အာဖဂန် နစ္စတန် မှာ တပ်စွဲထားတဲ့ အမေရိကန် Chinook CH 47 အမျိုးအစား ရဟတ်ယာဉ် ပျက်
ကျမှု မှာ အမေရိကန် ရေတပ် ရဲ့  အထူးတပ်ဖွဲ့  ၀င် ၂၃ ယောက် ပါပြီး စုစုပေါင်း အယောက်
၃၁ကျဆုံး သွားတယ် လို့ ကဘူးလ် က လာတဲ့ AFP သတင်း တစ်ရပ် မှာ ဖော်ပြထား ပါတယ်။
ချီနူခ် အမျိုး အစား ရဟတ်ယာဉ် ကို တာလီဘန် နဲ့  အယ်(လ)ကာယီဒါ ပူးပေါင်း ထား တဲ့ မြေလျှောက်
သူပုန် တပ်ဖွဲ့  တွေ က ပစ်ချ တယ်လို့  သတင်း တွေ ထွက် ပေါ် နေပေမယ့် အာဖဂန် နစ္စတန်
ကာကွယ်ရေး ၀န်ကြီး ဇာဟီရာ အာဇီမီ က တော့ ပြောဖို့ စောနေ လွန်း တယ် လို့  ဆို ပါတယ်။
အမေရိကန် လှို့ ဝှက် အထူး တပ်ဖွဲ့  တစ်ခု ဖြစ်တဲ့ NAVY SEALs အဖွဲ့  တွေဟာ မေလ ၂ ရက်
နေ့ က ပါကစ္စတန် နိုင်ငံ အဘော်ဒါဘက် မှာပုန်းအောင်း နေတဲ့ အယ်(လ)ကာယီဒါ ခေါင်း
ဆောင် အိုစမာဘင် လာဒင် ကို သုတ် သင် ခဲ့ သူတွေ ဖြစ်ပါတယ်။
NAVY SEALs တပ်ဖွဲ့  ၀င် တစ်ယောက်စီ တိုင်း ကို အမေရိကန် ဒေါ်လာ သိန်း ရာချီ အကုန် အကျ
ခံပြီး လေ့ကျင့် ပေး ထား ခဲ့ လို့  အမေရိကန် အတွက် အဆုံးအရှုံးကြီးမား တယ် လို့  သတင်း တွေက
ဆို ပါတယ်။

