ကျောက်မဲ မြို့ တွင် အပြန်အလှန် ပစ်ခတ်မှု ကြောင့် ဆယ်ဦး သေဆုံး

ကျောက်မဲ မြို့ အ၀င် နဲ့  ကျောက် မဲ မြို့  အခြေစိုက် စစ်စခန်း တွေ မှာ ဇူလိုင်လ ၂၉ ရက်နေ့ မနက်
က အမည် မသိ သေနတ် သမား တွေ ရဲ့  ပစ်ခတ်မှု ကြောင့် အနည်း ဆုံး ငါးဦး  သေဆုံး တယ်လို့  ကျောက်
မဲ ပြည်သူ့ ဆေးရုံကြီး က အမည်မဖော်လို တဲ့ အဆင့်မြင့် ကျန်းမာရေး ၀န်ထမ်း တစ်ဦး က FNG
ကို ပြောပါတယ်။

ကျောက်မဲ မြို့ တွင်း လူအသေအပျောက် ရှိတဲ့ ပစ်ခတ် မှု တွေ ကြောင့်မြို့ ခံ တွေ ဟာ ထိတ်လန့် 
ကြောက်ရွံ့ နေကြ ပြီး သူ တို့ တွေ ဟာ ရှမ်းပြည် အခြေစိုက် လက်နက် ကိုင် တွေ နဲ့  အစိုးရ စစ်တပ်
တွေ ထိတွေ့ မှု ရှိ လာမယ် ဆို ရင် သူတို့  မြို့  ပါ စစ်တလင်း ဖြစ်လာ မှာ ကို စိုးရိမ် ထိတ်လန့် နေတယ်
လို့  ဆိုပါတယ်။

ကျောက်မဲ မြို့  အ၀င် ပစ်ခတ်မှု ကို မျက် မြင် ကြုံ တွေ့ လိုက်ရတဲ့ သူ တစ်ဦး က ” ရှမ်း အကျီ င်္ ရှမ်းဘောင်း
ဘီ ခပ်နွမ်းနွမ်း နဲ့  သောကြာဈေး ကို လာတဲ့ သူတွေ လို့ ပဲ ထင်ထားတာ။ သူတို့  ပလိုင်း ထဲ က သေနတ်
နဲ့  ထုတ် ပစ်တာ ဆက်ပစ်ဖို့ ကြိုး စား တုန်း ကား တစ်စီး ရောက်လာပြီး သူ တို့  ကို ခေါ် သွားတာ ဘယ်
သူတွေ လဲ တော့ မသိဘူး တန့် ယန်း ဘက် က ဖြစ်ဖို့  များ တယ် လို့  ပြောပါတယ်။

မြို့ အ၀င် မှာ ပစ်ခတ် မှု နဲ့  တစ်ပြိုင် နက် မှာ ကျောက် မဲ အခြေစိုက် ခလရ ၂၂ မှာ ပစ်ခတ် မှု တွေ ဖြစ်ပွား
ခဲ့ ပြီး ဒီပစ်ခတ်မှု တွေ ကြောင့် လေးဦး သေဆုံး ကာ ခြောက်ဦး ဒဏ်ရာ ရရှိ ပြီ ဒီတပ်တွင်း ပစ်ခတ်မှု
တွေ ကို တော့ ဘယ်သူ နဲ့  ဘယ်သူ ပစ်ကြ တာ လဲ ဆိုတာ FNG က ဆက်လက် စုံစမ်း ဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် အတွင်း ယခု လဆန်း ပိုင်းက စပြီး စစ်မက် ဖြစ်ပွား မယ့် အရိပ် အယောက် များ ကြောင့်
ဒေသ တည် ငြိမ် မှု မရှိ သလို  မြန်မာ အစိုးရ စစ်တပ် က လည်း ဒီဒေသ က လက်နက် ကိုင် အဖွဲ့  အစည်း
တွေ ကို စစ်ဆင် ရေး တွေ လုပ် ဖို့  ပြင် ဆင် နေပါတယ်။

ကျောက် မဲ မြို့  အ၀င် ပစ်ခတ် မှု မှာ ဇူလိုင်လ ၃၀ ရက်နေ့  မနက် နောက် ဆုံး ရရှိ တဲ့ သတင်း တွေ အရ
ခြောက် ဦး သေဆုံး ပြီး တပ်တွင်း ပစ် ခတ်မှု မှာ အရာရှိ တစ်ဦး အပါအ၀င် လေးဦး သေဆုံး ပါတယ်။

သီပေါ မြို့ နယ် က နိုင်ငံ ရေး လှုပ်ရှား သူ တစ်ဦး က တော့ ဒီပစ်ခတ်မှု နှစ် ခု ဟာဆက်စပ်မှု ရှိ နိုင် တယ်
လို့  သုံး သပ် ပြောကြားပါတယ်။

မြန်မာ နိုင်ငံ တွင်း မှာ ပြည်တွင်း စစ် တစ်ကျော့ ပြန် ပေါ် ပေါက် လာ နိုင် တာ ကြောင့် မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အပစ် အခတ် ရပ်စဲ ဖို့  တစ်နိုင်ငံ လုံး ကို ပန်ကြား ထား ပါတယ်။