မြန်မာ သံအရာ ရှိ တစ်ဦး ထပ်မံ ဘက်ပြောင်း

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီ မှာ ဖွင့်လှစ်ထား တဲ့ မြန်မာ သံရုံးက ပထမ အတွင်းဝန်
ဦးစိုးအောင် ဟာ ဒီကနေ့ မှာ ပဲ အမေရိကန် ပြည်ထောင် မှာ နိုင်ငံ ရေး ခိုလှုံခွင့် ပြုခဲ့ကြောင်း
FNG က သတင်း ရရှိ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် လ ၄ ရက် နေ့ က သံရုံးက သံမှူးကြီး ဦးကျော်ဝင်း  က ဘက်ပြောင်း ခိုလှုံမှု ပြုတာ
နဲ့  ပတ် သက်ပြီး နေပြည်တော် က ၂၄ နာရီ အတွင်း အမြန် ပြန် လာဖို့  ညွှန်ကြား မှု ပြု တာ ကို
လက်မခံ ဘဲ ဘက်ပြောင်း မှု ပြုဖို့  ဆုံး ဖြတ် လိုက်တာ လို့  ဦးစိုးအောင် က ပြောပါတယ်။

ဦးကျော်ဝင်း ဘက်ပြောင်း မှုပြု တာ ကို နေပြည်တော် က စုံစမ်း စစ်ဆေးမှု ပြု ရာမှာ တပ်က ပြောင်း
လာတဲ့ သူတွေ နဲ့  အရပ် သား တွေ အပေါ် မှာ ခွဲ ခြား မှု ပြု ကြောင်း နဲ့  နေပြည်တော် က ပြန်လည်ဆင့်
ခေါ် လို့  ပြန်သွားရတဲ့ သံအမှု ထမ်း နှစ်ဦး ကို လည်း စုံစမ်း စစ်ဆေးမှု ပြု နေ တယ် လို့  ဆို ပါတယ်။

တတိယ မြောက် အဖြစ် နိုင်ငံ ရေး ခိုလှုံ မှု ပြု ခဲ့ တဲ့ ဦးစိုး အောင် ဟာ ၁၉၇၉ ခုနှစ် ကတည်း က နိုင်ငံ
ခြားရေး ၀န်ကြီး ဌာန မှာ တာဝန် ထမ်းဆောင် နေ တဲ့ အရပ်သား ၀န်ထမ်း တစ်ဦး ဖြစ်ပြီး ဆွစ်ဇာလန်
ဂျာမဏီ နဲ့  ထိုင်း သံရုံး တွေ မှာ တာဝန် ထမ်းဆောင် ဖူး ခဲ့ သူ တစ်ဦး ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ် က ဗိုလ်မှုး အောင်လင်းထွဋ် ဘက်ပြောင်း ခိုလှုံ ပြီး နောက် မှာ ဦးစိုးအောင် ဟာ တတိယ
မြောက် ဘက် ပြောင်း ခိုလှုံ တဲ့ လူ ဖြစ်ပါတယ်။

7 thoughts on “မြန်မာ သံအရာ ရှိ တစ်ဦး ထပ်မံ ဘက်ပြောင်း

  1. သံရုံးကလူတွေကိုသတိထား ၂-ဖက်ချွန်တွေ။အကြံတခုခုတော့ရှိမှာဘဲ။သူတို့ကတသွေးတသံတမိန့် တွေကြီးဘဲ။

  2. သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအစိုးရဆိုလိုက်ရော အရင်ကဘုန်းထားတာတွေပေါ်တော့မယ်ဆိုပြီး အခုမှထဘက်ပြောင်းတယ်ဆိုတော့ ဟင်းဟင်းဟင်း…ကလေးတောင်သိတယ်နော်။ သောက်ရူး ဆိတ်လစေ့ပါ။

  3. ခါတော်မှီ …. အမေရိကန်က လူမပြောနဲ့ .. ဂြိုလ်သားတွေ . အီတီတွေ ကိုတောင်နိုင်ငံသားအဖြစ်လက်ခံပါတယ်… …

  4. နိုင်ငံရေးခိုလုံတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်ကျိုးအတွက် ဖြစ်နေတာက ပေါ်လွင်လှပါတယ်။ အစိုးရနဲ့ လည်ပင်းဖက်ပေါင်းလာပြီးမှ နေရာကောင်းရတော့မှ ကန်ထုတ်လိုက်တာဟ အယောင်ဆောင်နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်တွေပါပဲ။ အမေ၇ိကန်မှာ နေပြီးတော့လည်း နိုင်ငံရေးလုပ်လို့ ဘာမှထားခြားလာမှာမဟုတ်ပါဘူး။ သူ့ကောင်းစားရေးအတွက် ရွေးချယ်လိုက်တာပဲ။

  5. အလကားပါဗျာ… ကိုယ်ကျိုးအတွက် ဘက်ပြောင်းလာတာ ဘာမှ အထင်ကြီးစရာမရှိဘူး… သူတို့တွေ အမေရိကန်မှာ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ မေးကြည့်လိုက်အုန်း… သူတို့ဘက်ပြောင်းလာလို့လဲ ဒီမိုကရေစီလှုပ်ရှားမှုမှာ ဘာမှ တိုးတက်လာမှာမဟုတ်ဘူး… ဒီမိုကရေစီဘက်တော်သားဖြစ်လာမယ့်ဟာတွေလည်း မဟုတ်ဘူး… ကိုယ့်အကျိုးစီးပွားအတွက် စစ်အစိုးရနဲ့လုပ်ခဲ့ပြီးပြီ… အခုလဲ သူ့အကျိုးစီးပွားအတွက် အမေရိကန်မှာ နေချင်တယ်… အားလုံးရှင်းရှင်းလေးပါပဲ …

Comments are closed.