၂၀၀၆ ခုနှစ်က စစ်တပ် က အာဏာသိမ်းပြီး ရာထူး မှ ဖယ်ရှာခြင်း ခံခဲ့ ရသည့် ထိုင်း ၀န်ကြီးချုပ်
ဟောင်း သက်ဆင် ရှင် နာဝရပ် ၏ ညီမ ဖြစ်သူ ယင်လပ် ရှင် နာဝရပ် သည် ထိုင်း နိုင်ငံ ၏ ပထမ
ဆုံး အမျိုးသမီး ၀န်ကြီးချုပ် အဖြစ် ပါလီမန် မှ အတည်ပြုခန့် အပ် လိုက် ပြီ ဟု နေရှင်း သတင်း
စာ တွင် ဖော်ပြထား သည်။
ယင်လပ် အား အောက်လွှတ်တော် ရှိ အမတ် ၅၀၀ အနက်မှ ၂၉၆ ဦး က ထောက်ခံမဲပေးကာ
အတည်ပြု ခန့် အပ် လိုက်ခြင်း ဖြစ်သည်။ ယင်လပ် သည် ဇူလိုင် လ ၃ ရက်နေ့ က ကျင်းပခဲ့
သည့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲ တွင် ၀န်ကြီးချုပ် အဘီဆစ် ၀ဇ္ဇာဇီဝ ကို ဖြတ် ကျော် အနိုင်
ယူလာ ခဲ့ခြင်းဖြစ်သည်။
” ပြည်သူတွေ က ကျွန်မ ကို တရားနည်းလမ်း နဲ့  အညီရွေးချယ်လိုက် လို့  ကျွန်မ ဂုဏ်ယူပါတယ်။
အခု ၀န်ကြီးချုပ် ဖြစ်တော့ အရမ်းလည်းစိတ်လှုပ် ရှား နေတယ်” ဟု ယင်လပ် ရှင်နာဝရပ် က ပွေ့ 
ထိုင်း ပါတီ ညစာ စား ပွဲ တွင် သတင်းထောက်များ ကို ပြောသည်။
ထိုင်းဝန်ကြီးချုပ် သစ် ဖြစ်လာ သည့် ယင်လပ် ၏ ပထမ ဦး ဆုံး ဦးစားပေး လုပ်ဆောင် ရမည့် အစီ
အစဉ်များ မှာ အမျိုးသား ပြန်လည် သင့် မြတ်ရေး ဖြစ်ပြီး ၊ သက်ဆင် အာဏာလက်လွှတ် ရပြီး က
တည်းက ပေါ် ပေါက် လာသည့် နိုင်ငံရေး အကျပ် အတည်းများ နှင့် ပြိုင်ဘက် အုပ်စုများ အချင်းချင်း
၏ တစ်ဖက် နှင့် တစ်ဖက် ဆန့် ကျင်ရေး လှုပ်ရှား မှု များ ကို ချူပ်ငြိမ်းရန် လို သည် ဟု အကဲခတ်
များ က သုံး သပ်ကြသည်။
ဘုရင် စနစ် ကို အစွဲအလန်း ကြီးစွာ ထောက်ခံ သူများက ယင်လပ် သည် သက်ဆင် ၏ ရုပ်သေးမျှ
သာ ဖြစ်ပြီး သူ့ အကို ဖြစ်သူ လွတ် ငြိမ်းချမ်းသာ ခွင့် ရ အောင် လုပ်ပေး လိမ့်မည် ဟု ဝေဖန်ကြသည်။
အသက် ၄၄ နှစ် အရွယ်ရှိ စီးပွားရေး လုပ်ငန်းရှင် ၊ အိမ်ထောင်ရှင် အမျိုး သမီး ယင်လပ်က တော့
အကို ကအကို ကျွန်မ က ကျွန် မ ဟု ပြောသည်။
ဝန်ကြီးချုပ် ဘ၀ ဖြင့် တိုင်း ပြည် ကို နောက် ဆုံး မိန့် ခွန်း ပြောခဲ့ သည့် အဘီဆစ် က ” အစိုးရ သစ်
ဟာ နိုင်ငံရေး တည်ငြိမ် အောင်၊ စီးပွားရေး တိုးတက် အောင်၊ ပြည်သူတွေ ပျော်ရွှင် နိုင်အောင် လုပ်
ပေး နိုင် လိမ့် မယ် လို့  ကျွန်တော် ယုံကြည် ပါတယ်” ဟု မိန့် ခွန်း တွင် ထည့်သွင်း ပြောကြားသည်။
ပြီးခဲ့ သည့် နှစ် က သက်ဆင် လို လား သူများ ၏ ဆန္ဒပြပွဲ များ ကို အဘီဆစ် အစိုး ရ က နှိပ် ကွပ်ရာ
တွင် တစ်ရာ ကျော် သေဆုံး ပြီး ၂၀၀၀ ကျော် ဒဏ်ရာ ရရှိ ခဲ့ သည်။
ထိုင်း နိုင်ငံရေး အခြေ အနေ သည် ပျားရည်ဆမ်း ခရီး အဆင့် သာရှိ ပြီး ရှေ့ ဆက် ရမည် မှာ အများ
ကြီး ကျန် သေး သည် ဟု နိုင်ငံရေး အကဲ ခတ် များ က သုံး သပ်ကြသည်။
ထိုင်း နိုင်ငံတွင် ၁၉၃၂ ခု နှစ် မှ စပြီး စစ်တပ် က အာဏာသိမ်းမှု ပေါင်း ၁၈ ခု ရှိ ခဲ့ သည်။
ဝန်ကြီးချုပ် သစ် ယင်လပ် ရှာနာဝရပ် သည် ထိုင်း နိုင်ငံ ၏ နိုင်ငံ အကြီးအကဲ ဖြစ်သူ ဘရင် ဘူမီ
ဘော အဒူလျှာဒက် ၏ ရှေ့ တော်မှောက် သို့ သွားရောက် ပြီး ၀န်ကြီးချုပ် အဖြစ် ပေးသနား တော်
မူခြင်း ကို ခံယူရ အုံး မည် ဖြစ်သည်။
ယင်လပ် ရှင် နာဝရပ် သည် နိုင်ငံရေး နယ်ထဲ သို့  ၀င်ရောက် ပြီး ငါးလ အကြာ မှာ ပင် အာဏာ
ရရှိ ခဲ့ သည်။ သူမ ၏ ပွေ့ ထိုင်းပါတီ သည် လွှတ်တော် ၏ အမတ် နေရာ အများ စု ကို ရရှိ ခဲ့သည်။
သူမ သည် ချင်းမိုင် တက္ကသိုလ် ၊ ကင်တပ်ကီ တက္ကသိုလ် များ မှ စီးပွားရေး နိုင်ငံ ရေး ဘွဲ့ များ ရရှိ
ခဲ့သည်။
