မော်နီတာဂျာနယ် နဲ့ ဦးအာင်ဆန်းဦး ကို ဒေါ်စု တရားစွဲ

ပြီးခဲ့တဲ့ လ အတွင်း မော်နီတာ ဂျာနယ်က မေးမြန်းထား မှု ကို ဦး အောင်ဆန်းဦး ရဲ့  ပြောဆိုချက်
တွေ ဟာ တရားရုံး ရဲ့  အပြီးသတ် ဆုံး ဖြတ် ချက် မချရသေးခင် ပြော ဆို ချက် တွေ ဖြစ်တာ
ကြောင့် တရားရုံး အမိန့် အာဏာကို ကျော်လွန် ပြီး လုပ်ဆောင် နေတာ ဖြစ်ပြီး ဒါဟာ တရား
ရုံး ကို မထေမဲ့မြင် ပြုရာရောက် တာ ဖြစ်တယ် ကြောင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စု ကြည် က သူမရဲ့  အကို ဖြစ်သူ ဦး
အောင်ဆန်းဦး နဲ့ မော်နီတာ ဂျာနယ် ကို တရားစွဲ ဆိုထား တာ ဖြစ်ပါတယ်။

မော်နီတာ ဂျာနယ်မှာ ပါတဲ့ အကြောင်းအရာ တွေ ဟာ တရား ရုံးက အမိန့် ချမှတ် ခြင်း မပြု
ရသေး ပေမယ့် တရား ရုံးက အမိန့် ချမှတ် ပြီး သယောင် ဖော်ပြထား တဲ့ အတွက် တရား စွဲ
ဆိုတာ ဖြစ်တယ် လို့  ဆိုပါတယ်။

တစ်ခါက မော်နီတာ ဂျာနယ် ဆောင်းပါးရှင် တစ်ဦး ဖြစ်သူ ငါးမင်းဆွေ ဟာ ၁၉၉၀ ရွေး
ကောက်ပွဲ အနိုင်ရ ပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ ရုံး ရှေ့ မှာ ဆူပူဆန္ဒပြမှု လုပ် ခဲ့ ပြီး
ဒီဖြစ်ရပ် ဟာ မော်နီတာ ဂျာနယ် က တာဝန်ရှိ သူ တွေ နဲ့  ပူးပေါင်း ကြိုတင် စီစဉ် ထားတာ
လို့  ရန်ကုန် စာနယ် ဇင်း အသိုင်း အ၀ိုင်း က သံ သယ ရှိကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့  ဦးအောင်ဆန်းဦး ဟာ သူတို့  ရဲ့  မိဘ နှစ်ပါး ဖြစ်သူ ဦးအောင်
ဆန်း နဲ့  ဒေါ်ခင်ကြည် တို့  ရဲ့  အမွေ အနှစ် ဖြစ် တဲ့ ရန်ကုန် မြို့  ဗဟန်း မြို့  နယ် တက္ကသိုလ်
ရိပ်သာ လမ်း ခြံ အမှတ် ၅၄ က ပိုင် ဆိုင် မှု တွေ အတွက် တရား ရုံး က အဆုံး အဖြတ် ကို
နာခံ ရမှာ ဖြစ်ပါတယ်။

မော်နီတာ ဂျာနယ် ကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ၀န်ကြီးဌာန က  ဦးလှမြင့် ဆွေ
က ပိုင်ဆိုင်တာ ဖြစ်ပြီး အယ်ဒီတာ အဖြစ် ဆောင် ရွက် သူက တော့ လျှပ်တပျက် ဂျာနယ်
နဲ့  အချစ် ဂျာနယ် တည်ထောင် သူ ဦးမြတ်ခိုင် ဖြစ်ပါတယ်။

 

4 thoughts on “မော်နီတာဂျာနယ် နဲ့ ဦးအာင်ဆန်းဦး ကို ဒေါ်စု တရားစွဲ

  1. ဒီလောက မှာ ကျွန်တော့် မြင်မိတာကတော့  ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းဆိုသလို ပါပဲ တ၀မ်းတည်းကထွက်ပေမယ့်  စိတ်တူကိုယ်တူ သွေးနှီး ချင်မှ ရင်းနှီးကြတာပါ ။ အန်တီစုက မြန်မာပြည်ကို ချစ်ခင်မြတ်နိုးသလို ပြည်သူတွေကို ဆွေမျိုးရင်းခြာ လို သဘောထားလို့  ဒီလောက်ဒုက္ခတွေကို အမျိုးသမီးတစ်ယောက်ဖြစ်သည့်တိုင် ထက်ထက်မြက်မြက်နဲ့ တကယ်ကို ကျော်ဖြတ်နေတာပါ ။
    ပြောမှသိ ၊ ထိမှနာ၊ သာမှနေ ၊ သေမှခင် တတ်တယ်ဆိုရင် ဒီလို မသိတတ်တဲ့ သူက ဒီမြေ ဒီရေ ကို သူ့ အိမ်လုပ်ဖို့  တန်ပါ့မလား ၊
    ကိုယ်မှာ အနာပေါက်လို့ ပြည်တည်နေရင်တောင် သွေးပုတ်တွေကို ဖောက်ထုတ်ရသေးတာပဲ …. အသုံးပြု့ တဲ့ နည်းစနစ်က မေတ္တာနဲနှင့်အတူ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ ပါပဲ လေ ။။

  2. ဦးအောင်ဆန်းဦးဟာအမေရိကန်မှာ နေပြီးတော့ အမေစုလောက်ဒုက္ခ မခံခဲ့ပါဘုး စိတ်ဓာတ်ကလဲအသာနေတဲ့စိတ်ဓာတ်ဘဲ အဖေဦးအောင်ဆန်းနဲ့တခြားစီဘဲ
    အမေစုကမှနည်းနည်းတူသေးတယ် ကွန်တော်ကတော့ ဦးအောင်ဆန်းဦးကိုသိတ်သဘောမကြဘူး။
    မြန်မာနိုင်ငံဒီမိုကရေစီရမှ သူကလာပြီးတော့နေချင်တယ် မိမွေဖမွေဆိုတာတူတူနေတဲ့သူသာလျှင်ထိုက်တန်ပါတယ် အမွေကိစ္စတွေကကျားလူးတွေနဲ့မဆိုင်ပါဘူး
    သက်ဆိုင်သူနဲ့ဘဲဆိုင်ပါတယ်။စည်းလုံးညီညွတ်မှသာလျှင်တိုးတတ်နိုင်မှာပါ။

  3. ငါတို့ဗမာတွေ တော်တော်လေးစည်းလုံးညီညွတ်ကြတယ်နော်..မောင်နှမအရင်းတောင်မှ ဒီလို လုပ်ကြတယ်ဆိုတော့ တစ်စိမ်းတွေဆိုရင်တော့… အခုမြင်နေရတဲ့..နိုင်ငံရေးဇာတ်ခုံကြီးလိုပါပဲလားလို့…အော်..သံဝေဂရမိပါတယ် အမိမြန်မာပြည်ကြီးရယ်..ဘယ်တော့များမှ ဒီဝဋ်ဒုက္ခတွေကနေ လွတ်မြောက်ရပါ့မလဲမသိဘူးနော်…

  4. အမေ၇ိက က မြန်မာတွေ ဘာမှ မဆိုင်သလို နေနေကြတာ မကောင်းဘူးထင်တယ်။
    တိုင်းပြည် နဲ့ လူမျိုး ၊မိဘ ဂုဏ် ကို တောင် မထောက် လုပ်နေ သလို ၊တ၇ားဥပဒေ ကိုတောင်နားမလည်း ၊ လူညစ်ညမ်း တယောက်ပုံ ပြုမူ နေတာ လက်မခံသင့်တော့ဘူး ။

Comments are closed.