မိုင်သန်း ထောင်ချီ တဲ့ ကြာသပတေးဂြိုလ် ကို ဂျူနို ရွက်လွှင့်

နေစကြာဝဋာ ထဲ က အကြီးဆုံး ဂြိုလ်ဖြစ်တဲ့ ကြာသပတေးဂြိုလ် လို့ လူသိများတဲ့ ဂျူပီတာ ဂြိုလ်
ကို လေ့လာဖို့ နဲ့  နေစကြ၀ဋာ ဖြစ်ပေါ် လာပုံ တွေ ကို လေ့လာ နိုင်ဖို့  အမေရိကန် နိုင်ငံ ဖလော်ရီ
ဒါ ပြည်နယ်မှာ ရှိတဲ့ ကနေဒီ အာကာသ စခန်း ကနေ လွှတ်တင် ခဲ့ တာ ဖြစ်ပါတယ်။

ဂျူနို လို့  အမည် ပေးထားတဲ့ ဒီဂြိုလ်တု ကို လွှတ်တင် နိုင် ဖို့  အမေရိကန် အမျိုးသား အကာသ သိပ္ပံ
ဟာ စိတ်ကူး ကို စတင် ခဲ့တာ ကနေ ရေတွက် ရင် နှစ် လေးဆယ် ကျော်ကြာမြင့် ခဲ့ ပြီး ကုန်ကျငွေ
ဒေါ်လာ သန်း တစ်ထောင့် လေးရာ ကျော် ရှိ တယ် လို့ LATIMES သတင်းစာ မှာ ဖော်ပြထားပါတယ်။

ကမ္ဘာကနေ မိုင်ပေါင်း သန်း ၈၀၀ ကျော်ဝေးကွာ တဲ့ ဂျူပီတာ ဂြိုလ် ကို ရောက် ရှိ ဖို့  အတွက် အချိန်
ငါး နှစ် နီးပါးယူရမှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇူလိုင် လ မှာ ကြာသပတေး ဂြိုလ် ရဲ့  အနီး ဆုံး နေရာ ကို
ရောက် ရှိမှာ ဖြစ်ပါတယ်။

ပို၍ အတိုချုံးထားသော အချိန်၏ သမိုင်းအကျဉ်း (ဘာသာပြန်) နှင့် နေစကြာဋာ ဆွေးနွေးချက် များ ကို ဤနေရာတွင် ဖတ်ပါ

ကြာသပတေး ဂြိုလ် ကို လွှတ် တဲ့ Juno ဒုံးယာဉ် ဟာ လူလိုက်ပါခြင်း မရှိ ဘဲ နေစွမ်း အင် နဲ့  မောင်း
နှင် မှာ ဖြစ်ပြီး ကြာသပတေး ဂြိုလ် နား ရောက်ရင် တော့ ဒုံးယာဉ် ထဲ မှာ ပါတဲ့ ဂြိုလ်တု ကို အကာသ
ထဲ ကို ထုတ် ပြီး လေ့လာ မှာ ဖြစ်ပါတယ်။

ကြာသပတေး ဂြိုလ် ကို ဘီစီ ၇ ရာစုမှာ တရုတ် အာကာသ နက္ခတ ပညာရှင် တစ်ဦး က တွေ့ ရှိ တာ ဖြစ်ပြီး
နောက်တော့ ရီနေဆန်း ခောတ် နက္ခတ် ပညာရှင် ဂယ်လီလီယို က အသေးစိတ် ထပ်မံ တွေ့ ရှိ ခဲ့ ပါတယ်။

ကြာသပတေး ဂြိုလ် ကို အရင်က ဂယ်လီလီယို၊ကာဆီနီ၊ယူလိုက်ဆက် စတဲ့ ဂြိုလ်တု တွေ နဲ့  ဓာတ်ပုံ မှတ်
တမ်း ရယူ နိုင်ခဲ့ပါတယ်။

၁၁ ၈၆ နှစ်ကြာမှ ကြာသပတေး ဂြိုလ် ဟာ နေကို တစ်ပတ်ပတ် မိဖို့  တာ ဖြစ်ပါတယ်။  ဂျူပီတာ ဂြိုလ် ကို

လာမယ့် စက်တင်ဘာလ မှာ ကမ္ဘာက အထင်ရှားဆုံး မြင်ရမှာ ဖြစ်ပါတယ်။


ဂျူနို အာကာသ ဒုံးယာဉ် ပျံတက်သွားသည် ကို ကြည့်ရှု နေသူများ EPA/JUSTIN DERNIER ** Usable by LA Only **