ဆန္ဒပြသူ တွေ ကို ဆီးရီးယား အစိုးရက နိုင်ငံ တ၀ှမ်းမှာ ဖမ်းဆီးထား တာ ၂၀၀၀၀
ကျော်လောက် ရှိပြီး အချို့ က ဖမ်းဆီး ထား စဉ် အတွင်း မှာ လူမဆန် စွာ ညှင်းပန်း နှိပ်
စက် ခံရတယ် လို့ ဆီးရီးယား ဖေ့ဘွတ်တော်လှန်ရေး စာမျက် နှာ မှာ ဖော်ပြထား ပါတယ်။
ဒီသတင်း တစ်ပတ် အတွင်း ဆီးရီးယား အစိုးရတပ် တွေ ရဲ့  စီးနင်း တိုက် ခိုက်မှု တွေ
ကြောင့် ဆန္ဒပြသူ ၃၀၀ ထက် မနည်း သေဆုံး ခဲ့ပြီး စတင် ဆန္ဒပြကတည်း က ဆိုရင်
၂၀၀၀ ကျော်ရှိ သွား ပြီလို့  သီတင်း တွေမှာ ဖော်ပြထား ပါတယ်။
ဒီနေ့ မနက် ပိုင်း မှာ ဆီးရီးယား အစိုးရ ကို ထိုက်သင့် တဲ့ ပြစ်ဒဏ်ပေး အရေးယူဖို့  လုံ
ခြုံရေး ကောင်စီမှာ တိုင်ပင်နေကြပြီး ရုရှား ကလည်း ဗီတို သုံး ပြီး ကန့် ကွက်မှာ မဟုတ်
ဘူး လို့  သီတင်း တွေက ဆိုပါတယ်။
ဒီကနေ့ မှာ ပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဟာ ပြည်ပရောက်
ဆီးရီးယား အတိုက်အခံ တွေ ကို ၀ါရှင်တန် မှာ တွေ့ ဆုံ ခဲ့ ပါတယ်။
