ဆီးရီးယား နိုင်ငံ ဟားမား မြို့  ရှိ ဆန္ဒပြသူများ စခန်းချထား သည့် နေရာများ ကို ဆီးရီးယား သမ္မ
တ ဘာရှား အယ်(လ)အာဆတ် ၏ တပ်များ က ထိုးဖောက်စီးနင်းကာ ပိတ်ဆို့  တိုက် ခိုက် မှု ကြောင့်
ဆန္ဒပြသူ အနည်း ဆုံး ၁၅၀ ကျော်သေဆုံး သည် ဟု ဓါးမ စကတ် မှာ လာသည့် AP သတင်း တစ်
ရပ်တွင် ဖော်ပြထားသည်။
အစိုးရတပ်များ က အင်အားသုံးပြီး နှိပ်ကွပ်ဖြိုခွဲ မှု သည် မွတ်စလင် ဘာသာဝင် တို့  ၏ ဘာသာရေး
ပွဲတော်ရက် ဖြစ်သည့် ရာမာဒန် ဥပုတ် နေ့  မတိုင် ခင် တစ်ရက် တွင် ဖြစ်သည်။ ဆီးရီးယား အစိုးရတပ်
များ သည် ဟားမား မြို့  အပါအ၀င် ဆန္ဒပြ သူများ အင်အား ကောင်း ရာ အခြား မြို့ များ ကို လည်း ၀င်
ရောက် စီးနင်း ခဲ့ သည်။
ငါးလ ကျော်ကြာမြင့် ပြီဖြစ်သည့် လူထု အုံကြွမှု အား သမ္မတ ဘာရှား အယ်(လ) အာဆတ် က အင်
အားသုံးပြီး နှိပ်ကွပ် ဖြိုခွဲရာ တွင် အနည်းဆုံး လူ ၂၀၀၀ ကျော်ခန့် သေဆုံးခဲ့ ပြီး ဖြစ်သည်။
ဆီးရီးယား သမ္မတ ဘာရှား အယ်(လ)အာဆတ် ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှ တစ်ဆင့် အရေး
ယူရန် တောင်းဆိုထားသည်။
ယမန်နေ့ က ဆီးရီးယား စစ်တပ်မှ ဆန္ဒပြသူများ ပိတ်ဆို့ ထားသည့် အတားအဆီး များ ကို ဖယ်ရှား ၀င်
ရောက် စီးနင်းရာ တွင် မြေထိုးစက်များ ၊ တင့်ကား များ အကာအကွယ် ကို ရယူကာ ဆီးရီးယား စစ်တပ်
က မြို့  ထဲ သို့  ၀င်ရောက် လာရာ တွင် ခုခံ သူများ ကို အကုန် ပစ်သတ် ခဲ့ သည်။
လက်ရှိ သမ္မတ အာဆတ် ၏ အဖေ ဆီးရီးယား ကို အုပ်ချုပ် စဉ် က ဟားမား မြို့  တွင် အစ္စလာမစ် အုံကြွ
မှု ဖြစ်ခဲ့ရာ လူလေးသောင်း ကျော် သေဆုံး ခဲ့ သည်။
ဆီးရီးယား အစိုးရက ဆန္ဒပြသူများ အား ရက်စက်စွာ သတ်ဖြတ်မှု ကို အမေရိကန်၊ ကနေဒါ ၊ဗြိတိသျှ နှင့်
ဥရောပ နိုင်ငံ များ က ဆန့် ကျင် ကန့် ကွက်ထား သည်။
Syria
