အီဂျစ် သမ္မတ ဟောင်း မူဘာရက် ကို တရားရုံး တွင် စစ်ဆေးပြီ

အီဂျစ် ပြည်သူများ၏ တစ်လ ကျော်ကြာ  အုံကြွတွန်းလှန်မှု ကြောင့် အာဏာလက်လွတ် ဖြစ်ခဲ့ ရသည့်
အီဂျစ် သမ္မတ ဟောင်း ဟိုစနီ မူဘာရက် ကို ယနေ့ မြို့ တော် ကိုင်ရို ရှိ လုံခြုံရေး ထူထပ် စွာ ချထား
သည့် တရား ရုံး တွင် စတင် စစ်ဆေး နေပြီ ဟု အယ်(လ)ဂျာဇီရား ဂြိုလ် တု ရုပ်သံက သတင်း ထုတ်
လွှင့် ခဲ့သည်။

သမ္မတဟောင်း မူဘာရက် နှင့် သား နှစ်ဦး ကို လာဘ်စားမှု၊ အလွဲ သုံးစား လုပ်မှု နှင့် ဆန္ဒပြသူများ
အား သတ်ဖြတ်မှု တို့  ဖြင့် စစ်ဆေး အရေး ယူနေခြင်း ဖြစ်ပြီး ပြစ်မှု ထင်ရှား ပါက သေဒဏ်ထိ ကျ
ခံရ နိုင်သည် ဟု ဆိုသည်။

တရားရုံး အပြင်ဘက် တွင် ကိုမာ ရောဂါ ကြောင့် အရေးပေါ် တွန်းလှည်း ကုတင် ဖြင့် ရောက် ရှိလာ
သည့် မူဘာရက် အား သူ့ ကို လိုလား သူ များ က သက်တော်ရာ ကျော် ရှည်ပါစေ ဟု ကျွေး ကျော်ကြ
သည်။

အသက် ၈၃ နှစ် အရွယ် ရှိ ပြီ ဖြစ်သည့် ဟိုစနီ မူဘာ ရက် သည် နိုင်ငံ ကို ၂၉ နှစ်ကြာ အုပ်ချုပ် ခဲ့ ပြီး ဖေဖော်ဝါရီလ
၁၁ ရက်နေ့ တွင် ရာထူး မှ ဖယ်ရှား ပေးလိုက်ရသည်။

၎င်း အာဏာ လက်လွှတ် ပြီး နောက် ရှမ်အယ်(လ) ရှိတ် အပန်း ဖြေစခန်း ရှိ ဆေးရုံ တစ်ခု တွင် တက်ရောက် ကုသ
ခံနေရစဉ် ယနေ့  စစ်ရဟတ် ယာဉ် ဖြင့် ယာယီ တရား ရုံး တည် ရှိရာ ကိုင်ရို ရဲ သင်တန်း ကျောင်း သို့  စစ်တပ် ရဟတ်
ယာဉ် ဖြင့် ရောက် ရှိ လာခြင်း ဖြစ်သည်။

မူဘာရက် သည် ဆန္ဒပြ သူများ ကို လူမဆန်သည့် နည်းလမ်း များ သုံး ပြီး နှိပ် ကွပ် ခဲ့မှု ကြောင့် ၈၀၀ ကျော် သေဆုံးပြီး
၉၀၀၀ ကျော်ဒဏ်ရာရရှိသည်။ သူ၏ သား နှစ် ဦး ဖြစ်သူ ဂါမဲလ် နှင့် အာလာ မူဘာရက် တို့ နှစ်ဦး လည်း ဖခင် ဖြစ်သူ
နှင့် အတူ အစစ်ဆေး ခံရမည် ဖြစ်ပြီး သူ ၏ ပြည်ထဲရေး ၀န်ကြီး နှင့် ထိပ်တန်း ရဲအရာ ရှိ အချို့ မှာ မူ ကနဦး ပြစ်ဒဏ်
များ ကျ ခံ နေရ ပြီး ထောင် သွင်း အကျဉ်း ချ ခံထား ရသည်။

မူဘာရက် ကို ရုံးတင် စစ်ဆေး တာ ကို အီဂျစ် ရုပ်သံ အစီအစဉ် က တိုက် ရိုက် ထုတ်လွှင့် ပြသ ခဲ့ ပါတယ်။