လည်ချောင်း ကင်ဆာ ဝေဒနာ ကို ခံစား နေရသည့် ပန်းချီဆရာ ရာဟုလာ သည် ယနေ့ နေ့ လည် ၁၂
နာရီ ၁၅ မိနစ် အချိန်က မင်းကွန်း ရှိ သူ၏ နေအိမ် တွင် ကွယ်လွန် သွားသည် ဟု FNG မှ သိရှိ
ရသည်။ ကွယ်လွန် ချိန် တွင် အသက် ၆၇ နှစ်ရှိပြီ ဖြစ်ပြီး ဇနီး သည် ဒေါ်မြ၀င်း နှင့် အတူ သား သမီး
သုံး ဦး ကျန် ရှိ ခဲ့ သည်။
မြန်မာ နိုင်ငံ ၏ အကျော်အမော် ပန်းချီဆရာ များ ထဲ တွင် တစ်ဦး အပါအ၀င် ဖြစ်သည့် ပန်းချီဆရာ
ရာဟုလာသည် ကွန်မြူနစ် ၀ါဒ ကို သက်ဝင်ယုံကြည် သူ တစ်ဦး ဖြစ်ပြီး နိုင်ငံ ရေး လှုပ်ရှားမှု များ
တွင် ပါဝင် ခဲ့ သဖြင့် အင်းစိန် အကျဉ်းထောင် နှင့် ကိုကိုးကျွန်း တို့ တွင် ဖမ်းဆီး ထိမ်းသိမ်း ခြင်း ခံ
ခဲ့ ရသည်။
ရွှေဘို မြို့  တွင် မွေးဖွား ခဲ့ ပြီး အနုပညာ ကို ရောင်းကုန် တစ်ခု ကဲ့ သို့  သဘော မထား သည့် သူ ၏
စိတ်ဓာတ် ကြောင့် ဘ၀ ရပ်တည် ရေး အတွက် ပင်ပန်း နွမ်းလျှ စွာ ရုန်းကန် ခဲ့ ရသည်။ ဈေးကွက်
ဝင် မည့် ပန်းချီ ရေး ဆွဲ မှု ထက် သူ၏ စိတ် ခံစား မှု နှင့် ဘ၀ ကို မြင်တွေ့ ပုံ တို့  ကို သာ ဦးစား ပေး
ရေး ဆွဲ သူ တစ်ဦး ဖြစ်သည်။
ပန်းချီဆရာ ရာဟုလာ ကွယ်လွန်ခြင်း နှင့် ပတ်သက် ပြီး မန္တလေး မြို့  ရှိ ကဗျာ ဆရာ တစ်ဦးက ”
မနက်ကမှ မန္တလေးစာပေမိတ်ဆွေများက ကူညီထောက်ပံ့ငွေ သွားပေးသေးတယ ပေးပြီး နောက်
တစ်နာရီလောက်မှာပဲ ဆုံးသွားတာ၊ အနု ပညာ သယ် တစ်ဦး တော့ ဆုံး ရှုံး သွား ပြန်ပြီ ၊ ဆရာ ရာ
ဟုလာ က ပန်းချီမှာ တင် မဟုတ် ဘူး နိုင်ငံရေး အရ ပါ ရိုးသား တည်ကြည် မှု နဲ့  ဖြတ်သန်း သွား
ခဲ့ တယ် ၊ သူက နိုင်ငံ တွင်းမှာ နိုင်ငံရေး အုံကြွမှု နဲ့  ပြည်သူတွေ လှုပ်ရှားမှု ဖြစ်လား တိုင်း အဲဒါတွေ
ကို ပန်းချီ ဆွဲလေ့ ရှိတယ် ” ဟု ပြောသည်။
ပန်းချီဆရာ ရာဟုလာ ၏ ဈာပန အခမ်းအနား ကို မနက်ဖြန် ညနေ သုံးနာ ရီ တွင် မင်းကွန်း ဉ်ကျင်း
ပမည် ဖြစ်သည်။
ပန်းချီဆရာ ရာဟုလာ ၏ သားအကြီး သည် ဖခင် ကဲ့ သို့ ပင် ပန်းချီရေး ဆွဲ သူ တစ်ဦး ဖြစ် ပြီး
သား အလတ် မှာ စန္ဒယား ဆရာ ဖြစ်သည်။




ကွန်မြူနစ်ဆိုတာ ဒီမိုကရေစီနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပါ…အခုလည်း ဒီမိုကရေစီဘက်တော်သားတွေထဲမှာ ဒေါင်းယောင်ဆောင်ထားတဲ့ ကွန်မြူနစ်တွေ ကြီးစိုးနေတာကို တော်တော်များများသိကြပါတယ်..အဲဒီ့ဓမ္မ န္တ ရာယ်တွေဟာ သေသွားတာတောင် သူတို့အရိုးက ကွန်မြူနစ်ဆိုပြီး ထကြွေးကြော်လေ့ရှိတာမို့ ဒီမိုကရေစီ ဘက်တော်သားများသတိရှိကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ကွန်မြူနစ်ကြီး… တမလွန်မှာ လီနင်၊စတာလင်တို့နဲ့ဆုံတွေ့နိုင်ပါစေ…..
hey…he may b communist..but so honest & stayed simple with his arts…
He didn’t lie & attack on others…
His art life @Minkon was so peaceful….
I met Saya Rahula in 2008…I liked his art minded…..It’s not for cash…
He painted many which he trusted….
ဝမ်းနည်းကျေကွဲမိပါသည်။ဆရာကောင်းရာသုဂတိရောက်ပါစေ။