ကြွေးမြီ ယုံကြည်ရမှု တွင် အမေရိကန် A သုံးလုံး အဆင့်မှ ပြုတ်ကျ

နှစ်ပေါင်း ၁၄၀ ကျော် သက်တမ်း ရှိ ပြီ ဖြစ်သည့် Standard & Poor’s နိုင်ငံတကာ ဓန နှင့်
ဥစ္စာရင်း မြစ် စီမံ ခန့် ခွဲမှု အဖွဲ့  ကြီးက ယနေ့ အမေရိကန် စီးပွား ရေး အား အလွန်ကောင်း
မွန် သည့် အဆင့် AAA မှာ လျှော့ ချလိုက် သည် ဟု ယနေ့ သတင်း ထုတ် ပြန်သည်။

ပြီး ခဲ့ သည့် သတင်း ပတ်က နိုင်ငံ တွင်း ရှိ ကြွေးမြီ ပေး ဆပ် နိုင်ရန် အစိုးရ အသုံးစရိတ်
မျက်နှာကျက် မြှင့်တင်ရေး တွင် အကြိတ် အနယ် ကန့် ကွက်မှု များ ပေါ်ပေါက် ပြီး နောက်
S&P က ယခု ကဲ့ သို့ ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

S&P ၏ သတ်မှတ်  ချက်သည် အမေရိကန် သွင်းကုန် ထုတ်ကုန် လုပ်ငန်း နှင့် နိုင်ငံ တကာ
အစိုးရ ချေးငွေစာချုပ် တို့ တွင် မူ ထိခိုက်မှု ရှိလာ နိုင်သည်။

S&P ပြောခွင့် ရ ပုဂ္ဂိုလ်က ” ပြီးခဲ့တဲ့ သီတင်း ပတ်က လွှတ်တော် မှာ ကြွေးမြီ လျှောချရေး အတွက်
အစိုးရ အသုံးစရိတ် ဖြတ်တောက် ဖို့  ဆွေးနွေး ခဲ့ကြတာ တွေမှာ နိုင်ငံ စီးပွားရေး တည်ငြိမ်
ဖို့  အတွက် လုံလောက်မှု မရှိ သေးဘူး ၊ နောက် ဆယ်နှစ် အတွင်း အကြွေးတွေ အတွက် အစိုးရ
အသုံး စရိတ် လျှော့ ချမယ် ဆိုတာ တွေ မှာ လည်း အကောင်အထည် ပေါ်ဖို့  အတွက် အချိန် အများ
ကြီး လို အုံး မယ် ” ဟု ကြွေးမြီ ယုံကြည်ရမှု လျှော့ ချခြင်း နှင့် ပတ်သက် ပြီး ပြောခဲ့သည်။

အမေရိကန် နိုင်ငံ အား AAA အဆင့် မှာ AA+ အဆင့် သို့ လျှော့ ချခဲ့ ခြင်း ဖြစ်သည်။ စီးပွား
ရေး တိုးတက် ရန်၊ နိုင်ငံရေး ဦးဆောင် နိုင်မှု  နှင့် ကြွေးမြီပြဿနာ များ ကို အောင်မြင်စွာ မဖြေ
ရှင်း နိုင်ပါက အမေရိကန် သည် နောက် နှစ် နှစ် အတွင်း AA အဆင့် သို့ ကျဆင်း နိုင် သည်
ဟု S&P က ထပ်မံ သတိပေးထားသည်။

Live Blog: Ratings, Jobs and Global Markets Turmoil

အမေရိကန် သည် AAA အဆင့် တွင် နှစ် ၇၀ ကျော် ကြာမြင့် စွာ တည်ရှိ ခဲ့သည်။

S&P ၏ Credit Rating သတ်မှတ် ချက် သည် အမေရိကန် နိုင်ငံ ရေး  နှင့် ကမ္ဘာလုံး စီးပွား
ရေး တို့  တွင် များ စွာ သက်ရောက် မှု ရှိ ပြီး ယခု ကဲ့ သို့  အဆင့်လျှော့ ချ သတ်မှတ် ခံရမှု
သည် အမေရိကန် သမိုင်း တွင် ပထမ ဦး ဆုံး အကြိမ် ဖြစ်သည်။

အမေရိကန် ၏ စတာ့ ရှယ်ယာ ဈေး နှုန်း နှင့် အိမ်ခြံမြေ ဈေး နှုန်း သည် သည် လည်း ယမန်
နေ့  က စပြီး သုံး နှစ် အတွင်း သိသိ သာသာ ထိုးကျ ခဲ့ သည်။

အမေရိကန် ဘဏ္ဍာ ရေး ၀န်ကြီး တင်မိုသီ ဂစ်နာ က မူ မှားယွင်းသည့် သုံးသပ် ချက် ဟု သတင်း
ထုတ်ပြန် ခဲ့သည်။

အမေရိကန် သမ္မတ အိုဘာမား သည် တနင်္ဂနွေ ရက်သတ္တပတ် Camp David အပန်းဖြေစခန်း
သို့ မသွား ခင် ဘဏ္ဍာ ရေး ၀န်ကြီး အပါအ၀င် အစိုးရ ငွေကြေး စီမံမှု ထိပ်တန်း အရာ ရှိ များ
နှင့် တွေ့ ဆုံ မည်ဖြစ်သည်။

S&P ၏ လုပ်ဆောင် ချက် သည် အိုဘာမား အစိုးရ အဖွဲ့  အတွက် နိုင်ငံရေး အရ အခက် အခဲ
ကြုံစေသည့် ထိုး နှက် ချက် လည်း ဖြစ်ပြီး ရီပတ်ဘလီကန် တို့  အတွက် နောက်နှစ် ရွေးကောက်
ပွဲ တွင် အခွင့် သာစေ နိုင် သည် ဟု NPR မှတ် ချက် များ တွင် ဖော်ပြထားသည်။

နိုင်ငံများ ၏ ကြွေးမြီ ယုံကြည်ရမှု အဆင့် ကို standard and poor အဖွဲ့ ကြီးက ဤသို့  အရောင်များ ဖြင့် သတ်မှတ် ပေးရာ အစိမ်းရောင် သည် AAA အဆင့် ဖြစ်ပြီး အမေရိကန်၊ဥရောပ နိုင်ငံ အချို. ဂျပန် နှင့် သြစတေးလျှ နိုင်ငံများ ဖြစ်ပြီး အခြား အဆင့်များမှာ Green – AAA Turquoise – AA Lighter blue – A Darker blue – BBB Purple – BB Red – B Grey – not rated