ရေဘက်က ဘရော့ အဖမ်းခံရ ၊ လန်ဒန် ရဲချုပ် နှုတ်ထွက်

မီဒီယာ သူဌေးကြီး ရူးပတ် မားဒေါ့ ရဲ့  ပိုင်ဆိုင်မှု တွေ ထဲ က တစ်ခု ဖြစ်တဲ့ News International
ရဲ့  အကြီးအကဲ ဟောင်း ရေဘက်ကာ ဘရော့ ကို စကော့တလန် ယာဒ် ရဲတပ် ဖွဲ့  က ဖုန်းခိုးနား
ထောင်မှု၊ ကြား ဖြတ် အသံဖမ်း ယူမှု တွေ မှာ တာဝန်ရှိ တယ် ဆိုတဲ့ အမှု နဲ့  ပတ် သက်ပြီး ဖမ်း
ဆီးလိုက်ပါတယ်။ (နောက်ဆုံး ရ သတင်း များ အရ ရေဘက်ကာ ဘရော့ မှာ အာမခံ ဖြင့် ပြန်
လည်လွတ်မြောက် လာပြီ ဖြစ်ပါတယ်)

အာဖဂန် နစ္စတန် မှာ တာဝန်ထမ်းဆောင် နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေ မိသား စု နဲ့  စကားပြော
ဆိုတာ တွေကို ခိုးယူနားထောင်မှု ၊ 9/11 မိသားစု ၀င် တွေ ရဲ့  တယ်လီဖုန်း ပြောဆိုမှု တွေ ကို ကြား
ဖြတ် နားထောင်မှု တွေ နဲ့  သက်တမ်း နှစ် ၁၇၀ ရှိ သွားပြီ ဖြစ်တဲ့ ဗြိတိသျှ သတင်း စာ News of The
World လည်း ဇူလိုင် လ ၁၀ ရက် နေ့ က ရပ် နား လိုက် ပြီ ဖြစ်ပါတယ်။

အခုအဖမ်း ခံ လိုက်ရတဲ့ ရေဘက်ကာ ဘရော့ ဟာ ရူးပတ် မားဒေါ့ ပိုင်ဆိုင်တဲ့ News Corp နိုင်ငံ
တကာသတင်း မီဒီယာ ရဲ့  လက်အောက် က ဗြိတိသျှ ပုံနှိပ် ထုတ်ဝေရေး လုပ်ငန်းကြီး တစ်ခု ဖြစ်
ပါတယ်။

The Sun သတင်းစာ တွင် အယ်ဒီတာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ဖူးသည့် ဗြိတိသျှ အသက် အငယ်ဆုံး အမျိုးသမီး အယ်ဒီတာ ရေဘက်ကာ ဘရော့

News of the World ရဲ့  မိခင် News International  ရဲ့  အမှုဆောင် အရာရှိ ချုပ် ဖြစ်သူ ရေဘက်
ကာ ဘရော့ ဟာ News International ရဲ့  အကြီး အကဲ အဖြစ် ပြီးခဲ့တဲ့ သောကြာနေ့ က ပဲ နှုတ်ထွက်
ခဲ့ ပြီး ဖြစ်ပါတယ်။

News of the World ရဲ့  တယ်လီဖုန်း ကြားဖြတ် ခိုးယူနားထောင်မှု တွေ ကြောင့် ရူးပတ် မားဒေါ့ ရဲ့ 
ရဲ့  NASDAQ  ကရှယ် ယာ အညွန်း ပွိုင့် တွေ ဟာ မတည်မငြိမ် ဖြစ် ခဲ့ လို့  သူ့ ရှယ် ယာ တွေ ကို သူ
ကိုယ်တိုင် ပြန်လည် ၀ယ်ယူခဲ့ ပါတယ်။

News of the World  နဲ့  သူ့ ရဲ့  သတင်း ဌာန တွေ က တယ်လီဖုန်း ကြားဖြတ် ခိုးယူနားထောင်မှု
တွေကြောင့် ရုးပတ် မာဒေါ့ က စနေ နေ့ မှာ ပဲ သူ့ ရဲ့  ပိုင်ဆိုင်မှု တွေ က တစ်ခု ဖြစ်တဲ့ Wall Street
Journal အပြင် တခြား သူပိုင် ဆိုင် တဲ့ သတင်းစာတွေ မျက်နှာဖုံး ပြည့် ကြော်ငြာထည့်က
တောင်းပန် မှု ပြုခဲ့ပါတယ်။

တယ်လီဖုန်း ကြားဖြတ် နားထောင်မှု ကြောင့် နှုတ်ထွက်ရသူတွေ ထဲမှာ လန်ဒန် ရဲမင်းကြီး  ပေါ်လ်
စတီဖင်ဆင် အပါအ၀င် The Wall Street Journal ကို ပုံနှိပ် ထုတ်ဝေတဲ့ News Corp ရဲ့  Dow Jone
ယူနစ် ရဲ့  အမှုဆောင် အရာရှိ ချုပ် Les Hilton လည်း ပါဝင်ပါတယ်။

News of the World ရဲ့  တယ်လီဖုန်းကြား ဖြတ် ခိုးယူနားထောင်မှု မှာ ဟူရ် ဂရန့် (Notting Hill,
Bridget Jones Diary) မင်းသား ၀ီလျှံ တို့ လို နာမည် ကျော် တွေ အပါအ၀င်

ရူးပတ် မားဒေါ့ ရဲ့  တောင်းပန် စာ

ရေဘက်ကာ ဘရော့ ဆိုတာ ဘယ်သူလဲ

အသက် ၄၃ နှစ် အရွယ် ရှိ ပြီ ဖြစ်သည့်  ရေဘက်ကာ မေရီ ဘရော့ ကို ရေဘက်ကာ ၀ိဒ် အမည် ဖြင့် ၁၉၆၈
ခု နှစ် မတ်လ ၂၇ ရက်နေ့  တွင် အင်္ဂလန် နိုင်ငံ အနောက် မြောက် ပိုင်း ဉ် မွေးဖွားခဲ့သည်။ ပြင်သစ် နိုင်ငံ
ဆော်ဘွန်း တက္ကသိုလ် တွင် တက်ရောက် ပညာ သင်ကြား ခဲ့ ပြီး  ပြင်သစ် နိုင်ငံ ပါရီ ရှိ L’architecture d’aujourd’hui
မဂ္ဂဇင်း တွင် အလုပ်လုပ် ကိုင် ခဲ့သည်။

ရူးပတ် မားဒေါ့ နှင့် ရေဘက်ကာ ဘရော့

၁၉၈၉  ခုနှစ် တွင် The Sun သတင်း စာ တွင် စတင် တာဝန် ထမ်းဆောင် ခဲ့ ပြီး နောက် ပိုင်းတွင် မူ ယခု CNN တွင်
အလုပ်လုပ်ကိုင် နေသည့် ပီယာစ် မော်ဂန် ၏ အတွင်း ရေး မှုး အဖြစ် တာဝန်ထမ်းဆောင် ခဲ့ သည်။ ၁၉၉၈ ခုနှစ်
တွင် The Sun သတင်း စာ ၏ ပထမ ဦးဆုံး အမျိုး သမီး သတင်း အယ်ဒီတာ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး
ဗြိတိသျှ သတင်း လောက ဉ် အသက် အငယ် ဆုံး အမျိုး သမီး သတင်း အယ်ဒီတာ ဖြစ်လာ ခဲ့ သည်။

၂၀၀၀ ပြည့်နှစ် တွင် News of the World ၏ အယ်ဒီတာ တာဝန် ကို ထမ်းဆောင် ကာ နောက် ပိုင်းတွင် ဗြိတိသျှ
ရှိ မားဒေါ့ ၏ မီဒီယာ ပိုင်ဆိုင်မှု များ ၏ ဦးပိုင် ကုမ္ပဏီ ဖြစ်သည့် News International ၏ အကြီးအကဲ ဖြစ်လာ
ခဲ့သည်။

သူမ၏ ပထမ အိမ်ထောင် မှာ ၂၀၀၂ ခုနှစ် မှ ၂၀၀၉ ခုနှစ် ထိ ကြာမြင့်ခဲ့ ပြီး အိမ်ထောင်ဖက် မှာ ဗြိတိသျှ သရုပ်
ဆောင် နှင့် ရုပ်သံ တင် ဆက်သူ Ross Kemp ဖြစ်သည်။ ရေဘက်ကာ ဘရော့ သည့်  လူမှုရေး ဧည့်ခံပွဲ များ ဉ်
ထင်ပေါ် သူ တစ်ယောက် ဖြစ်ပြီး လိင် ကိစ္စတွင် ၀ါသနာ ထုံ သူ တစ်ဦး ဖြစ်သည်  ဟု Daily Mail က ရေး သား
ခဲ့ ဖူးသည်။

လိင်တူ ဆက်ဆံ သူ ဟု လည်း ကျော်ကြား ပြီး လိင်တူ ဆက်ဆံ သည့်  ဗြိတိသျှ လွှတ်တော် အမတ် ဖြစ်သူ ခရစ်
ဘရိုင်ယန့်် နှင့် လည်း လိင် ဆက် ဆံ သည် ဟု သတင်း ထွက် ပေါ် ခဲ့ ဖူးသည်။ နောက်ပိုင်း တွင် ဗြိတိသျှ ဘော
လုံး အကျော် အမော် တို့ ၏ ဇနီးများ နှင့် အတူနေခဲ့ သည် ဟု တက်ဘလွိုက် သတင်း များ တွင် ဖော်ပြထားသည်။

ဗြိတိသျှ နာမည် ကျော် များ အပြင် လက်ရှိ ၀န်ကြီး ချုပ် ဒေးဗစ် ကင်မရွန် နှင့် ၀န်ကြီးချုပ် ဟောင်း ဂေါ်ဒွန် ဘရောင်း
တို့  နှင့် ပါ ရင်း နှီး သူ တစ်ယောက် ဖြစ် ပြီး ၂၀၀၉ ခုနှစ် က သူမ နှင့် ပြိုင်မြင်း သမား ချာလီ တို့  ၏ မင်္ဂလာ ဆောင်
ကို ၀န်ကြီးချုပ် နှစ် ဦး လုံး တက် ရောက် ခဲ့သည်။  ရေဘက်ကာ သည် ဝေလ မင်းသား ချားလ် နှင့် လည်း ရင်းနှီး
သူ တစ်ယောက် ဖြစ်သည်။

ယခု တယ်လီဖုန်း ကြားဖြတ် ဖမ်းယူနားထောင် မှု များ တွင် အဓိက ပုဂ္ဂိုလ် ဖြစ်သည့် ရေဘက်ကာ ဘရော့ အား
ရူးပတ် မား ဒေါ့ က သမီး တစ် ယောက် သဖွယ် ချစ် ခင်ပြီး သူမ အတွက် အထူး အသုံး စရိတ် များ ကို စီစဉ် ပေး
ထားသည်။

ရေဘက်ကာ ဘရော့ အား တရား စွဲ ဆိုထား ရာ  အင်္ဂလန် သို့  ရူးပတ် မားဒေါ့ ကိုယ်တိုင် လေယာဉ် ဖြင့် ရောက်ရှိ
လာ ကာ တွေ့ ဆုံ အားပေး ကာကွယ်ပြော ဆိုမှု ပြု ခဲ့ သည်။

ရေဘက်ကာ ဘရော့ နှင့် မားဒေါ့ ၏ သမီး ဖြစ်သူ Shine Media ၏ အကြီး အကဲ အဲလီဇဘက် မားဒေါ့

 ရူးပတ် မားဒေါ့ ဆိုတာ ဘယ်သူလဲ

ရူးပတ် မားဒေါ့ သည် အမေရိကန် တွင် အချမ်းသာ ဆုံး သူ များ တွင် နံပါတ် ၃၃ ချိတ် ပြီး ကမ္ဘာ တွင် ၁၇၇ အဆင့် ရှိသည်
Fox ရုပ်သံ ၊ Wall Street Journal၊ My Space ၊ 20 th Century Fox စသည့် ရုပ်ရှင် ထုတ်လုပ်ရေး နှင့် မီဒီယာ များ ကို
ပိုင် ဆိုင် ကာ ကမ္ဘာ တစ်လွှား တွင် သူပိုင် ဆိုင် သည့် မီဒီယာ ပေါင်း ၇၀ ကျော် ရှိ သည်။

လက်ရှိ အိမ်ထောင်ဖက် မှာ တရုတ် လူမျိုး အမေရိကန် နိုင်ငံ သူ ၀င်ဒီဒန် ဖြစ်သည်။ ၁၉၃၁ မတ်လ ၁၁ ရက် နေ့ တွင် မွေး
ဖွား ခဲ့ သည့် ရူးပတ် မား ဒေါ့ သည် အသက် ၈၀ အရွယ် ရှိ ပြီ ဖြစ်ပြီး ၀င်ဒီဒန် က ၄၂ သာ ရှိ သေး သည်။

၁၉၅၃ ခုနှစ် တွင် ဇာတိမြေ သြစတေးလျှ ဉ် News Limited ကို တည်ထောင် က အသက် ၂၀ ကျော် အရွယ် တွင် သူ၏
ပထမ ဦး ဆုံး သတင်း စာ ကို ထုတ် ဝေခဲ့ သည်။

ရူးပတ် မားဒေါ့ ၏ News Corp ကို အမေရိကန် ပြည်ထောင် စု စုံစမ်းစစ်ဆေးရေး ဗျူရိုက စတင် စစ်ဆေးနေပြီ ဖြစ်သည်။

News of the World သည့် ဗြိတိသျှ တွင် တယ်လီဖုန်း ကြားဖြတ် ဖမ်းယူ နိုင် ရန် အတွက် ရဲ တပ်ဖွဲ့  များ ကို ငွေပေး ခဲ့ သည်။

ရူးပတ် မားဒေါ့ ၏ ဇနီး ၀င်ဒီ မားဒေါ့

News International လက်အောက်မှာ မီဒီယာ များ
သက်တမ်း နှစ် ၁၇၀ ရှိပြီ ဖြစ်ပြီး မကြာခင် က ရပ် နားလိုက်ရသည့် NEWS of the Word နောက် ဆုံး ထုတ် သတင်းစာ