ဆီးရီးယား နိုင်ငံမှာ သမ္မတ အာဆဒ် နဲ့  အစိုးရ အဖွဲ့  ကို ဆန့် ကျင်နေ တဲ့ ပြည်သူ လုထု အုံ
ကြွမှု တွေ ဟာ သောကြော နေ့ မှာ ပြည်လည် အားကောင်း လာ ခဲ့ ပြီး နိုင်ငံ တ၀ှမ်းမှာ ဆန္ဒ
ပြ သူ တွေ နှစ် သိန်း ကျော် ရှိတယ် လို့ ဆီးရီးယား အတိုက်အခံ မီဒီယာ တွေ က ဖော် ပြကြ
ပါတယ်။
ဆန္ဒပြသူ တွေ ဟာ နိုင်ငံ ရဲ့  ဒုတိယ အကြီး ဆုံး အလက်ပို နဲ့  ဟာမား မြို့ တွေမှာ ပို မို အား
ကောင်း လာခဲ့ ပါတယ်။
ဆီးရီးယား နိုင်ငံ မှာ သမ္မတ ဘာရှား အယ်(လ) အာဆတ် ကို ဆန့် ကျင် တဲ့ ဆန္ဒပြမှု တွေ
ဟာ သီတင်း ၁၂ ပတ် ကျော် ရှိ ခဲ့ ပြီး အာဆတ် ရဲ့  လုံခြုံရေး တပ်ဖွဲ့  တွေ က ပစ်ခတ် မှု ကြောင့်
လည်း တစ်ထောင် ကျော် သေဆုံး ခဲ့ ပြီး ထောင် နဲ ချီ ဖမ်းဆီး ခံထား ရပါတယ်။
ဆီးရီးယား အစိုးရ ရဲ့  လူမဆန် မှု တွေကြောင့် အရင် က ဆီးရီးယား အစိုးရ ရဲ့  အထောက် အပံ့
ကိုယူရတဲ့ ပါလက်စတိုင်း ပြည်သူတွေ က ပါ ဆီးရီးယား ကို ဆန့် ကျင်လာခဲ့ ပါတယ်။
ဆီးရီးယား အစိုးရက နိုင်ငံ တွင်းမှာ ရှိတဲ့ အမေရိကန် သံအမတ်ကြီး ရောဘတ် ဖို တ် ကို နှင်
ထုတ် ဖို့ စီစဉ် နေ တယ် လို့  ဓါးမ စကတ် က လာတဲ့ AP သတင်း မှာ ဖော်ပြထား ပါတယ်။

Robert Ford ဟာ အမေရိကန် ဆီးရီးယား ဆက်ဆံရေး ပြန်လည် ထူထောင် ပြီး နောက်
၂၀၀၅ ခုနှစ် မှာ ဆီးရီးယား နိုင်ငံ ရဲ့  ပထ မဦး ဆုံး အမေရိကန် သံအမတ်ကြီး အဖြစ်တာ
ဝန်ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။
သူ့ ကို ဆီးရီးယား အတိုက် အခံ တွေ က လိုလားကြပြီး အစိုးရ အဖွဲ့ က တော့ မုန်းတီး ပါတယ်။
ဆီးရီယား အစိုးရက ရောဘတ် ဖို တ် ကို နှင် ထုတ်ဖို့  စီစဉ် ရတာ က တော့ သူဟာ ဆီးရီးယား
နိုင်ငံ ရေးမှာ အရေး ပါတဲ့ ဇာတ် ကောင် တစ်ယောက် ဖြစ်လာ လို့  ဖြစ်ပါတယ်။
သောကြာ နေ့  က ဆန္ဒ ပြမှု တွေ မှာ အာဆဒ် ရဲ့  သစ္စာခံ တွေ က ပစ်ခတ်မှု ကြောင့် အနည်း
ဆုံး ခြောက်ဦး သေဆုံး ခဲ့ ပါတယ်။
ဒီကနေ့  ဆန္ဒပြမှု တွေ မှာ ပြည်သူတွေ က လမ်းတွေ နဲ့  အရေး ပါတဲ့ နေရာ တွေ ကို သိမ်းပိုက်
ထားထဲ့ ပါတယ်။
