တရားမ၀င် မော်တော်ကား များ ဆက်လက် တင်သွင်းဆဲ

မြန်မာ စစ်အစိုးရ သစ် လက်ထက် တွင် နယ်စပ်ဒေသများ ဆီ မှ တရား မ၀င် မော်တော်ကား များ
ဆက်လက် တင်သွင်း ဆဲ ဖြစ်ပြီး ယခု တင်သွင်းမှု များ တွင် အစိုးရ သစ် ဉ် ထိပ်တန်း နေရာများ
ရရှိ ထား သည့် မိသား စုများ ကိုယ်တိုင် ဦး စီး လုပ်ဆောင်ခြင်း ဖြစ် ကြောင့် တာချီလိတ် မြို့  ရှိ
မော်တော်ကား အလုပ်ရုံ ပိုင် ရှင် တစ်ဦး က FNG သို့  ပြောသည်။

မြန်မာ နိုင်ငံ တွင်း သို့  တရား မ၀င် မော်တော် ကားများ တင်သွင်း ရာ ဉ် မြ၀တီ-မဲဆောက် လမ်း
ကြောင်း မှ အများ ဆုံး တင်သွင်း သော် လည်း ယခု နှစ်ဆန်းမှ စ၍ တာချီလိတ် နှင့် တရုတ် ပြည်
နယ်စပ်များ မှ အများ ဆုံး တင်သွင်း ကြသည်။ AUDI နှင့် ACURA အမျိုးအစား မော်ဒယ်(လ)
မြင့် ကားများ ကို နေပြည်တော် အသိုင်း အ၀ိုင်းက ရှမ်းပြည်မှ တစ်ဆင့် တင်သွင်း ကြ ပြီး ရန်ကုန်
တိုင်း ဒဂုံ မြို့  သစ် မြို့ နယ် ကညန ၀န်ထမ်း အချို့  နှင့် ပူးပေါင်း ပြီး နံပါတ် ပြား အတု ဖြင့် တင်
သွင်းမှု များ အတွက် မြ၀တီ-မဲဆောက် လမ်း ကို အသုံး ပြုကြသည်။

မြ၀တီ-မဲဆောက် လမ်းပိုင်း တင်သွင်း မှု များ အတွက် ယခင်က DKBA ၏ စီစဉ် မှု များ ဖြင့် အခ
ကြေးငွေ ပေးကာ တင်သွင်း ရ သော် လည်း ယခု နောက် ပိုင်း တွင် နယ်မြေခံ တပ်ရင်းမှု များ ကို
လမ်းကြောင်းကြေး ပေး ၍ တင်သွင်း ရသည်။

မဲဆောက် မြို့  သောင်းရင်း မြစ်ကမ်းဘေးရှိ မော်တော်ကား ရောင်း ၀ယ်သူ တစ်ဦး က အရင်က
ဂျပန် ကား တွေ ပဲ အခု ထိုင်း မှာ အမေရိကန် တွေ ရတယ် ဆိုတော့ မြန်မာ ဘက်က အမေရိကန်
နဲ့  ဥရောပ ကား တွေ ပါ မှာ လာ ကြတယ် ဟု ပြောသည်။

မြန်မာ နိုင်ငံ တွင် မော်တော် ကား ပိုင်ဆိုင်မှု ပါမစ်  များ ကို အစိုးရက ချုပ်ကိုင် ထား ပြီး ပြည်သူ
ကို ကိုယ်ပိုင်ယာဉ် စီးနင်း ခွင့် မပြုသောကြောင့် မြန်မာ နိုင်ငံ ရှိ မော်တော် ကား ဈေးနှုန်းများ
မှာ နိုင်ငံတစ်ကာ ဈေးနှုန်း များ ထက် အဆမတန် မြင့် မား လျှက် ရှိ သည်။