မြန်မာ စစ်အစိုးရ ပြည်ထဲရေး ၀န်ကြီးဌာန က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် အား ဥပဒေ ချိုးဖောက် သည့် အလုပ်များ မလုပ်ရန် အတွက် သူမ အပါအ၀င် NLD ပါတီ
ဝင် များ ကို ပါ သတိပေး ထားသည် ဟု ယနေ့ ထုတ် အစိုးရ အာဘော် သတင်း စာများ တွင် ဖော်
ပြထားသည်။
အဆိုပါ ဖော်ပြချက် ဉ် နိုင်ငံရေး ပါတီ သဖွယ် ကြေငြာချက် များ ထုတ် ပြန်ချက် လှုပ်ရှားမှု များ ပြု
ခြင်း လုပ်လျှင် အမျိုးသား ပြန်လည် သင့် မြတ် ရေး ကို ပျက်ပြား သွား စေ နိုင် ၍ မပြု လုပ်ရန် တား
မြစ် သည်ဟု ဖော်ပြထားသည်။
နိုင်ငံရေး ပါတီ များ ကဲ့ သို့ လှုပ်ရှား မှု ပြုလုပ် လိုလျှင် တရားဝင် မှတ်ပုံ တင် ၍ ဆောင်ရွက် ရန် သတိ
ပေး ဖော်ပြထားသည်။
စစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီ ကို ကန့် သတ် ချုပ်ချယ်ခြင်း မှာ လူထု အုံကြွမှု
လမ်းကြောင်း များ ဖြစ်ပေါ်လာမည် ကို အစိုးရိမ် လွန် ၍ ကန့် သတ် ချုပ်ချယ် ခြင်း ဖြစ်သည် ဟု
ရန်ကုန် ခရိုင် ကျောင်း သားများ သမဂ္ဂ မှ စောထွန်းအေး က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန် ပြင်ပ ခရီးစဉ် များ ထွက် ခွာရန် စီစဉ် နေသည်။
