မီးစက် ပြဿနာ ရန်ကုန် စီးပွားရေး ကို သွက်ချာပါဒ လိုက်

ရန်ကုန်မြို့ တော် စည်ပင် သာယာရေး ကော်မတီ မှ ထုတ်ပြန် လိုက် သည့် လူသွားလမ်း နှင့်
လမ်းဘေး စင်္ကြန် အိမ်ရှေ့ ၊ ဆိုင်ရှေ့ များ တွင် လျှပ်စစ်ဓာတ် အား ထုတ်သည့် မီးစက်များ
မထား ရဘူး ဆိုသည့် အမိန့် ကြောင့် ရန်ကုန် မြို့ ရှိ စီးပွားရေး လုပ်ငန်း များ အခက်အခဲ နှင့်
ကြုံတွေ့ နေရသည့် ဟု သတင်း ရရှိသည်။

မိုးရာသီပင် ဖြစ်သော် လည်း ရန်ကုန် မြို့  အတွက် လျှပ်စစ်ဓာတ် ပေး ဝေမှု ခွဲတမ်း မှာ နည်းပါး
လွန်း လှသည့် ပြင် အလုံ ဓာတ်အား ပေး ရုံ မှာ လည်း ပုံ မှန် လျှပ် စစ်ဓာတ်အား ဖြန့် ဖြူ ခြင်း
မရှိ သောကြောင့် ရန်ကုန် မြို့ ရှိ စတိုးဆိုင်၊ ပုံ နှိပ် စက်၊ စားသောက် ဆိုင် နှင့် ဟို တယ် များ
အပါအ၀င် အရံသင့် ၀န်ဆောင်မှု လုပ်ငန်း အချို့ မှာ မီးစက် ကိုပင် အား ကိုးရသည်။

ရန်ကုန် စည်ပင်သာယာမှ ထုတ်ပြန်သည့် ဥပဒေ သစ်ကြောင့် မီးစက် များ ကို လမ်းပေါ်မှာ မထားရပဲ
မီးစ က်ဖြင့် ဓာတ် အားရယူ ခြင်း မပြု ရလျှင် ရန်ကုန် မြို့ ရှိ စီးပွား ရေး လုပ်ငန်းများ အခက် အခဲ
တွေ့  နိုင်သည် ဟု နာမည် ကျော် စိန်ဂေဟာ စတိုးဆိုင် မှာ ၀န်ထမ်း တစ်ဦးက FNG သို့ ပြောသည်။

ရန်ကုန် မြို တွင့် အစိုးရက လျှပ် စစ်မီး ပုံမှန် မပေး နိုင် သောကြောင့် ငွေကြေး တတ် နိုင်သူ များ
က တစ်ကောင် အား မီးစက် မှ သည့် ဒီဇယ် ဓာတ်ဆီ တို့ ဖြင့် ခုတ် မောင်း ရသည့် Denyo၊ Hitachi
အစရှိသည့် တရုတ် နှင့် ဂျပန် လုပ် မီးစက် များ ကို ၀ယ် ယူသုံးစွဲကြသည်။

ရန်ကုန် မြို့ လည် ရှိ ဒေသခံ အချို့  ကလည်း အချို့ စီးပွား ရေး လုပ်ငန်းများ ရှင် များက လူသွား
စင်္ကြန် များ ပေါ်တွင် မီးစက် များ ထားရှိ သောကြောင့် လမ်းသွား လမ်းလာ အခက် ဖြစ်ရသည့်
ပြင် လုံခြုံမှု မရှိခြင်း ဆူညံခြင်း တို့ ပါ ဖြစ်ပေါ်သောကြောင့် လူနေမှု ပတ်ဝန်းကျင် နှင့် ကျန်း
မာ ရေး ကို ထိခိုက် စေသည် ဟု သိရသည်။

4 thoughts on “မီးစက် ပြဿနာ ရန်ကုန် စီးပွားရေး ကို သွက်ချာပါဒ လိုက်

  1. မင်းတို့ပြည်သူတွေ ငတ်ကြ ကျွန်ခံကြ သေကြ ထွက်ပြေးကြွကွ။ အဓိက က တို့လူထွက်ဗိုလ်ချုပ်တွေနဲ့
    တေဇတို့ ထွန်းမြင်နိုင်တို့ ခင်ရွေတို့ ကမ်ဘာကျော်အောင်ချမ်းသာရင်ပြီးတာပဲကွ။ မင်းတို့ပြည်သူတွေကို
    တို့က ရှိတယ်တောင် မအောင့်မေ့ပါဘူးကွာ။

  2. သိပ်ကောင်းတဲ့စကားလုးံတွေပါ။
    very good comment.I applaud for that.
    For Burma,we needs nukes missiles to fire us(I have my family there too) but we all need to start from zero after the nukes bombing.If not it will be very hard to rebuilt.

  3. လဲတာ..သေလိုက်တော့မယ်… တကယ်ပါပဲ… ပြည်သူလူထုကို အမျိုးမျိုး နှိပ်စက်နေတဲ့ အဆိုးရ..။ တယောက်အာဏာရရင် အမိန့် တမျိုးထုတ်တယ်။ ထုတ်တဲ့အမိန့်တွေကလဲ စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနှောက်နဲ့ ထုတ်တာမဟုတ်ဘူး။ … လူ့ငတေတွေ၊ လူ့နလပိန်းတုံးတွေ တောင်သူတို့ထက် စဉ်းစားတတ်ဦးမယ်ဗျာ…။
    အမျိုး၊ ဘာသာ၊ သာသနာဆိုတာလဲ မသိ။
    ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဖြစ်ပါလျက်နဲ့ ဘာသာတရားကိုလဲ မရိုသေတဲ့ အဆိုးရ။ ဒီလူတွေ ဘုရားရှိခိုးရင်တောင် ဘုရားကိုမျက်စိထဲမှာ မြင်ရရဲ့လားမသိဘူးဗျာ။
    မြန်မာလူမျိုးဖြစ်ပြီး ကိုယ့်လူမျိုးပျောက်အောင်လုပ်နေတဲ့သူတွေ။ အခုဆို မြန်မာနိုင်ငံ အလယ်ပိုင်းလဲ တရုတ်ပြည်နယ်တခုဖြစ်နေပီ။
    သာသနာကိုလဲ အင်းစိန်ထောင်ထဲပဲ ထည့်ပြီး ထိန်းသိမ်းတတ်တဲ့ သူတွေ။
    တကယ်ကို ရင်နာစရာပါ။
    တိုင်းပြည်က ချမ်းသာပါရဲ့နဲ့ ကိုယ့်နိုင်ငံသားတွေ တခြားတိုင်းပြည်မှာ ကျွန်ခံနေရတယ်။
    တခြားတိုင်းပြည်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်ရင် မြန်မာသံရုံးက လုံးဝကို မကူညီပါ။ ယုတ်စွအဆုံး မြန်မာနိုင်ငံသားတယောက် တခြားတိုင်းပြည်မှာ ခွေးသေ ၀က်သေ သေရင်တောင် မြန်မာသံရုံးက မသိခြင်ယောင်ဆောင်ပါတယ်။ အနဲဆုံးတော့ ထိုသေသူ ပေးခဲ့တဲ့ ချွေးနဲစာ အခွန်ငွေလေးတွေကိုတောင် မထောက်ပါဘူး။ ။
    မြန်မာသံရုံးလို ပက်ပက်စက်က် အခွန်ငွေတောင်းတဲ့ သံရုံး၊ ပတ်စပို့ကို အတိုဆုံး သက်တမ်းတိုးပေးတဲ့ သံရုံး ဘယ်နိုင်ငံသံရုံးမှ မရှိပါဘူး။ ဂုဏ်ယူစရာပါ။

    – ကျွန်တော်တို့ မြန်မာပညာတတ်တွေဟာ ဘယ်နိုင်ငံက ဘယ်ပညာတတ်နဲ့ မဆို ယှဉ်ပြိုင်နိုင်ကြပါတယ်။
    – လူဖြစ်ပါရဲ့နဲ့ လူလိုမတွေးတတ်၊ လူလို မကျင့်ကြံတတ်တဲ့ လူတွေ နိုင်ထက်စီးနင်း အုပ်ချုပ်နေတာ အဆုံးသတ်သင့်ပါပြီ။
    – အကြောက်တရားကြီးတဲ့၊ သည်းခံတတ်တဲ့၊ အကျင့်တွေကြောင့် ““ဒီလူတွေ”” ကြီးစိုးနေကြတာပါ။
    – ဒီစနစ်ဆိုးကြီးကို တိုက်ဖျက်ပစ်ပြီး၊ အမြန်ဆုံး တိုးတက်တဲ့ နိုင်ငံ တနိုင်ငံဖြစ်စေချင်ပါတယ်ဗျာ..။

Comments are closed.