မန္တလေးတိုင်း အောင်မြေသာဇံ မြို့ နယ် အထက (၁) ကျောင်းဝင်း အတွင်း ဗုံးတွေ့ သည် ဟု
သတင်း ဖြစ်ပြီး နောက် မန္တလေး မြို့  နေရာ အတော်များများ တွင် ဗုံးလန့် လျှက်ရှိသည်။ထို
သို့  ဗုံးလန့် မှု မှာ လွန် ခဲ့သည့် သီတင်း ပတ်က မန္တလေး မြို့  နေရာ နှစ် ခု တွင် ဗုံးပေါက်ကွဲမှု
ဖြစ်ပေါ်ပြီး နောက် ထပ် မံ ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်။
မန္တလေး မြို့  ရှိ နေရာ အချို့ တွင် ဗုံးပေါက်ကွဲမှု ပြီးနောက် လုံခြုံရေး အင်အား များ တိုးမြှင့် ချ
ထား သည်။ ဗုံးပေါက်ကွဲမှု ကြောင့် လုံခြုံရေး တိုးမြှင့် ချထား သလို ပြီး ခဲ့သည့် တနင်္လာ နေ့ 
က ဖြစ်ပွားခဲ့သည့် တရုတ်-မြန်မာ ခိုက်ရန် ဖြစ်ပွား မှု ကြောင့် လည်း လုံခြုံရေး အင်အား များ
တိုးမြှုင့်ချ ထားသည်။
ယမန် နေ့ က အထက ၁ ကျောင်း အပါအ၀င် ဈေးချို နှင့် အရှေ့ ပြင် ရှိ စား သောက် ဆိုင် တစ်
ခု တွင် လည်း လုံခြုံရေး များ တိုးမြှင့် ချထား ပြီး ယခင် KIA ငြိမ်းချမ်း ရေး အဖွဲ့ များ သွားလာ
တတ်သည့် နေရာ များ ဟိုတယ် နှင့် စီးပွားရေး လုပ်ငန်း အချို့ တွင် လည်း လုံခြုံရေး များ တိုး
မြှင့် ချထားသည် ဟု သတင်းရရှိသည်။
