အမေရိကန်ကို မွတ်စလင် ဇာတ်သွင်းဖို့ အိုဘားမား ကြံစည်နေသလား
DK – အမေရိကန်နိင်ငံ၊ မစ်ဆူရီပြည်နယ်၊ စပရင်းဖီးလ်မြို့တွင် ၂၀၁၀ ခုနှစ်တွင်း ကျင်းပခဲ့သည့် ခရစ်ဘာသာရေးအသင်းတခုဖြစ်သည့် ဒေးဗစ်အယ်လန်လူးဝစ်စ်အသင်း (David Allen Lewis
Eschatology Club) ၏ လစဉ်အစည်းအဝေးတခု၌ သင်းအုပ်ဆရာတော် ဒွန်ဂျုံးစ် (Pastor Don Jones)
မှ ထိုအစည်းအဝေးတက်ရောက်လာကြသူ အားလုံးအံ့အားသင့်ခဲ့ကြရသည့် မိန့်ခွန်းတခုအား ပြောကြားခဲ့သည်။
ဆရာတော်သည် ဟေတီငလျင်ကြီးအပြီးတွင် ဟေတီနိုင်ငံရှိ၎င်းတည်ထောင်ထားသည့် မိဘမဲ့ကလေးများဂေဟာ
သို့ သွားရောက်ခဲ့စဉ်တွင် ကုလသမဂ္ဂအရာရှိတဦးမှ အမေရိကန်သမ္မတအိုဘားမား၏ ဒုတိယသက်တမ်းနှောင်း
ပိုင်းဖြစ်သည့် ၂၀၁၆ မတိုင်မီ အမေရိကန်နိုင်ငံသည် မွတ်စလင်နိုင်ငံတခုဖြစ်လာမည်ဖြစ်ကြောင်း လက်ရှိ
အမေရိကန်သမ္မတအိုဘားမားမှ ၄င်းအားပြောခဲ့သည်ဟု သင်းအုပ်ဆရာတော်အားပြန်လည်ပြောပြခဲ့သည်။
အိုဘားမားနှင့်ကင်ညာနိုင်ငံသားဖခင်ဖြစ်သူ
အိုဘားမား၏နောက်ကြောင်းရာဇဝင်
ယခုသတင်းသည်ယုံကြည်နိုင်စရာမရှိသော်လည်း ဖြစ်နိုင်ချေရှိသည့်နယ်ပယ်တွင်းတွင်ရှိနေသည်။ ၁၉၆၁ ခုနှစ်ဖွား သမ္မတအိုဘားမား၏နာမည်အပြည့်အစုံမှာ ဘဲရက်ဟူစိန်အိုဘားမား-ဂျူနီယာ (Barack Hussein Obama Jr) ဖြစ်ပြီး ၄င်း၏မွေးဖခင်မှာ ကင်ညာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တဦးဖြစ်သည့် ဘဲရက်ဟူစိန်အိုဘားမား-စီနီယာ (Barack Hussein Obama Sr) ဖြစ်သည်။ အိုဘားမား၏ပထွေးဖြစ်သူ လိုလိုဆိုတိုရို (Lolo Soetoro) မှာလည်း အင်ဒိုနီးရှားမွတ်စလင်တဦးဖြစ်ပြီး အိုဘားမားအားအသက် (၁၁) နှစ်မတိုင်မီထိ အင်ဒိုနီးရှားရှိ ဗလီ (Mosque) နှင့် အစ္စလာမ်ဘာသာရေးကျောင်း (Madrassa) တခုတွင်တက်ရောက်စေခဲ့ဖူးသည်။ ကင်ညာနိုင်ငံရှိ အိုဘားမား၏ဖအေတူမအေကွဲညီအစ်ကိုများမှာလည်း မွတ်စလင်များပင် ဖြစ်သည်။ ၄င်း၏မိန့်ခွန်းများစွာတွင်လည်း ကိုရန်ကျမ်းပိုဒ်များအား ကိုးကားပြောဆိုလေ့ရှိသည့် ပထမဆုံးနှင့် တဦးတည်းသော အမေရိကန်သမ္မတဖြစ်သည်။ ထူးခြားချက်တခုမှာ ၄င်း၏လက်ထက်အမေရိကန်နိုင်ငံတွင် ဗလီများလည်း ပိုမိုတိုးပွားလာသည်ဟု ဆိုကြခြင်းဖြစ်သည်။
ဆော်ဒီဘုရင်အဗ္ဗဒူလာအားဦးညွှတ်အရိုအသေပေးနေသောအိုဘားမား
အိုဘားမားနှင့်ဆော်ဒီဘုရင်အဗ္ဗဒူလာ
၂၀၀၉၊ ဧပြီလ ၂ ရက်နေ့တွင် လန်ဒန်၌ကျင်းပခဲ့သော G-20 ထိပ်သီးအစည်းအဝေးတွင် ဆော်ဒီဘုရင်အဗ္ဗဒူလာအား လိုအပ်သည်ထက်များစွာပို၍ ဦးညွှတ်အရိုအသေပေးခဲ့သဖြင့် အိုဘားမား၏အပြုအမူသည် အမေရိကန်နိုင်ငံ၏သမ္မတတဦးမှ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်လုပ်ထုံးလုပ်နည်းများကိုချိုးဖောက်ခဲ့ပြီး အိုဘားမားအနေဖြင့် သမ္မတတဦး၏ ကျင့်ဝတ်နှင့်လုပ်ထုံးလုပ်နည်းများကိုပင်မသိရှိပဲ သမ္မတဖြစ်လာခဲ့ကြောင်း ဝါရှင်တန်တိုင်းမ်စ် (Washington Times) သတင်းစာတွင်ဖေါ်ပြခဲ့သည်။ သို့သော် အသေအချာဆန်းစစ်ကြည့်လျှင် အိုဘားမားသည် အမေရိကန်သမ္မတအနေနှင့် ဆော်ဒီဘုရင်အားအရိုအသေပေးခြင်းထက် အစ္စလာမ်ဘာသာဝင်တို့၏ဘူမိနက်သန်ဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံ၏ ဘုရင်ဖြစ်သူအား မွတ်စလင်တဦးအနေဖြင့်အရိုအသေပေးခြင်းဟု ယူဆနိုင်ပါသည်။
အာရပ်ကမ္ဘာ၏သဘောထားအမြင်
အရှေ့အလယ်ပိုင်းအာရပ်သတင်းထုတ်လွှင့်မှုများတွင် များစွာသောအာရပ်များမှ အိုဘားမားအား မွတ်စလင်တဦးအနေနှင့်ရှုမြင်ကြသည်။ ၂၀၀၈ သမ္မတရွေးကောက်ပွဲအကြို သတင်းထုတ်လွှင့်မှုတခုတွင် ဆော်ဒီနိုင်ငံမှ ၂၀၀၈ တွင် မွတ်စလင်တဦးမှ အိမ်ဖြူတော်အကြီးအကဲအဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့၍၊ အိုဘားမား၏ဝတ္တရားမှာ ရှီယာမွတ်စလင်ဖြစ်သော အီရန်၏ခြိမ်းခြောက်မှုနှင့် အစ္စရေး၏ခြိမ်းခြောက်မှုတို့အား အဆုံးသတ်စေရန်ဖြစ်သည်ဟုဆိုခဲ့ပြီး အကယ်၍ အိုဘားမားအနေနှင့်ထိုကိစ္စအားမစွမ်းဆောင်နိုင်ပါက အောင်ဖျာလိပ်ပြီးအိမ်ပြန်ရန်သာရှိကြောင်းဆိုခဲ့သည်။ သို့သော်အာရပ်များအနေနှင့်မူ ၄င်းတို့အနေနှင့်ခြိမ်းခြောက်မှုများအဖြစ်ယူဆသည့် ပြဿနာများကို မိမိတို့ဘာသာဖြေရှင်းရန်မတတ်နိုင်ပဲ ၄င်းတို့၏စွမ်းဆောင်ရည်နိမ့်ကျညံ့ဖျင်းမှုနှင့် ပတ်သက်၍မူဝန်ခံခြင်းမပြုပေ။
အမေရိကန်နိုင်ငံတွင်းယုံကြည်မှုများနှင့်လူဦးရေအချိုးအစား
၎င်း၏တန်ဖိုးအမျိုးမျိုးသော ဒေါ်လာငွေစက္ကူတိုင်း၌ “အဖဘုရားသခင်ကိုကျွန်ုပ်တို့ယုံကြည်သည်” (In God We Trust) ဟု
ဖေါ်ပြထားသည့် အမေရိကန်နိုင်ငံသည် အစဉ်အလာအားဖြင့် ခရစ်ယာန်ဘာသာဝင်များနှင့် ဂျူးဘာသာဝင်များ၏နိုင်ငံ ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်ဦးရေ သန်းပေါင်း ၂၅၀ ကျော်ရှိပြီး၊ ဂျူးဘာသာဝင်မှာလည်း ၆ သန်း ကျော်ရှိသည်။ ယခုမူ အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ သန်း ၂၀ ခန့်ရှိလာ၍ ဂျူးဘာသာဝင်အရေအတွက်ထက် ပိုမိုလာခဲ့သည်။ ၄င်းမွတ်စလင်
သန်း ၂၀ အနက်မှ ၉ သန်းခန့်သည် အီရန်ရှားဘုရင်ပြုတ်ကျအပြီးတွင် အမေရိကန်နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည့် ရှီယာမွတ်
စလင်များ၊ ၇ သန်းခန့်သည် အာရပ်ဆွန်နီမွတ်စလင်များနှင့် လူမည်းမွတ်စလင် ၃ သန်းခန့် ဖြစ်ကြသည်။
အိုဘာမား ၄င်း၏ သမ္မတရာထူးလက်ခံပွဲအခမ်းအနားမိန့်ခွန်းတွင် အမေရိကန်နိုင်ငံသည် ခရစ်ယာန်၊ မွတ်စလင်၊ ဂျူးနှင့် ဟိန္ဒူဘာသာဝင်တို့၏နိုင်ငံဖြစ်သည်ဟုဆိုခဲ့ပြီး ကိန်းဂဏန်းအရဆိုပါက အမေရိကန်နိုင်ငံတွင်း ဂျူးအရေအတွက်သည် ဟိန္ဒူဘာသာဝင်အရေအတွက်နှင့်တန်းတူခန့်ရှိနေပြီး လူဦးရေ တတိယ (သို့) စတုတ္ထအများဆုံးနေရာတွင်ရှိနေသည်။
မွတ်စလင်ညီနောင်များအစွန်းရောက်အဖွဲ့
အီဂျစ်၊ ဆီးရီးယား၊ လက်ဘနွန်၊ အီရတ်နိုင်ငံများရှိ ခရစ်ယာန်ဘာသာဝင်လူနည်းစုများမှာ အာရပ်တော်လှန်ရေးများ စတင်ခဲ့
သည့်နောက်ပိုင်းတွင် လူများစုမွတ်စလင်တို့၏ အန္တရာယ်ပြုခြိမ်းခြောက်ခံလာခဲ့ကြရသည်။ နိုင်ငံတကာကော်ပိုရေးရှင်းကြီး
များအနက်အများစုမှာ ခရစ်ယာန်ဘာသာဝင်များမှထိန်းချုပ်ထား၍ ထိုနိုင်ငံစုံကော်ပိုရေးရှင်းကြီးများအနေနှင့် ထိုနိုင်ငံများတွင်
ရင်းနှီးမြှုပ်နှံရန် လက်ရှောင်လာကြပါက ၄င်းနိုင်ငံများ၏ စီးပွားရေးပြိုလဲသွားနိုင်ပြီး၊ ထိုအခြေအနေမျိုးသည် အာရပ်နိုင်ငံများ၏နိုင်ငံရေးနယ်ပယ်တွင် ဖြန့်ကျက်ခိုအောင်းလာနေသည့် မွတ်စလင်ညီနောင်များအစွန်းရောက်အဖွဲ့
(Muslim Brotherhood) အားအထောက်အကူပြုလိမ့်မည်ဖြစ်သည်။
အီဂျစ်ခရစ်ယာန် (Coptic Christians) လူနည်းစုနေထိုင်ရာ အီဂျစ်နိုင်ငံသည်ထိုအခြေအနေကို တွေ့ကြုံနေရပြီး အီဂျစ်
ခရစ်ယာန်လူနည်းစုများအား အကြမ်းဖက်ခြိမ်းခြောက်မှုများစွာရှိနေကာ အီဂျစ်ပြည်သူ သန်းပေါင်း ၇၀ ခန့်တို့သည် ဆင်းရဲချို့တဲ့စွာဖြင့် နေထိုင်ကြရမည့်အလားအလာများရှိလာသည်။ အီဂျစ်နိုင်ငံတွင် ယခင် အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက်
လက်ထက်တည်းကပင် စီးပွားရေးညံ့ဖျင်းခဲ့ပြီး သာမန်ပြည်သူများအနေနှင့် အသားဟင်းတခွက်စားရန်ပင် မလွယ်ကူကြချေ။
၂၀၁၁ ဇွန်လ ၂၉ ရက်နေ့တွင် မွတ်စလင်ညီနောင်များအစွန်းရောက်အဖွဲ့နှင့် တရားဝင်ဆက်ဆံရေးထူထောင်ရန် အိုဘားမားအစိုးရမှ အရိပ်အယောင်များပြခဲ့သည်ဟု အစ္စရေးနေ့စဉ်သတင်းဋ္ဌာန (Israel Today) မှဖေါ်ပြခဲ့သည်။
စစ်သွေးကြွအစ္စလာမ်မစ်ဝါဒီများ ကြီးစိုးလွှမ်းမိုးလာသည့် အခြားအရှေ့အလယ်ပိုင်းနိုင်ငံများတွင်လည်း ထိုကဲ့သို့အခြေအနေနှင့်
ရင်ဆိုင်ကြုံတွေ့လာရနိုင်သည်။ ဆီးရီးယားနိုင်ငံရှိ အာဏာချုပ်ကိုင်ထားသောလူနည်းစုဖြစ်သည့် ဆီးရီးယားသမ္မတ ဘရှားအာဆတ်၏
အာလာဝိုက်မျိုးနွယ်စု (Alawite Sect) အနေနှင့်လည်း တချိန်တွင် ခရစ်ယာန်များခံစားခဲ့ကြရသည့် ကံကြမ္မာကိုရင်ဆိုင်ကြရနိုင်သည်။ ထိုအခြေအနေမှဆက်လက်ပြီး အာရပ်မွတ်စလင်များမှ နိုင်ငံရေး၊ ဘာသာရေးနှင့် လူမှုရေးတို့တွင် ပိုမိုလွတ်လပ်မှုရှိပြီး၊ စီးပွားရေး
အရလည်း ဖွံ့ဖြိုးတိုးတက်သော ခရစ်ယာန်ဘာသာဝင်အနောက်နိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ကြခြင်းကို ဖြစ်လာစေနိုင်သည်။
သမ္မာကျမ်းစာတွင် အီဂျစ်နိုင်ငံသည် နှစ်ပေါင်း ၄၀ ကျော်လူနေထိုင်၍မရနိုင်ပဲ အီဂျစ်နိုင်ငံသားတို့သည် အီဂျစ်နိုင်ငံအား စွန့်ခွာ၍ထွက်ပြေးကြရလိမ့်မည်ဖြစ်ကြောင်း (Ezekiel 29) ဖေါ်ပြထားသည်။ ဆီရီးယားသတင်းစာတခုဖြစ်သည့် တီရှရင် (Tishrin) တွင်ဖေါ်ပြချက်တခုဖြစ်သည့်  ပါလက်စတိုင်းဒုက္ခသည် ၆ သိန်းနှင့် ဆီးရီးယားနိုင်ငံသားတို့မှ ဂိုလန်ကုန်းမြင့်အား တက်ရောက်ကြပြီး ကိုယ်ပိုင်မြေရရရှိရန်တောင်းဆိုကြမည်ဆိုသည်သာ မှန်ကန်ပါက စစ်ပွဲကြီးဖြစ်ပွားလာနိုင်ပြီး ဆီးရီးယားနိုင်ငံသည်လည်း
လူမနေနိုင်သည့်အရပ်တခု (Isaiah 17) ဖြစ်လာနိုင်သည်။
ထိုမှထွက်ပေါ်လာမည့်ရလာဒ်သည်ကား  သန်းပေါင်းများစွာသောအာရပ်မွတ်စလင်များ အမေရိကန်နိုင်ငံနှင့် အနောက်ဥရောပနိုင်ငံများသို့ ထွက်ပြေးလာကြမည်ဖြစ်ပြီး အမေရိကန်သမ္မတအိုဘားမားအနေနှင့်လည်း ထွက်ပြေးလာကြသော၎င်း၏မွတ်စလင်ညီနောင်များအား လူသားချင်းစာနာထောက်ထားသည့်အကြောင်းပြချက်ဖြင့် ကြိုဆိုလက်ခံမည်ဖြစ်ပြီး အမေရိကန်နိုင်ငံအားတဖြည်းဖြည်းချင်းမွတ်စလင်နိုင်ငံတခုအဖြစ်သို့ ရောက်ရှိလာစေရန် အကွက်ချလုပ်ဆောင်လိမ့်မည်ဖြစ်သည်။ အလားတူပင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိုအလေးထားသည့် ချမ်းသာကြွယ်ဝသောဥရောပနိုင်ငံများကိုလည်း မွတ်စလင်နိုင်ငံများဖြစ်လာစေရန်ကြိုးပမ်းကြဦးမည်ဖြစ်သည်။
အမေရိကန်လူ့အဖွဲ့အစည်းနှင့်အဓိကပါတီကြီးနှစ်ခု
သို့ပါသော်လည်း အမေရိကန်နိုင်ငံတွင် အစိုးရတာဝန်ကြီးကြီးမားမားဆို၍ အထက်လွှတ်တော်အမတ်အဖြစ် သက်တမ်းတကြိမ်သာ
တာဝန်ထမ်းဆောင်ခဲ့ဖူးသော သမ္မတအိုဘားမားအနေနှင့် ၄င်းဖြစ်ချင်သည်များကို လုပ်ချင်တိုင်းလုပ်၍မရနိုင်ပါ။ အိုဘားမားအာ
ဏာရရှိပြီး ၂ နှစ်အတွင်း ၂၀၁၀ လွှတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီအနေနှင့် အောက်လွှတ်တော်အမတ်နေရာအများ
စုကိုထိန်းချုပ်ထားနိုင်မှုအား လက်လွှတ်လိုက်ရသည်ကို ထောက်ချင့်၍ အထူးသဖြင့် နိုင်ငံရေးကိုကောင်းစွာနားလည်သောအမေရိကန်
လူအဖွဲ့အစည်းနှင့် ထက်မြက်ပါးနပ်၍ အတွေ့အကြုံရင့်ကျက်လှသည့် နိုင်ငံရေးသမားများဖြင့်ဖွဲ့စည်းထားသော ရှေးရိုးစွဲအတိုက်အခံ
ပါတီဖြစ်သည့် ရီပတ်ဘလစ်ကန်ပါတီ (Republican Party) အပြင် ၄င်း၏ဒီမိုကရက်တစ်ပါတီ (Democratic Party) အားလည်း ထင်သလိုလှည့်ပတ်၍မရနိုင်ကြောင်း ပေါ်လွင်လှသည်။ ထို့အပြင် အိုဘားမားအနေနှင့်လည်း ဒီမိုကရက်တစ်ပါတီအား ရန်ပုံငွေထည့်
ဝင်ကြသော ဂျူးအမေရိကန် (Jewish American) များနှင့် ပဋ္ဋိပက္ခဖြစ်လာခဲ့လျှင်လည်း ၄င်းအတွက်အလားအလာမကောင်းပေ။
အိုဘားမားနှင့် ၂၀၁၂ ရွေးကောက်ပွဲ
အိုဘားမားအားပြည်ပတွင်လူကြိုက်များသော်လည်း ပြည်တွင်းဘဏ္ဍာရေးပြဿနာများ၊ စီးပွားရေးဆုတ်ယုတ်မှုနှင့်အလုပ်လက်မဲ့
တိုးပွားခြင်းစသောမပြေလည်မှုများကြောင့် တနေ့တခြားတိုးလာနေသောအမေရိကန်ပြည်သူတို့၏မကျေနပ်ချက်များ၊အတိုက်အခံ
ပါတီမှ ရွေးကောက်ပွဲတွင်အိုဘားမားအားအနိုင်ရရန် အပြင်းအထန်အားထုတ်လာမှုများ၊ အိုဘားမားမှ ပြန်လည်ရွေးကောက်ခံရရေး
အတွက်ထိပ်တန်းစစ်ဘက်အရာရှိများ၏အကြံပေးချက်နှင့်ဆန့်ကျင်ပြိးအာဖဂန်စစ်မြေပြင်မှအမေရိကန်တပ်များအား ပြီးစလွယ်
အလျင်စလို ပြန်လည်ခေါ်ယူခြင်းကြောင့် အစဉ်အလာအားဖြင့် ရှေးရိုးစွဲရီပတ်ဘလစ်ကန်ပါတီအား လိုလားသော အမေရိကန်စစ်
တပ်နှင့်လည်း အကျိတ်အခဲလေးများဖြစ်လာနိုင်မှု စသည့်ပြဿနာများက လာမည့် ၂၀၁၂ အမေရိကန်သမ္မတရွေးကောက်ပွဲတွင်
အနိုင်ရရှိရန်အခွင့်အလမ်းအားချိနဲ့ပျက်ပြားစေနိုင်ပါသည်။
၁၇၈၇ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့တွင် ဖီလာဒဲလ်ဖီးယားပြည်နယ်ရှိလွတ်လပ်ရေးခန်းမ၌ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်မှတ်ရေးထိုးအတည်ပြုခြင်း (ဝဲ)၊ အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသဘောတရား(ယာ)
အမေရိကန်နိုင်ငံတည်ထောင်သူဖခင်ကြီးများ၏အမြော်အမြင်
အမေရိကန်နိုင်ငံ၏သမ္မတဖြစ်လာသူ မည်သူမှထင်တိုင်းကြဲ၍မရအောင် ၁၇၇၆ ခုနှစ်တွင် စတင်သန္ဓေတည်ခဲ့သော အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည့် နိုင်ငံ့ဖခင်ကြီးများ (US Founding Fathers) မှ အမြော်အမြင်ကြီးမားလှစွာဖြင့် ၁၇၈၇ တွင် စတင်ရေးဆွဲကာ ၁၇၈၈ တွင်အတည်ပြုပြဋ္ဌာန်းခဲ့သော ကမ္ဘာ့သက်တမ်းအရင့်ဆုံးဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့် အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (United States Constitution) တွင် အဓိကအာဏာ (၃) ရပ်ဖြစ်သည့် (၁) ဥပဒေပြုအာဏာ (Legislative Power – US Bicameral Congress)၊ (၂) အုပ်ချုပ်ရေးအာဏာ (Executive Power – US Government)၊  ၃။ တရားစီရင်ရေးအာဏာ (Judicial Power– Federal Court System) တို့အား သီးခြားလွတ်လပ်စွာ ပိုင်းခြားထား၍၊ ထိုအာဏာ (၃) ရပ်အား တခုနှင့်တခု အပြန်အလှန်ထိန်းညှိစေသည့်စနစ် (Checks and Balances System) ဖြင့် နိုင်ငံအကြီးအကဲဖြစ်သည့် သမ္မတမှအစပြု၍ မည်သူကမျှ နိုင်ငံနှင့်ပြည်သူအား မတော်မတရားပြု၍မရစေရန် ရေးဆွဲပြဋ္ဌာန်းခဲ့သည်။
အမေရိကန်နိုင်ငံတည်ထောင်သူဖခင်ကြီးများ
ထင်ရှားသော အမေရိကန်နိုင်ငံတည်ထောင်သူဖခင်ကြီးများထဲမှအချို့ မှာ ဂျွန်အဒမ်းစ် (John Adams)၊ ဘင်န်ဂျမင်ဖရန်ကလင် (Benjamin Franklin)၊ အလက်ဇန္ဒားဟမီလ်တန် (Alexander Hamilton)၊ ဂျော်န်လေး (John Jay)၊ သောမတ်စ်ဂျက်ဖာဆင် (Thomas Jefferson)၊ ဂျိမ်းစ်မက်ဒီဆင် (James Madison)၊ ဂျော့ရှ်ဝါရှင်တန် (George Washington)၊ ဆင်မြူရယ်အဒမ်းစ် (Samuel Adams)၊ ပက်ထရစ်ဟင်နရီ (Patrick Henry)၊ ဂျော်န်မာရှယ် (John Marshall) နှင့် ဂျော့ရှ်မေဆင်န် (George Mason) တို့ဖြစ်ကြသည်။
အမေရိကန်လွှတ်တော်အစည်းအဝေးကျင်းပနေပုံ
အမေရိကန်လွှတ်တော်အဆောက်အဦး (ယာ)
အမေရိကန်လွှတ်တော်၏ဥပဒေပြုရေးအာဏာ
ဥပဒေပြုအာဏာသည် အမေရိကန်လူထုမှရွေးကောက်တင်မြှောက်သော အထက်လွှတ်တော် (Senate) ၏အမတ်ပေါင်း (၁၀၀) နှင့် အောက်လွှတ်တော် (House of Representative) မှ အမတ်ပေါင်း (၄၃၅) ဦး နှင့်သက်ဆိုင်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး၊ (၁၁၂) ကြိမ်မြောက် အမေရိကန်လွှတ်တော်၏လွှတ်တော်အမတ်များ
အထက်လွှတ်တော်၏အကြီးအကဲနာယက (President) မှာမူ အထက်လွှတ်တော်အမတ်မဟုတ်ပဲ အုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့မှ ဒုတိယသမ္မတ (Vice President) ဖြစ်ပြီး၊ လက်ရှိတွင် ဂျိုးဘိုင်ဒဲန် (Joe Biden) ဖြစ်၍ သဘာပတိ (President Pro Tempore) မှာ ဒဲန်နီယဲလ်အီနူယီ-ဒီမိုကရက်အမတ် (Daniel Inouye-D) ဖြစ်ပြီး၊ အမတ်အများစုခေါင်းဆောင် (Majority Leader) မှာ ဟယ်ရီရိဒ်-ဒီမိုကရက်အမတ် (Harry Reid-D) နှင့် အမတ်အနည်းစုခေါင်းဆောင် (Minority Leader) မှာ မစ်ခ်ျမက်ကေဲာန်နဲလ်-ရီပတ်ဘလစ်ကန်အမတ် (Mitch McConnell-R) ဖြစ်သည်။ ဒုသမ္မတအနေနှင့်မူ လွှတ်တော်ရေးရာများအား မဲခွဲဆုံးဖြတ်ရာတွင် မဲပေါင်း (၅၀-၅၀) နှင့်မတင်မကျဖြစ်နေသည့်အရေးကိစ္စများမှအပ မဲပေးခွင့်မရှိပေ။
ဂျပန်နွယ်ဖွားဖြစ်သူအမေရိကန်အထက်လွှတ်တော်သဘာပတိ ဒဲန်နီယဲလ်အီနူယီ (ဝဲ)၊  အမေရိကန်အောက်လွှတ်တော်သဘာပတိ ဂျော်န်ဘိုရ်နာ (ယာ)
လက်ရှိအမေရိကန်အောက်လွှတ်တော်၏သဘာပတိ (Speaker of the House)မှာ ဂျော်န်ဘိုရ်နာ-ရီပတ်ဘလစ်ကန်အမတ် (John Boehner-R) ဖြစ်ပြီး၊ အမတ်အများစုခေါင်းဆောင်မှာ အဲရစ်ကင်န်တော်-ရီပတ်ဘလစ်ကန်အမတ် (Eric Cantor-R) ဖြစ်ကာ၊ လူနည်းစုခေါင်းဆောင်မှာမူ ၂၀၁၀ လွှတ်တော်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်ခေါင်းဆောင်နေရာအား လက်လွှတ်ခဲ့ရသည့် နန်စီပယ်လိုစီ-ဒီမိုကရက်အမတ် (Nancy Pelosi-D) ဖြစ်သည်။ အမေရိကန်အောက်လွှတ်တော်ခေါင်းဆောင်သည် အကယ်၍ သမ္မတနှင့်ဒုသမ္မတတို့မှ ကွယ်လွန် (သို့) နှုတ်ထွက်ပါက အမေရိကန်သမ္မတရာထူးအားအလိုအလျောက်ဆက်ခံရမည့်သူ ဖြစ်သည်။
၁၈၆၈ တွင်သမ္မတအင်ဒရူးဂျွန်ဆင်အားအမေရိကန်အထက်လွှတ်တော်မှတရားစွဲဆိုမှုအားကြားနာစစ်ဆေးပုံ(ဝဲ)
၁၉၉၉ တွင် သမ္မတဘီလ်ကလင်တန်အားအမေရိကန်အထက်လွှတ်တော်မှတရားစွဲဆိုမှုအားကြားနာစစ်ဆေးပုံ(ယာ)
အမေရိကန်လွှတ်တော်မှသာ နိုင်ငံ၏ဥပဒေရပ်အားလုံးကို အတည်ပြုပြဋ္ဌာန်းနိုင်ပြီး၊ အမေရိကန်သမ္မတနှင့်အစိုးရအဖွဲ့၏ နိုင်ငံ့ဘဏ္ဍာငွေသုံးစွဲမှုများ၊ စစ်ရေးဆောင်ရွက်မှုများ၊ နယ်ဘက်နှင့်စစ်ဘက်အဆင့်မြင့်ရာထူးများခန့်အပ်နိုင်မှုများအား အထက်နှင့်အောက်လွှတ်တော် (၂) ရပ်မှ ထိန်းချုပ်ကန့်သတ်ထားသည်။ အစိုးရအဖွဲ့အစည်းများအားလုံး သက်ဆိုင်ရာအုပ်ချုပ်ရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရန်နှင့် တရားစီရင်ရေးစနစ်မှတရားစီရင်ရေးတို့အတွက် လိုအပ်သည့်ဥပဒေများကိုရေးဆွဲပြဋ္ဌာန်းရပြီး၊ လွှတ်တော်မှပြဋ္ဌာန်းသည့်ဥပဒေအတိုင်းသာ အစိုးရအဖွဲ့အစည်းများနှင့် တရားစီရင်ရေးစနစ်တို့မှဆောင်ရွက်နိုင်သည်။ သမ္မတအားအရေးယူရန်လိုအပ်လျှင် အမေရိကန်အောက်လွှတ်တော်မှ  တရားစွဲဆိုမှုများအား ပြုလုပ်ပိုင်ခွင့်ရှိပြီး၊ အမေရိကန်အထက်လွှတ်တော်၏ တရားစွဲဆိုမှုအားကြားနာစစ်ဆေးမှုတွင် သမ္မတအနေနှင့်ဥပဒေချိုးဖောက်မှုရှိကြောင်းထင်ရှားပါက အထက်လွှတ်တော်မှ ၄င်းအားအမေရိကန်သမ္မတရာထူးမှ ဖယ်ရှားနိုင်သည်။
အိုဘားမားအစိုးရအဖွဲ့
အမေရိကန်အစိုးရအဖွဲ့၏အုပ်ချုပ်ရေးအာဏာ
အုပ်ချုပ်ရေးအာဏာမှာမူ လေးနှစ်တကြိမ်သက်တမ်းအား အလွန်ဆုံး ၂ ကြိမ်သာ ထမ်းဆောင်ခွင့်ရှိသည့် သမ္မတ (President)၊ ဒုတိယသမ္မတ (Vice President) နှင့် ဝန်ကြီးများပါဝင်သည့်အစိုးရအဖွဲ့ (Cabinet) နှင့်သက်ဆိုင်သည်။ လက်ရှိသမ္မတမှာ ဘဲရက်ဟူစိန်အိုဘားမား (Barack Hussein Obama) ဖြစ်သည်။ အစိုးရမှနိုင်ငံ၏ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေး၊ လုံခြုံရေး၊ လူမှုဖူလုံရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးစသည့် အထွေထွေအုပ်ချုပ်ရေးတာဝန်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရသည်။ လွှတ်တော်၏ဥပဒေပြုရေးနှင့်အခြားဝတ္တရားများ၊ တရားရုံးများ၏ တရားစီရင်ရေးနယ်ပယ်တို့၌ ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ သမ္မတမှတာဝန်ထမ်းဆောင်စဉ်ကွယ်လွန်ခဲ့သည်ဖြစ်စေ၊ သမ္မတရာထူးမှနှုတ်ထွက်ခဲ့သည်ဖြစ်စေ၊ ရာထူးမှဖယ်ရှားခံရသည်ဖြစ်စေ ဒုတိယသမ္မတမှ သမ္မတရာထူးအား ဆက်ခံရမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုဦးသျှောင်တရားရုံး(ဝဲ)၊ အမေရိကန်တရားစီရင်ရေးစနစ်(ယာ)
အမေရိကန်တရားစီရင်ရေးစနစ်၏တရားစီရင်ရေးအာဏာ
တရားစီရင်ရေးအာဏာမှာမူ အမေရိကန်နိုင်ငံ၏အဆင့်အမြင့်ဆုံး ဦးသျှောင်တရားရုံး (Supreme Court) မှအပါအဝင်ဖြစ်သည့် ပြည်ထောင်စုတရားရုံးများ (Federal Courts) အားလုံးနှင့်သက်ဆိုင်သည်။ ပြည်ထောင်စု(သို့) ပြည်နယ်များ (သို့) အမေရိကန်နိုင်ငံ၏စောင့်ရှောက်ခံဒေသများ၏ တရားရုံးများနှင့်တရားသူကြီးများ၏ဆုံးဖြတ်ချက်အား အခြားအာဏာနှစ်ရပ်ဖြစ်သော လွှတ်တော်နှင့်အစိုးရအဖွဲ့မှလည်း ဝင်ရောက်စွက်ဖက်မှုလုံးဝမပြုနိုင်ပေ။ တရားရုံးများမှ တရားဥပဒေ၏အဓိပ္ပာယ်အားရှင်းလင်းဖွင့်ဆို၍ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်အညီ တရားစီရင်မှုပြုသည်။
 အမေရိကန်နိုင်ငံ၏အမြင့်ဆုံးဦးသျှောင်တရားရုံး၏ တရားသူကြီး ၉ ဦး (ဝဲ)နှင့်
အမေရိကန်တရားသူကြီးချုပ် ဂျော်န်ရောဘတ်စ် (ယာ)
ပြည်ထောင်စုတရားစီရင်ရေးစနစ် (Federal Court System) တွင်ပါဝင်သည့် ပြည်ထောင်စုဦးသျှောင်တရားရုံး (Supreme Court) ၏ တရားသူကြီးများအား အမေရိကန်အထက်လွှတ်တော်မှအတည်ပြုရပြီး အမေရိကန်သမ္မတမှခန့်အပ်သည်။ ဦးသျှောင်တရားရုံး၏ တရားသူကြီးများအားလုံးမှာ တသက်တာအတွက်ခန့်အပ်ခံရခြင်းဖြစ်ပြီး ၄င်းတို့မှဥပဒေချိုးဖောက်မှုရှိပါက အမေရိကန်အောက်လွှတ်တော်မှ တရားစွဲဆိုကြားနာစစ်ဆေးမည်ဖြစ်ပြီး အထက်လွှတ်တော်မှ၎င်းတို့အား ထပ်မံကြားနာစစ်ဆေးပြီး တရားသူကြီးရာထူးမှ ဖယ်ရှားနိုင်သည်။ ပြည်ထောင်စုတရားစီရင်ရေးစနစ်တခုလုံးတွင် ပြည်ထောင်စုဦးသျှောင်တရားရုံးအပြင်၊ အခြားသောအောက်တရားရုံးများ (Inferior Courts) ၊ အယူခံတရားရုံးများ (Courts of Appeals) နှင့် ခရိုင်တရားရုံးများ (District Courts)၊ အခွန်တရားရုံး (Tax Court)၊ ပုဂ္ဂလိကမြေပိုင်ဆိုင်မှုဆိုင်ရာတရားရုံး (Private Land Claims Court)၊ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာတရားရုံး (International Trade Court) နှင့် ပြည်ထောင်စုပိုင်ဆိုင်မှုဆိုင်ရာတရားရုံး (Federal Claims Court)၊ ဒေဝါလီခံမှုဆိုင်ရာတရားရုံး (Bankruptcy Courts) နှင့် ပြည်ပထောက်လှမ်းရေးစောင့်ကြည့်မှုဆိုင်ရာတရားရုံး (Foreign Intelligence Surveillance Court) စသည့်တရားရုံးပေါင်းများစွာပါဝင်သည်။
(Ref: Obama’s Plan to Islamicize America by Victor Mordechai – IsraelToday, Barack takes a bow – Washington Times, 2009 G20 Summit, US Constitution, US Founding Fathers, US Senate, US Congress, US Supreme Court, Federal Court System, Judiciary, Impeachment in the US, Barack Obama)
8 thoughts on “အမေရိကန်ကို မွတ်စလင် ဇာတ်သွင်းဖို့ အိုဘားမား ကြံစည်နေသလား
  1. မွှတ်ဆလင်တွှေများလာတော.တို.တရုပ်တွှေ
  2. သတိထားတောဟေ့
    ကုလားတွေကြီးထွားလာပြီ
    တို့နိုင်ငံလဲအတူတူဘဲ
  3. ခရစ်ယာန်တွေအများစုရှိတဲ့ အမေရိကမှာခရစ်ယာန်တွေကရောဒီလိုအဖြစ်ခံမလားဗျာ
  4. သိုးရေခြုံ Republican များရဲ့ ၀ါဒဖြန့်သတင်းဖြစ်ဖို့များပါတယ်။
  5. Obama သမတမဖြစ်ခင်တုန်းကလည်း အမျိုးမျိုးပြောကြပါတယ်။
    ၁။ မူဆလင်ဖြစ်တယ်။ ၂။ မကြာခင်လုပ်ကြံခံရမယ် ၃။ မူဆလင်နိုင်ငံများမှအမေရိကန် နိုင်ငံကို ကြိုက်သလိုချယ်လှယ်နိုင်မယ်။ ၄။ မူဆလင်များအတွက်လမ်းဖွင့်ပေးမယ်။ ၅။ သမ္မာကျမ်းစာနဲ့ သမတကျမ်းသစ္စာကျိန်မဲ့အစား ကိုရန် မူဆလင်ကျမ်းကို အသုံးပြုလိမ့်မယ် အများကြီးရှိပါတယ်။ တစ်ခုမှမမှန်ခဲ့ပါ။ အထက်ပါအချက် ၅ ချက်မှ မှန်သောအချက် တစ်ချက်မျှသာရှိလျှင် ပြောပြစေလိုပါတယ်။ အခုလည်း ရွေးကောက်ပွဲနီးပြန်ပြီဆိုတော့ သည်လို လိမ်ညာထုတ်လွင့်တဲ့သတင်းတွေ ပြန်ထွက်လာတာပါ။ ကောက်ကျစ်၊ စဉ်းလဲပြီး၊ သိုးရေခြုံထားတဲ့ Republican bmom0ifrsm;&JU 0g’jzefY owif;jzpfr,fvdkY xifygw,f/.
  6. I totally don’t believe Obama said America will become Islam country by the end of 2016. Every person who has proper knowledge and common sense knows, Obama is not a devote Christian, but a Muslim either. Besides, he can not do as his will, especially on such important issue. He couldn’t change America’s health insurance as his will until today. Don’t talk about transforming America into a Muslim country by Obama, he even has to struggle a lot to win his second term of his presidency. If you are worrying on this issue, that is mean you don’t trust God’s protection, but believe and put Obama’s power ahead of God’s. God bless America…..Amen.
  7. လွတ်လပ်တဲ့ သတင်းအုပ်စု ရဲ့ မူဝါဒကို စာကြောင်းရေအများဆုံးဆောင်းပါးနဲ့ ချပြလိုက်တာ လို့ မြင်မိတယ်
Comments are closed.