လန်ဒန် လူထုအုံကြွမှု အခြေအနေ ထိမ်းမရ အောင် ဆိုးလာ (Updated)

ကြာသပတေးနေ့ က ရဲတပ်ဖွဲ့  ၏ ပစ်ခတ်မှု ကြောင့် အသက် ၂၉ နှစ် အရွယ် ကလေး လေး
ယောက်ဖခင် သေဆုံးသည် ကို အကြောင်း ပြု ပြီး လန်ဒန် မြောက်ပိုင်း တော့တင်ဟမ် အရပ်
တွင် သောကြာနေ့ က စပြီး မငြိမ် မသက် မှု များ ဖြစ်ပွားလျှက် ရှိ ရာ  စနေ နေ့ ည တွင် ဒေသ
ခံ တို့  ရဲကား နှစ်စီး ၊ ခရီးသည် တင် ဘတ်(စ)ကား နှင့် ဆိုင်များ ကို မီးတင် ရှို့ လိုက်ကြ သည်ဟု ဂါးဒီးယန် သတင်း စာ အင်တာ နက် စာ မျက် နှာ တွင် ဖော် ပြထား သည်။

စနေ နေ့ က ဒေသခံ များ က High Road ရှိ ရဲတပ် ဖွဲ့   စခန်း ကို ၀ိုင်းထား ကြပြီး သေဆုံးမှု
နှင့် ပတ်သက် ၍ စုံစမ်း စစ်ဆေးပေးရန် တောင်း ဆို ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ သူများ က ”
ငါတို့  အဖြေ လိုချင် တယ်။ ဘယ်သူ့ လမ်းလဲ ။ ငါတို့ လမ်း ပဲ ကြွေးကျော် ကြသည်။

something has to be done

Earlier a family friend of Mr Duggan, who gave her name only as Nikki, 53, said
the man’s friends and relatives had organized the protest because “something has
to be done” and the marchers wanted “justice for the family”.

ညဦး ပိုင်း တွင် ငြိမ်းချမ်းစွာ ဆန္ဒ ပြ မှု သည် တွစ်တာ နှင် ဖေ့ဘွတ် လှုံဆော်မှု များ ကြောင့် ပိုမို အား
ကောင်းလာ ပြီး နော် တရားမျှ တမှု ရှိရန် တောင်း ဆို နေ စဉ် ရဲစခန်း က တုတ်တုတ် မျှ မလှုပ် သော
ကြောင့် အများ ထက် ပိုမို တက်ကြွသူ တစ် ဦး စ နှစ် ဦးစ က ရဲကားများ ကို မီးတင် ရှို့  ရာမှ လူထု အုံ
ကြွမှု အားကောင်း လာခြင်း ဖြစ်သည်။

လန်ဒန် မြို့ ခံ များ ၏ တွစ်တာ များ တွင် မူ ဗြိတိသျှ ထောက်လှမ်းရေး များ က ယခု ကဲ့ သို့  အဓိကရုဏ်း
ဖြစ်စေရန် လမ်းလွှဲ ခဲ့ ခြင်း ဖြစ် သည် ဟု ဆို သည်။

တော်တင်ဟမ် မြို့  အလက်ဇန္ဒ ဟစ်ဂင် ဘလောက် တွင် မူ မနက် ဖြန် တွင် တော် တင် ဟမ် အထွေထွေ
သပိတ် စရန် နှိုးဆော် ထား သည်။

လူထု ၏ အားကောင်းစွာ အုံကြွ မှု ကြောင့် ရဲ တပ် ဖွဲ့  ၀င် ကိုး ဦး ဒဏ် ရာ ရရှိ သည်။ ဌာနေ လွှတ်တော် အမတ်
ကမူ တည်ငြိမ် အေးချမ်း ကြရန် ပန်ကြား ခဲ့ သည်။

ထပ်မံ ရရှိသည့် သတင်းများအရ ပြင်းထန်သည့် လူထု အုံကြွမှု ကြောင့် တော်တင်ဟမ် ရဲတပ် ဖွဲ့  ၀င်  ၂၆ ဦး
မဆို စလောက် ဒဏ်ရာများ ရရှိ သွားပြီး ဆန္ဒပြသူ ၄၆ ဦးကို ဖမ်းဆီး ထိမ်း သိမ်း ထား သည် ဟု သိရသည်။

၂၀၁၂ ခုနှစ်တွင် အိုလံပစ်ပစ် ပွဲကို အင်္ဂလန် က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ရာ လန်ဒန် နှင့် အခြား
မြို့ များ တွင် ကျင်းပမည် ဖြစ်သည်။

PHOTOS: Londoners target police in fiery riot

High Road ရှိ Carpetright ကုန်တိုက်မီးလောင်နေသည် ကို တနင်္ဂနွေ နေ့ မနက် ပိုင်းက ဤသို့ တွေ့ ရစဉ်