နိုင်ငံတ၀ှမ်း ရေနစ်မြုပ်မှု သည် ဒုတိယ နာဂစ်

ဟိန်းခိုင်ထွန်း၊             ၊ပြီးခဲ့ တဲ့ လနောက်ဆုံးပတ်ထဲက စတင် ခဲ့ တဲ့ မိုးသည်းထန် စွာ ရွာသွန်းမှု
နဲ့  မြစ်ရေလျှံ မှု တွေကြောင့် နိုင်ငံ တ၀ှမ်းမှာ ရေကြီး နစ်မြုပ် မှု တွေ ဖြစ်ခဲ့ တာ ဟာ သမိုင်း
တစ်လျှောက် အဆိုးဆုံးအခြေအနေ ဖြစ်တာ မို့  ဒါဟာ ဒုတိယ နာဂစ် ဖြစ်တာလို့  သတ်မှတ်ကြပါတယ်။

၂၀၀၈ ခုနှစ် မေလ က ဧရာဝတီတိုင်း နဲ့  အောက်မြန်မာ နိုင်ငံ ကို ဗဟို ပြု ပြီး တိုက် ခတ် ခဲ့တဲ့
နာဂစ် မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးဆုံး ရှုံးမှု များ ပြီး လူအသေအပျောက် တစ်သိန်း ကျော်
ရှိ ခဲ့ တဲ့ နာဂစ်မုန်တိုင်း ကို အစွဲ  ပြု ပြီး ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊တနင်္သာ
ရီတိုင်း၊စစ်ကိုင်းတိုင်း၊ရန်ကုန်တိုင်း စတဲ့ ပြည်နယ် တိုင်း တွေ မှာ ရေလွမ်းနစ်မြုပ်မှု တွေ ဖြစ်နေ
ပေမယ့် အစိုးရက တာဝန်ဖြေရှင် ပေး နိုင် မှု မရှိ တာ ကြောင့် ရေဘေး ဒုက္ခသည် တွေ ဟာ နား
ခိုစရာ မရှိ ပဲ အတိ ဒုက္ခရောက် နေတယ်လို့  သတင်း ရရှိ ပါတယ်။

ပဲခူးတိုင်း နဲ့  ကရင်ပြည်နယ် ရေလွှမ်းမိုး နစ်မြုပ်မှု တွေ မှာ သက်ဆိုင်ရာ ဒေသခံ အာဏာပိုင် တွေ
က ကူညီဖြေရှင်း ပေးခြင်း မရှိ တာကြောင့်  စားစရာ နဲ့  နေထိုင် ရေး တွေ မှာ အတိဒုက္ခရောက်နေ
ကြပါတယ်။ ပဲခူးမြို့  က ရေနစ်မြုပ် နေတဲ့ နေရာ တစ်ခု ဖြစ်တဲ့ ဇိုင်းဂနိုင်း အရပ် မှာ သက်ဆိုင်ရာ
အာဏာပိုင် တွေ က လာရောက် ကြည့် ရှုပေမယ့် ပြန်လည် နေရာ ချထားရေး လုပ်ငန်း ကို တောင်
မဆောင်ရွက် နိုင် ဘူး လို့  ဒေသခံ တွေ က ပြောပါတယ်။

မနေ့ က တဘူးလှ ဆည် ဖောက်ချမှု ကြောင့် ထောက်ကြံ့၊တိုက်ကြီး၊ဥက္ကံ ဘက်တွေ မှာ ရေကြီး
ရေနစ်မြုပ်မှု တွေ ဖြစ်ပြီး ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်နေပေမယ့် သက်ဆိုင်ရာ အာဏာပိုင် တွေက
အဲဒီ ဒုက္ခသည် တွေ ဆီ ကို လာရောက် အကူအညီ ပေးတဲ့ ကူညီ ကယ်ဆယ်ရေး အဖွဲ့  တွေ ကို
လာရောက် ခွင့် မပြု ဘူး လို့  သိရပါတယ်။

တဘူးလှ ဆည် ဖောက်ချမှု ကြောင့် တစ်ဦး သေဆုံး ပြီး ပဲခူးမှာ တော့ နှစ်ဦး နဲ့  ကရင် ပြည်နယ်
မှာ တစ်ဦး သေဆုံး တယ် လို့ သိရပါတယ်။

မြန်မာ နိုင်ငံ တ၀ှမ်း မှာ ရေကြီး နစ်မြုပ် နေတာ နာဂစ် လောက် လူအသေအပျောက် မများ ပေမယ့်
နိုင်ငံ တ၀ှမ်း မှာ ဖြစ်ပျက် နေတာ ရယ် ဆန်၊စပါး စိုက် ခင်း တွေ ပျက်စီး နေတာ ကြောင့် ဒုတိယ နာ
ဂစ် လို့  ခေါ် ဆို ရင် ရ နိုင်တယ် လို့  ဆိုပါတယ်။

One thought on “နိုင်ငံတ၀ှမ်း ရေနစ်မြုပ်မှု သည် ဒုတိယ နာဂစ်

  1. မြစ်ဆုံဆည်လုပ်ပြီးဖောက်ချ၇င် ဘယ်လုပ် လုပ်မလည်းဆိုတာ မြန်မာသတင်းစာကိုမေးကြည့်ပါအုံး။

Comments are closed.