရေစီ လိုလားသူ တွေ ဟာ နာဖူဆာ တောင်ကြောက ဇင်တန် မြို့ အနီး မှာ
လှို့ ဝှက် တည် ဆောက် ထား တဲ့ ကဒါဖီ ရဲ့  လက်နက် တိုက် ကို သိမ်း ပိုက် နိုင်ခဲ့တယ် လို့ ဘီဘီစီ
သတင်း တစ်ရပ် မှာ ဖော်ပြထား ပါတယ်။

လေယာဉ် ပစ် အမြောက် တွေ အပြင် အပြင် အရေးကြီး တဲ့ လက်နက် ခဲယမ်း တွေ ကို သိုဝှက်ထား
တဲ့ ဒီလက်နက် တိုက် ဟာ ထရီပိုလီ မြို့ ရဲ့  မိုင် ၃၀ အကွာ မှာ တည် ရှိပြီး ကဒါဖီ ရဲ့  အရေး ပါတဲ့ လက်
နက် ခဲယမ်း ထား သို ရာ နေရာ တွေ ထဲ က တစ် ခု ဖြစ်ပါတယ်။

လစ်ဗျား လက်နက်ကိုင် ဒီမိုကရေစီ လိုလား သူတွေ ဟာ ထရီပိုလီ မြို့ ကို ချီတက် လာတဲ့ါအချိန် မှာ
ကဒါဖီ ကို သစ္စာ ခံ တဲ့ တပ် တွေ နဲ့  တိုက်ပွဲ တွေ ဖြစ်ပြီး နောက် ဒီလက်နက် တိုက် ကို သိမ်း ပိုက် မိ
တာ ဖြစ်ပါတယ်။

လက်နက် ခဲယမ်း လိုအပ် နေတဲ့ လစ်ဗျား သူပုန် တွေ ဟာ ဒီလက်နက်တွေ ကြောင့် ထရီပိုလီ မြို့ 
ကို ၀ိုင်းပတ် ပိတ် ဆို့  နိုင်တော့ မယ် လို့  သတင်း တွေ မှာ ဖော်ပြထားပါတယ်။

လစ်ဗျား ခေါင်းဆောင် ကို ကဒါဖီ ဖမ်းပြီး လွှဲပေး တဲ့ သူဟာ ရာဇ၀တ်မှု ကျုးလွန် ခဲ့ စေအုံးတော့ လွတ်
ငြိမ်းချမ်း သာ ခွင့် ရမယ်လို့ လဲ ICJ က ထပ်လောင်း ပြောကြား ခဲ့ပါတယ်။