မီဒီယာ နယ် ကို ပိုပြီး ရင်းနှီးမြုပ်နှံလာ

ဟိန်းခိုင်ထွန်း၊       ၊မြန်မာ နိုင်ငံ၏ မီဒီယာ နယ်ပယ်ထဲ သို့  ငွေကြေးတတ် နိုင်သူများ က ပိုမို
ဝင်ရောက်လာသည် ဟုလျှပ်တစ်ပျက် သတင်းဂျာနယ်မှ အမည် မဖော်လို သည့် ၀န်ထမ်း တစ်ဦး
က FNG သို့ ပြောသည်။ယခင် က ၀ါသနာ အနည်းငယ် ပါသည့် ထိပ်တန်း စစ်အရာရှိ များ ၏
ဆွေမျိုး မိသားစုများ  လောက်သာ ငွေလုံး ငွေရင်း နှင့် ၀င်ရောက် လာကြသော် လည်း လွန်ခဲ့သည့်
တစ်နှစ် ခန့် မှာ စ၍ ပြင်ပ စီးပွား ရေး လုပ်ငန်း ရှင် များ  နှင့် ပြည်ပရောက် မြန်မာ အချို့  ပိုမို
ရင်းနှီးမြုပ်နှံ လာသည် ဟု သိရှိ ရသည်။

မြန်မာ မီဒီယာ လောက ၏ အကိုင်း အခက် တစ်ခု ဖြစ်သည့် စာနယ်ဇင်း လောက သို့  စာပေရေး
သား သူ မဟုတ် ပဲ ထုတ်ဝေသူ အနေဖြင့် ပထမ ဦးဆုံး ရောက်ရှိ လာသူများ မှာ ယခင် မြန်မာ
နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင် ၏ သား ဖြစ်သူ ဦးသောင်းစုငြိမ်း က 7 Days News Journal
Internet Journal တို့  ဖြင့် ၀င်ရောက်လာပြီး၊ ယခင် အတွင်းရေးမှုး ၃ လုပ်ခဲ့သူ ဗိုလ်ချုပ်ဝင်းမြင့် ၏
မိသားစု က ပေါ်ပြူလာ ဂျာနယ်၊ ဗိုလ်ချုပ် တင်အေး ၏ သား ဦးဇော်မင်းအေး က မြန်မာသစ် ဂျာနယ်
တို့ ဖြင့် ၀င်ရောက် လာခဲ့ သည်။

စက်မှုလက်မှု ၀န်ကြီးဟောင်း ဦးအောင်သောင်း ၏ သားဖြစ်သူ ယခု အမရာ ဘဏ် ကို တည်ထောင်ထား
သည့် ဦးနေအောင် က Myanmar Wall Street အမည်ဖြင့် ဂျာနယ် တစ်စောင် ထုတ် မည် ဖြစ်ပြီး
ယခင် ရန်ကုန် တိုင်းမှုးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ၏ မိသားစုက လည်း ဂျာနယ် တစ်စောင်
ကို ထုတ်ဝေမည် ဟု သတင်း ရရှိသည်။

FM ရေဒီယို အသံလွှင့် လုပ်ငန်း နှင့် ရုပ်သံ လိုင်း အစီအစဉ် များ ကို မူ ငွေကြေးပိုမို တတ် နိုင် ပြီး ပေါက်
ရောက် မှု လည်း ရှိ ကာ ခောတ်မှီ နည်းပညာ တတ်ကျွမ်း သည့် စစ်ခေါင်းဆောင် အချို့  ၏ မိသား စု များ
က ထိမ်းချုပ် ထား သဖြင့် ဒုတိယတန်း စစ်အရာ ရှိ မိသားစု ၀င်များ က မူ ထို အနား သို့  မကပ် နိုင်
ဟု သိရသည်။

မြန်မာ မီဒီယာ လောက ထဲ သို့  ငွေကြေးတတ် နိုင် သူများ ၀င်ရောက် လာခြင်း နှင့် ပတ်သက်ပြီး နာမည်
ကျော် အား ကစား ကလောရှင် တစ်ဦး က ” မီဒီယာ ဘဘက် ကို ပိုပြီး ရင်းနှီး မြုပ် နှံ လာတာ မီဒီယာ သမား
တွေ အတွက် ကောင်း တာ ပေါ့၊ တစ်ချို့  က ၀ါသနာ နဲ့  စိတ် ၀င်စားမှု ၊ အချို့ ကတော့ ဒီနယ် ပယ် မှာ ဖျာဝင်
ခင်းကြတာ၊ တစ်ချို့ က မီဒီယာ ကိုင် ထားရင် စီးပွား ရေး လုပ်ရတာ ပို အဆင် ပြေတယ် ဆို ပြီး ၀င်လာ ကြတာ
ရည်ရွယ် ချက် ကောင်း ဖို့  လိုတယ် ”  ဟု ပြောသည်။

မြန်မာ နိုင်ငံ ၏ ဂျာနယ် ၊မဂ္ဂဇင်း များ မှာ ယခု အခါ နိုင်ငံရပ်ခြား တိုင်း ပြည်မှ မြန်မာ များ က မှာ ယူကြ၍
ပြည်တွင်း ဈေးကွက် ထက် နိုင်ငံ ခြား ဈေးကွက် ကို ပင် ပိုမို ပို့ ဆောင် ရသည်။

မြန်မာ နိုင်ငံ ၏ အရောင်း ရ ဆုံး ဂျာနယ် များ မှာ စောင်ရေ တစ်သိန်း ကျော် ရှိ ကာ အချို့  ဂျာနယ် များ မှာ
စောင် ရေ တစ်ထောင် ၀န်းကျင် ခန့် သာ ရှိ သည်။

ထုတ်ဝေသူ လုပ်ငန်း ရှင်များ က သတင်း၊ အားကစား (ဘောလုံး) နှင့် ဆေးပညာ အမျိုး အစား ဂျာနယ် များ
ကို ထုတ်ဝေ ရန် အားသန် ကြသည်။ မြန်မာ နိုင်ငံ တွင် စောင်ရေး အများ ဆုံး နှင့် အရောင်း ရဆုံး မှာ နက္ခတ္တ
ရောင် ခြည် မဂ္ဂဇင်း ဖြစ် ပြီး သူ ပြီး လျှင် သူ့  နောက် မှ ဒုတိယ ၊ တတိယ လိုက်သည့် မဂ္ဂဇင်း များ ပင် လျှင်
သူ့ တစ်ဝက် ခန့် စောင့် ရေပင် မရှိ ဟု သိရသည်။