စတ္ထုထ မြောက်နေ့ အဖြစ် လန်ဒန် မြို့ ကနေ စခဲ့ တဲ့ မငြိမ်မသက် မှု တွေ နိုင်ငံ တ၀ှမ်း ကို ကူး
စက် သွား ပြီး တဲ့ ည ၁၂ ရီ ကျော် လောက်မှာ မှာ အဆိုးရွား ဆုံး မငြိမ်မသက် မှု တွေ ဖြစ်ခဲ့ တဲ့
ဘာမင်ဟမ် မြို့ မှာ သုံး ဦး သေဆုံးတယ် လို့  FNG က သတင်း ရရှိ ပါတယ်။ လန်ဒန် မြို့  မှာ ဆက်လက် ဖြစ်ပွား နေတဲ့ အဓိကရုဏ်းတွေ ဟာ မန်ချက်စတာ နော်တင်ဟမ်ရှိုင်း
ယား ၊ ဘာမင်ဟမ် မြို့ လယ် နဲ့  အလယ်ပိုင်းတွေ ထိ ဆက် လက် ပြန့်  ပွား သွား တယ် ဂါးဒီယန်း
သတင်းစာ နဲ့  အင်္ဂလန် သတင်း စာ တွေ က ရေးသား ဖော်ပြကြပါတယ်။
လန်ဒန် မြို့  ရဲ့  နေရာ အတော်များများ မှာ လည်း မော်တော်ကား တွေ ၊ အဆောက်အဦ တွေ မီးရှို့ 
ခံထား ရပြီး လုယက် သူတွေ ဟာ SONY လျှပ်စစ် ပစ္စည်း တပ်ဆင် တဲ့ စက်ရုံ ကနေ စားသောက်
ကုန် ရောင်း တဲ့ ဆိုင် တွေ ထိ လုယက်ကြတယ်လို့  သတင်း တွေ မှာ ဖော်ပြထား ပါတယ်။
လန်ဒန် မှာ တော့ ရဲ နဲ့  လုံခြုံရေး တပ်ဖွဲ့  တွေ ဟာ အခြေအနေ ကို ထိရောက်စွာ ကိုင်တွယ် နိုင် ခြင်း
မရှိ ဘဲ လုယက် သူတွေ ထဲ မှာ ပညာတတ် နဲ့  အလုပ်အကိုင် ကောင်း သူ တွေ ပါ ပါတယ် လို့ ဆိုပါ
တယ်။
ဘာမင်ဟမ် မှာ ဆန္ဒပြသူ တွေ က ရဲတပ်ဖွဲ့  ၀င် တွေ ကို ပြန်လည် ခုခံ မှု တွေ ပြုတာ ကြောင့်
တစ်မြို့ လုံး မှာ အပျက်အစီး တွေ နဲ့  ပြည့်နှက် နေတယ် လို့  ဆိုပါတယ်။ ဘာမင်ဟမ် မြို့ မှာ
ရောက် နေတဲ့ မြန်မာ လူမျိုး တစ်ဦး ဖြစ်တဲ့ ကိုဇေယျာသက် ကတော့ အစိုးရ ရုံး တွေ က လွဲ
ပြီး တခြား စီးပွားရေးလုပ်ငန်း ငယ် တွေ ပိတ် ထား ရတယ် လို့  ပြောပါတယ်။
နော်တင်ဟမ် မြို့ မှာ ရဲ မော်တော်ကား အပါအ၀င် လမ်းဘေးမှာ ရပ်ထား တဲ့ မော် တော် ကား တွေ
မီးရှို့ ခံ ရပြီး နော်တင် ဟမ် ရဲ စခန်း ထဲ ကို ဆန္ဒပြ သူ တွေ က မီးလောင် ဗုံး တွေ ပစ်သွင်း ကြပါတယ်။
အနော ပိုင်း ဘရွန် ၀စ် က လုယက် သူ တွေ ထဲမှာ တော့ လုယက် တာ အပြင် မီးတင် ရှို့ တာ တွေ
ကြောင့်ဘ အခြေအနေ ကို ထိန်း ရ ခက် နေတယ် လို့  ဆိုပါတယ်။
စကော့တလန် ယာဒ် ရဲတပ် ဖွဲ့  က လန်ဒန် မှာ နောက် ထပ် ရဲ တစ်သောင်း ကျော် အင်အား ထပ်မံ
ဖြည့်ထား မယ် လို့ ဆိုပါတယ်။ လုယက်သူ ၊ မီးရှို့ သူ တွေ ဟာ ဆယ် ကျော်သက် လူငယ် တွေ ဖြစ်
ပြီး သူ တို့  က ဆိုင်တွေ ထဲ က အကောင်း ဆုံး နဲ့  တန်ဖိုး အကြီး ဆုံး အကျီ င်္ တွေ ကို ဆွဲ ယူသွား
ကြတယ် လို့ ဒေသခံ တွေက ပြောပါတယ်။
မန်ချက်စတာ မြို့ မှာ တော့ လူငယ် ၂၀၀ ကျော်လောက် က စတိုးဆိုင် တွေ၊ ဈေးဆိုင် တွေ ကို ဖျက်
ဆီးခဲ့ ကြပြီး ပြတင်း ပေါက်မှန် တွေ ကို ခွဲ ကာ မီးလောင် ဗုံး တွေ ကို ပစ်သွင်း ခဲ့ ကြတယ် လို့  ဆို
ပါတယ်။
ဒီလူ ထု အုံကြွမှု တွေ ဟာ ပြီး ခဲ့ တဲ့ သီတင်း နှစ်ပတ် က လန်ဒန် မြောက်ပိုင်းက တော်တင်ဟမ်
မှာ ကလေး လေးယောက် ဖခင် မက်(ခ) ဒူဂန် ကို ရဲ က ပစ်သတ် ခဲ့ ပြီး နောက် မှာ ဖြစ် ပေါ်လာ
တဲ့ အုံကြွမှု တွေ ဖြစ် ပါတယ်။
လန်ဒန် လူထု အုံကြွမှု မှာ ဖမ်းဆီးထား သူပေါင်း ၈၀၀ နီးပါး ခန့် ရှိ သွား ပြီ ဖြစ်ပါတယ်။(နောက်
ဆုံးရရှိ တဲ့ သတင်း တွေ အရ တော့ ဖမ်းဆီးထား သူ ပေါင်း ၁၀၀၀ ကျော် သွား ပြီး အဲဒီထဲ က
၇၀၀ ကျော် ဟာ လန်ဒန် က ဖြစ်ပါတယ်။ လန်ဒန် တစ်မြို့ လုံး မှာ ရဲတပ် ဖွဲ့  ၀င်တွေ တိုးမြှင့် ချ
သွား လို့  အခြေအနေ တွေ ငြိမ်သက် သွား ပေမယ့် ဘာမင်ဟမ် ၊ လီဗာပူး နဲ့  နော်တင်ဟမ် မှာ
တော့ ဆိုင် ဖောက် လုယက်မှု တွေ ၊ မီးရှို့ မှု တွေ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။
လန်ဒန်မှာ တော့ ဖမ်းဆီးမှု တွေ အနက် တစ်ချို့  ဟာ လူ့ အခွင့် အရေး ချိုးဖောက် တယ် လို့ 
စွပ်ဆွဲ ထား ကြပါတယ်။
ဆူပူ အုံကြွမှု တွေ ကြောင့် လန်ဒန် နဲ့  နိုင်ငံ တ၀ှမ်း မှာ ပျက်စီးမှု တွေ က အနည်း ဆုံး ဒေါ်လာ
သန်း ၈၀၀၀ လောက်ရှိ ပြီ လို့  ခန့် မှန်း ကြပါတယ်။
Why is London Burning?
အခုလို လူထု အုံကြွမှု တွေ များ လာတာ ဟာ အင်္ဂလန် မှာ ဆင်း ရဲသား လူတန်း စာ တွေ များ
လာ နေပြီး ချမ်းသား သူတွေ ပိုချမ်းလာ သာ နေကြတယ်၊ လက်ရှိ ဗြိတိသျှ အစိုးရ အဖွဲ့  ဟာ
ဆင်း ရဲ သူတွေ အဆင်ပြေစေဖို့  ဘာတစ်ခု မှ လုပ်မပေးတာ ရယ် ၊ အဆင်မြင့် ပညာရေး အတွက်
ကျောင်း လခ တွေ တိုး မြှင့် ကောက် ခံ တာ က လဲ လူငယ် တွေ ကို ပို ဒေါသ ထွက် စေခဲ့ တယ်
လို့  ဆိုပါတယ်။
နောက် ပြီး တော့ ဗြိတိသျှ မီဒီယာ တွေ ဟာ မက်(ခ)ဒူဂန် အသတ်ခံ ရတဲ့ သတင်း တွေအပါအ၀င်
အခြားအောက် ခြေ လူတန်းစား တွေ ရဲ့  မညီမျှ မှု တွေ ၊ မတရား မှု တွေ ကို ဖွင့်ချ ဖော်ထုတ် ခြင်း
မရှိ တာ ကြောင့် ဒီလို ဖြစ်ရတာပါ လို့  ဆိုပါတယ်။








ကဲ မြန်မာမှာ လူထုတွေဆန္ဒပြရင် အမျိုးမျိုးပြောပြီး အော်နေတာ ..ခုတော့ ဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်လိုက်အုံးမယ် …ဟင်းဟင်းးးးးး
လန်ဒန် လူထု အုံကြွ မှုက တော်တော် ကြာတယ်နော်။ လူထုကို ထိန်းဖို့ဆိုရင်တော့ နာတို့ မြန်မာနိုင်ငံက ဘိုးတော်ကြီးကို လာခေါ်သင့်တယ်နော်။ ဟဲဟဲ….