နေတိုး တပ်ဖွဲ့ တွေ ရဲ့ တိုက်ခိုက်မှု ပြင်းထန်လာချိန် မှာ ပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ
ကလင်တန်က ကဒါဖီ ကို ရာထူးက ချက်ချင်း ဆင်းပေး ဖို့ တောင်းဆိုလိုက်ပါတယ်။ နေတိုး တပ်ဖွဲ့ က တိုက် ခိုက်ရေး လေယာဉ်တွေ ဟာ စနေနေ့ တစ်နေ့ လုံး လစ်ဗျား နိုင်ငံ ထရီပိုလီ
မြို့ ကောင်းကင်ယံ မှာ ၀ဲပျံနေခဲ့ပြီး ကဒါဖီ နဲ့  ထိပ်တန်း အရာ ရှိ တွေ ပုန်းအောင်း နေတယ် လို့ 
ယူဆရ တဲ့ နေ ရာ တွေ ကို တိုင်ခိုက်ခဲ့ကြပါတယ်။
နေတိုး စစ်ဌာနချုပ်က ယနေ့ သတင်းထုတ် ပြန်ရာ မှာ တော့ ကဒါဖီ ရဲ့  စစ်ရေး အဆောက် အဦ ကို
ပြီးခဲ့တဲ့ သီတင်း ပတ် တွေထက် အဆ လေးဆယ် တိုးမြှင့် ပြီး တိုက်ခိုက် နေတယ် လို့ ပြောကြားခဲ့ပြီး ကဒါဖီ
ရဲ့  လက်နက် ခဲယမ်း ထားရှိ ရာ လို့ ယူဆရ တဲ့ နေရာ တွေ ကို အပြင်းအထန် တိုက် ခိုက် ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံ အနောက် ပိုင်းက ဒီမိုကရေစီ လိုလားတဲ့ လက်နက် ကိုင် တွေ ကလည်း ထရီပိုလီ မြို့ ရဲ့  မိုင်ာ ၂၀ အကွာ
အထိ သိမ်းပိုင် ထားနိုင်ခဲ့ပြီ ဖြစ်ပြီ လာမယ့် သီတင်း ပတ် မှာ တော့ မြို့ တော် ထဲ ကို စတင် ချဉ်းနင်း ၀င်ရောက်
မယ် လို့ ဆိုပါတယ်။
ဒီနေ့ အာဖရိက သမဂ္ဂ က ရဲ့  အစည်း အဝေး မှာ လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကို နိုင်ငံတကာ ရာဇ၀တ်မှု တ
ရား ရုံး က ဖမ်းဝရမ်း ထုတ် ထား တာ ကို ရှုံ ချလိုက် ပြီး ကဒါဖီ ဟာ အာဖရိက တိုက် တွင်း ဘယ် နေ ရာ မဆို
သွားလာ နိုင်ရ မယ် လို့  အသိပေး ပြောကြား ခဲ့ပါတယ်။
ဆီးရီးယား
ဆီးရီးယား နိုင်ငံ မှာ တော့ ဆန္ဒပြမှု တွေ စတင် ကတည်းက လူတစ်ထောင် ကျော် သေဆုံး ခဲ့ပေမယ့် ဆန္ဒပြမှု
တွေ က ဆက်လက် ဖြစ်ပွား ခဲ့ ပြီး ဒီနေ့ မှာ သမ္မတ အာဆဒ် က ဟာမာ မြို့ ရဲ့  ဘုရင်ခံ Ahmad Khaled Abdel Aziz
ကို ဆန္ဒပြ သူ တွေ ကို ထောက်ခံမှု ပေးတယ် ဆိုပြီး ရာထူးက ဖယ်ရှား လိုက်ပါတယ်။
သောကြာ နေ့ က ဆီးရီးယား တစ် နိုင်ငံ လုံး မှာ ဆန္ဒပြမှု တွေ ဖြစ်ပွား ခဲ့ ပြီး ဟာမာ နဲ့  နိုင်ငံ မြောက် ပိုင်းက မြို့ 
တွေ မှာ တော့ လက်နက် ကိုင် တပ် ဖွဲ့  အချို့ က ဆန္ဒပြမှု တွေ ကို ထောက် ခံခဲ့ တယ်လို့  Fox News သတင်း မှာ
ဖော် ပြထားပါတယ်။
