မြန်မာ စစ်အစိုးရ က နိုင်ငံခြား တိုင်းပြည် များမှ မှာ ယူထား သည့် အဆင့်မြင့် လက်နက် ကြီးများ
အား ဒီကေဘီအေ ခွဲထွက် အဖွဲ့ များ ကို တိုက် ခိုက်ရာ တွင် အသုံး ပြု ရန် အတွက် မြ၀တီ မြို့ 
အနီးရှိ သင်္ကန်းညီနောင် မြို့  သို့  ရောက် ရှိလာပြီ ဟု FNG မှ စုံစမ်း သိရှိ ရသည်။
အဆိုပါ လက်နက် ကြီးများ မှာ မူလက သြဂုတ် ၁ ရက် နေ့ တွင် ရောက်ရှိ ပြီး သြဂုတ်လ ၉ ရက်
နေ့ တွင် ထိုး စစ်ဆင် ရန် စီစဉ် ထား သော် လည်း ဘားအံ မြို့ တွင် ရေကြီး နေ၍ ဗိုလ်ချုပ် လှဌေး
ဝင်း က ကာကွယ်ရေး ဦးစီးချုပ်ထံ အမိန့် တောင်းခံ ပြီး ရွှေ့ ဆိုင်း ခဲ့ ခြင်း ဖြစ်သည်။
နေပြည်တော် ရှိ သံချပ်ကာ ယန္တယား တပ် မှ အရာ ရှိ တစ်ဦး က ” အခု ကရင် ပြည်နယ် အရှေ့ ခြမ်း
ကိုတော့ စစ်ဆင်ရေး အကြီး အကျယ် လုပ်မယ်။ စစ်ဆင်ရေး နာမည် ကို မြ၀တီ လို့ ယာယီ ပေး
ထားတယ်။ ဒီတိုက်ပွဲမှာ ပါတဲ့ သူတွေ အကုန် လုံး ကို ရာထူး တစ်ဆင့် ကနေ နှစ် ဆင့် တိုး ပေး
မယ် လို့ တရားဝင် အသိပေးထား တယ်။အခု တပ်တွေ အကုန် လုံး ကရင်ပြည် ရောက် နေပြီ မကြာ
ခင် ထိုး စစ်ဆင် ဖို့  စီစဉ် နိုင်မယ် ” ဟု ပြောသည်။
ယခင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အဖွဲ့ မှ တပ်မဟာ ၅ တပ်မှုး ဖြစ်သူ ဗိုလ်မှုးချုပ် စောလား
ပွယ် သည် မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်း ပ နေ သည့် အချိန် က နယ်စပ်မြို့  မြ၀တီ ကို
ဝင်ရောက် သိမ်း ပိုက် နိုင် ခဲ့ သည်။
မြန်မာ စစ်အစိုးရ သည် ပြီးခဲ့ သည့် လက နယ်စစ် ကုန်စည် စီးဆင်းမှု မျာုးပြန်လည် ဖွင့်ပေး စေ
လို လျှင် ကရင်ပြည်နယ် ထိုး စစ်ဉ် ခပ်မဆိတ် နေပေး ရေန် ထိုင်း နိုင်ငံ တာဝန်ရှိ သူများ ကို အကြောင်း
ကြားထား သည်။

ပြည်တွင်းစစ်မှာတင့်ကားသုံးလို့မရဘူးလို့ နိုင်ငံတကာမှာသိကြပါတယ် ဒါပေမဲ့မြန်မာစစ်အစိုးရကတော့
နားမလည်းဘူး ဘာဖြစ်လို့လဲဆိုတော့ စာမတက်ကြလို့လေ လူကိုလည်းလူလို့မမြင်ဘူး အစာလို့မြင်နေတာ တိုင်းရင်းသားအချင်းချင်းရန်ဖြစ်နေရင် တော့သိတဲ့အတိုင်းဘဲ တရုတ်က လုပ်သွားလိမ့်မယ်
ပြည်တွင်းစစ်မှာ လက်နက်မှန်သမျှ အကုန်သုံးလို့ ရပါတယ်..တစ်ကမ္ဘာလုံးက ပြည်တွင်းစစ်တွေမှာလည်း သုံးခဲ့ကြပါတယ်။ တစ်ဘက်သတ် ချေမှုန်းခြင်းသာ မပြုရတာပါ။ ( ဥပမာ.. တပ်စုလေး တစ်စုကို အမြောက် အလက် ၄၀/၅၀ လောက်နဲ့ ဒါမှမဟုတ် တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ချေမှုန်းတာမျိုးပါ.. ။)
စစ်မင်းနိုင်သူရေ အဲ့ဒီနုတ်ခမ်းမွှေးဆိုတဲ့ ငမိုက်သားက မင့်အမေလင်တွေ မွေးထား မြောက်ထားပေးတဲ့ကောင်ဘဲ ။ ကိုယ်မွေးတဲ့မြောက်ကိုယ့်ကိုခြောက်နေတာပါ။ ၇န်ကုန်မှာဖါလာမချစေချင် ရင် မင့်နှ မ ပို့ပေးလိုက်ပေါ့ကွာ လွယ်လါယ်လေးပါ။ အဟိ အဟိ အဟိ
ငပွေးတွေ ချောင်းချောင်းပစ်လို. ဗမာစစ်သားတွေ သေတုန်းက ဘုရား ဘုရား မတပဲနဲ. ခုတော. မြဝတီ ထိုးစစ်တောင် မဆင်ရသေးဘူး မိုက်တွင်းနက်သလေး ဘာလေး ညာလေးနဲ. ဒီနုတ်ခမ်းမွေးက ဆက်လွတ်ထားရင် ရန်ကုန်မှာ ဘီယာသောက်ရင်းဖာလာချနေလိမ်.မယ် ။ မြန်မြန်လေး ကိစ္စတုံးလိုက်စမ်းပါ။
အမှန်တိုင်းပြောရရင် ကိုယ့်နိုင်ငံက လက်နက်ကြီးတွေ ပိုင်တယ်ဆိုတော့ မြန်မာ့တစ်ယောက်အနေနဲ့ ၀မ်းသာပါတယ်။ ဒါပေမယ် ကိုယ့်အချင်းချင်းပြန်ပြီးတိုက်ခိုက်မယ်ဆိုတော့ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အားလုံးဟာမြန်မာ့ တိုင်းရင်းသားတွေပါ။
ကြားရတာ စိတ်တကယ် မကောင်းဖြစ်မိတယ် ။ တိုင်းပြည် တိုးတက်ဖို့ရာ လူ အချင်းချင်း သတ်ဖြတ်နေဖို့လိုလို့လားဗျာ ။ ပြီးတော့ မြန်မာ ပြည်သား အချင်းချင်း ။ လောကကြီးမှာ အရာရာကို ကိုယ်တစ်ဦးထဲက လိုချင်လို့ရမလား ။ လူဆိုရင် စဉ်းစားတတ်မှာပါ ။ ကျွန်တော် စစ်သားတွေကို ပြောချင်တယ်ဗျာ ။ ခင်ဗျားတို့တွေ စားနေတဲ့ ထမင်းတွေ ဟင်းတွေ က ခင်ဗျားတို့ ကောင်းလှပါတယ် ဆိုတဲ့ တပ်မတော်က ကျွေးထားတာလားဗျာ ။ ကျေးဇူးရှင်ကို မသိပဲ ခွေးလောက်မှ အသိဥာဏ် မရှိတဲ့ အလုပ်ကို ခုထိ လုပ်နေကြမှာလား ။ စစ်အသုံး စရိတ်တွေ လျှော့ပြီး လမ်းလေးတစ်လမ်းလောက်ပဲ တည်ဆောက်ပေးကြည့်ပါ ။ ခင်ဗျားတို့ကို ပြည်သူ လူထု ကကျေးဇူးတင်မှာ အမှန်ပါ ။ နဂိုက မှားခဲ့တာတွေကို ပြန်ပြုပြင်ဖို့ကို မစဉ်းစားပဲ အဆိုးဘက်ကိုပဲ သွားနေတော့မှာလား ။ စစ်ဖြစ်ရင် ဘာတွေဖြစ်မလဲ ။ အချိန်တွေကုန်မယ် ။ ပြည်သူတွေ ဒုက္ခရောက်မယ် ။ အဓိက က တော့ အချိန်တွေပေါ့ဗျာ ။ ကျွန်တော်ကတော့ မေးလိုက်ချင်ပါတယ် ။ သင် ဘာဆက်လုပ်မှာလဲလို့ ။
ကျွန်တော်ကြားရသမျှသီတင်းတွေနဲ့ ကိုယ်တွေကြုံခဲ့ရသမျှဆိုရရင် ငွေရှင်ရဲ့အထက်မှာ အာဏာရှင်ရှိပြီး ပြည်သူလူထုကတော့ နင်းပြားပေါ့ဗျာ။ ဒီလောက်ဖိနှိပ်ချုပ်ခြယ်ခံနေရပါတယ်၊ ဒီလောက်ဖမ်းစည်းညှင်းပမ်းအနှိပ်ခံနေရပါတယ်ဆိုတာ လူတိုင်းအသိပါ.. ဘားကြောင့် စစ်တပ်ထဲဝင်ဖို့ ဗိုလ်လောင်းရှောက်ဖို့ ကြိုးစားနေချင်ကြလဲ လို့ဆိုတာ အဲ့ဒီမိသားစုဝင်တွေကို ကျွန်တော်မေးချင်ပါတယ်။ ဘာကြောင့်လဲ….အခွင့်အရေးလိုချင်လို့လား။ ကိုယ့်ဗမာအချင်းချင်းကိုမှ ညှင်းပမ်းချင်လို့လား။ နေ့တိုင်းစားနေတဲ့ ထမင်း၂နပ်မှာ အကုသိုလ်မပါရင် အရသာမရှိဘူးလို့ မင်းတို့မိဘတွေက မှာထား၊ သင်ပေးထားလား။ ငါတို့ရဲ့သခင် ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ ဗမာ့တပ်မတော်ဆိုတာ နယ်ချဲ့ကိုတော်လှန်ဖို့နဲ့ တိုင်းပြည်ကာကွယ်ဖို့ အတွက်ကိုသူရည်ရွယ်ခဲ့တာပါ။ အခုသူထူထောင်ထားတဲ့ တပ်မတော်က သူ့ပြည်သူတွေကိုနှိပ်ဆက်နေတာများဆို ဘုန်းကြီးပါမကျန်အောင်ပါဘဲ။ သူဘယ်လောက်ထိကြေကွဲရှာမလဲ ပညာတတ်ဗိုလ်လောင်းလေးတွေ မင်းတို့စဉ်းစားကြည့်ပါ။ မင်းတို့တွေဟာ ဗမာ ဗုဒ္ဓဘာသာတွေမှ ဟုတ်ကြသေးရဲ့လားဆိုတာ တွေးကြည့်မိကြရဲ့လား။
ဝမ်းဖိုက်ဖိုက် (၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ) တွေ ပို့တာပါ။ မဟာဗျူဟာ အရပို့တာ နေမှာပါ။ တကယ်တမ်းသုံးဖို့ ဆိုရင်တော့ စရိတ်ကြီးလွန်းတဲ့အတွက် သုံးဖို့ မသေချာပါဘူး။ လမ်းညွှန်စနစ်ပါတဲ့အတွက် အမြောက်ကျည် တစ်တောင့်ပစ်ရင် ဒေါ်လာ သုံးသောင်းကျော်လောက် ကုန်တယ်။ ဘယ်လောက်ကုန်ကုန်ဆိုပြီး သုံးရင်တော့ ကိုနှုတ်ခမ်းမွှေး(စောလားပွယ်) ကံဆိုးပြီ
သတိ..!!
မြန်မာ..အစိုးရ.စစ်သားများ..သိရှိစေရန် ဆောင်ပုဒ်ဖြစ်ပါသည် ။
“ ရဲဘော်တတွေ..သေသော်… သရဲသွားမည်..”
“ ရဲဘော်တတွေ.. သေသော်… ငရဲသွားမည်..”
ဘာစစ်အစိုးရလဲ…ကိုယ့်တိုင်းရင်းသားအချင်းချင်း ကိုအဆင့်မြင့်စစ်လက်နက်ကြီးတွေနွဲ့တောင်တိုက်အုံးမယ်ပေါ့လေ။ဘုရားဘုရား ဒင်းတို့ရဲ့ မိုက်တွင်းနက်ပုံကတော့ ကန်းကုန်အောင်ဘဲပါလား။လူတွေမှဟုပ်ကြရဲ့လား။ကိုယ့်လူမျိုးအချင်းချင်းလေ။ တိုင်းတပါးကလာကြူးကျော်လို့ဆိုရင်လဲလူကြားကောင်းသေး။ဦးနှောဏ်တွေ မှရှိကြရဲ့လား။အဲ့ဒါလားတိုင်းပြည်ခေါင်းဆောင်။ရှက်စရာကောင်းလိုက်တာ။ ငါတို့တွေရဲ့ကုသိုလ်ကလဲဆိုးလိုက်တာ။ဒီလိုလူမျိုးတွေရဲ့လက်အောက်မှာမှလူလာဖြစ်ရတယ်။ လ