အကျင့်ပျက်ဝန်ထမ်းများကို အရေးယူပေးပါရန် (letter to editor)

တင်္နသာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့သရက်ချောင်းမြို့နယ်အပိုင်အနက် ဆိတ်ချောင်း၊သင်ပုန်းချောင်း

ကညင်ချောင်း ကျေုးရွာအုပ်စုရှိပါတယ်။ ၎င်းကျေးရွာတွေကိုအုပ်ချုပ်ရတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ ဦးမြင့်အောင်၊

ဦးကြည်ဝင်း၊ဦးဒေးဗစ်တို့ဖြစ်ကြပါတယ်။

၎င်းအုပ်ချုပ်ရေးမှူးများဟာ သရက်ချောင်းမြို့နယ် မြေစာရင်းရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦသန်းဇော် နှင့်ပူး

ပေါင်းကာ ကျေးရွာနေပြည်သူတွေ လက်ရောက်လုပ်ကိုင်ခွင့်ရထားတဲ့ ခြံကွက်များကို မြေအပြည့်မတိုင်းပေးခြင်း၊ခြံကွက်များ

ကို သူတို့၏သဘောအလျှောက်ရောင်းချခြင်းများကို နိုင်ငံတော်အစိုးရ၏ အခွင့်အာဏာတစ်စုံတစ်ရာမရရှိပဲ လုပ်ဆောင်နေ

ကြပါတယ်။

အကြောင်းအရာ အစုံအလင်ကိုဖော်ပြရလျှင် ၂၀၀၉ -ခုနှစ်က ဦးသန်းဇော်နှင့်အုပ်ချုပ်ရေးမှူးများဟာ ထားဝယ်-မြိတ်

ကားလမ်း မိုင်တိုင်အမှတ် ၄၈ မိုင်အနီး ကားလမ်းရှေ့ဖက်မှာရှိတဲ့ ရွာသားများလက်ရောက် လုပ်ကိုင်ခွင့်ရထားတဲ့မြေကွက်

များကို မြေတိုင်းပါတယ်။ထိုကဲ့သို့မြေတိုင်းတဲ့အခါမှာ ကွင်းအမှတ်-၄၆၀ss၊ကွင်းအမည်-ကြေးတိုင်ပြင်၊ဦးပိုင်အမှတ်-N-၆၂၉

ခြံကွက်ကို အပြည့်မတိုင်းပေးဘဲ ခြံရဲ့အနောက်ဘက်ခြမ်းတ၀က်လောက်ကို ချန်ထားခဲ့ပါတယ်။ ၎င်းခြံကွက်ကို လုပ်ကိုင်ခွင့်

ရတဲ့သူက အပြည့်တိုင်းပေးရန်ပြောတဲ့အခါမှာလည်း လ/ထ ဦးစီမှူးဦးသန်းဇော်က မတိုင်းပေးနိုင်ကြောင်း၊မင်းတို့လုပ်ချင်သ

လိုလုပ်နိုင်ကြောင်း ပြောပါတယ်။ ရွာသားများဟာလည်းအုပ်ချုပ်ရေးမှူးများကို ကြောက်ရတာကတကြောင်း ဦးသန်းဇော်

ကိုယ်တိုင်က အစိုးရ ဋ္ဌာနကိုနောက်ခံထားပြီးခြိမ်းခြောက်တာတွေကြောင့် မည်သူမျှစောဒကမတက်နိုင်ကြပါ။

၂၀၀၉-ခုနှစ်အတွင်းမှာပဲ ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ လ/ထ ဦးစီမှူးဦးသန်းဇော်ကိုယ်တိုင် ၎င်းတို့မတိုင်းဘဲချန်

ထားခဲ့သောမြေကွက်ကို ကညင်ချောင်းကျေးရွာရှိ ရွာသားတစ်ဦးထံသို့သွားရောက်ရောင်းချကြောင်း၎င်းရွာသားမှပြန်ပြောပြ

၍သိရပါသည်။၎င်းခြံကွက်ဟာဘယ်သူဘယ်ဝါ လက်ရောက်လုပ်ကိုခွင့်ရှိတယ်ဆိုတာကို ကညင်ချောင်းကျေးရွာတစ်ရွာလုံး

ကပြည်သူများအသိဖြစ်ပါတယ်။ ထို့ကြောင့်မည်သူမျှဝယ်ယူခြင်းမရှိပါဘူး။၎င်းခြံကွက်လက်ရောက်လုပ်ကိုင်နေသူဟာ သူအ

ဖေလက်ထက်ကတည်း လုပ်ကိုင်လာခဲ့တာဖြစ်ပြီး အခွန်အခများကိုလည်း နှစ်တိုင်းပေးဆောင်နေသူဖြစ်ပါတယ်။

၂၀၁၁-ခုနှစ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများဟာ အထက်ဖော်ပြပါခြံကွက်ကို ကညင်ချောင်းကျေးရွာအနီးမှာရှိတဲ့
အောက်သရက်ချောင်းကျေးရွာတွင်နေထိုင်သူ သန်းဇော်ဦး ထံသို့ တစ်ဧကလျှင် ငါးသောင်း(၅၀၀၀၀)ကျပ်ဖြင့် ဧကသုံးဆယ်

(၃၀) ရောင်းချခဲ့ပါတယ်။သွားရောက်စုံးစမ်းကြည့်တဲ့အခါမှာလဲ သန်းဇော်ဦး၏မိန်းမကိုယ်တိုင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ

လာရောက်ရောင်းချ၍ ၀ယ်ယူထားကြောင်းပြောပါတယ်။ကျေးရွာအုပ်ချုပ်ရေးမှူးများဟာ သူတို့ရောင်းချခဲ့တဲ့ခြံကွက်ကို ခြံ

ရှင်းရန်ဆိုပြီး ရွာသားများကို လုပ်အားပေးခေါ်ပြီးခိုင်းပါတယ်။လုပ်အားပေးမသွားတဲ့သူကို တစ်ယောက် သုံးထောင်(၃၀၀၀)

ကျပ်နှုံးဖြင့် ဒဏ်ကြေးဆိုပြီးဆောင်ခိုင်းပါတယ်။သူတို့ကိုယ်တိုင်ကတော့ ခြံဝယ်ထားသူဖက်မှ ခြံရှင်းခကိုယူထားပြီးဖြစ်ပါတယ်

၁၄.၆.၂၀၁၁-နေ့တွင် မူလလက်ရောက်လုပ်ကိုင်ခွင့်ရသူများဟာ သရက်ချောင်းမြို့နယ် မြေစာရင်းရုံးသို့ သွားရောက်

တိုင်ကြားပါတယ်။ထိုကဲ့သို့တိုင်ကြားရာတွင် မြို့နယ်ဦးစီးမှူးက သူကိုယ်တိုင်ဖြေရှင်းပေးချင်းမရှိဘဲ ၎င်း၏လ/ထ ဦးသန်းဇော်

နှင့်သွားရောက်ဖြေရှင်းရန်ပြော၍ သွားရောက်မေးမြန်းတဲ့အခါမှာလည်း ဦးသန်းဇော်က မဖြေရှင်းပေးတဲ့အပြင် ရွားသားများ

ကို တိုင်ချင်ရာသို့တိုင်နိုင်ကြောင်း တိုင်ကြားသူတွေဟာလည်း မောက်မာစွာဆက်ဆံချင်းကိုခံခဲ့ရကြောင်းပြေပါတယ်။

မူလလက်ရောက်လုပ်ကိုင်ခွင့်ရသူများဟာ ဦးသန်းဇော်၏ပြောဆိုချက်ကြောင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစော

ဟာဗီထံသို့သွားရောက်အကူအညီတောင်းတဲ့အခါမှာ ၀န်ကြီုးကသရက်ချောင်းမြို့နယ်အုပ်ချုပ်ရေးရုံးမှ ဥက္ကဋ္ဌ ဦးကျော်ခေါင်

ထံသို့ အကူအညီပေးရန်းစာရေးပြီး တိုင်ကြားသူများကို စေလွတ်ခဲ့ပါတယ်။

၂၂.၆.၂၀၁၁-နေ့တွင် သရက်ချောင်းမြို့နယ်အုပ်ချုပ်ရေရုံးမှ တိုင်ကြားသူများကိုခေါ်ယူ မေးမြန်းတဲ့အခါမှာလည်း

ဦးကျော်ခေါင်ကိုယ်တိုင် စစ်ဆေးခြင်းမပြုဘဲ ၎င်း၏စာရေးကြီးဖြစ်သူ ဦးယုရှိန် မှ မေးမြန်းမှတ်တမ်းတင်ခြင်းများပြုလုပ်ပါ

တယ်။စာရွက်စာတမ်းဖိုးနှင့် ကွန်ပြူတာစာစီရန်အတွက်ဆိုကာ ပိုက်ဆံနှစ်သောင်း(၂၀၀၀၀)တောင်းပါသည်။

၂၄.၆.၂၀၀၁-နေ့တွင်ပြန်လည်ခေါ်ယူသော်လည်းစစ်ဆေးမေးမြန်းခြင်းမရှိပါ။

၂၇.၆.၂၀၁၁-နေ့တွင် တိုင်ကြားသူများမှတင်ပြသော သက်သေများကို စစ်ဆေးမေးမြန်းပါတယ်။ထိုကဲ့သို့ မေးမြန်းရာ

တွင် မှတ်တမ်းတင်ထားရှိခြင်း ရေးမှတ်ထားခြင်းမရှိပါ။

၁၁.၇.၂၀၁၁-နေ့တွင် တိုင်ကြားသူများကို ပြန်လည်ခေါ်ယူသော်လည်း စစ်ဆေး သူစာရေးကြီး မြိတ်သို့သွားသည်

ဆို၍ မစစ်ဖြစ်ပါ။ မြိတ်ကိုသွားရမည်သိလျှက်နှင့် အဘယ်ကြောင့်ခေါ်ယူရပါသလဲ။၎င်းစာရေးကြီးဦးယုရှိန် သည် အတိုင်ခံရ

သူများကို စစ်ဆေးမေးမြန်းရာတွင်လည်း သဘောလောက်သာ မေးမြန်းပြီး သေချာစစ်ဆေးခြင်းမရှိပါ။ယခုအချိန်ထိ လည်း

မည်သည့်ဆုံးဖြတ်ချက်မျှ ချမှတ်ပေးချင်းမရှိပါ။

သရက်ချောင်းမြို့နယ် အုပ်ချုပ်ရေးရုံးမှစာရေးကြီး ဦးယုရှိုန်၊ဦးသန်းဇော်၊နှင့် ကျေရွာအုပ်ချုပ်ရေးမှူများဟာ ပုလင်းတူ

ဘူးဆို့များဖြစ်ကြောင်း သရက်ချောင်းမြို့မှနယ်ခံလူများပြောပြ၍သိရပါသည်။ထိုကဲ့သို့ဖြစ်ရပ်မျိုးကိုလည်း ဆိတ်ချောင်းကျေး

ရွာမှ ၎င်းခြံကွက်ရောင်းချခြင်းခံရ၍တိုင်ကြားစဉ်ကလည်းဖြစ်ခဲ့ဖူးကြောင်း နယ်ခံလူမှပြောပြ၍သိရပါသည်။

ထို့အတွက်ကြောင့်၎င်းအကျင့်ပျက်ဝန်ထမ်းများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးစေလိုပါသည်။

နိုင်ငံတော်မှအကောင်အထည်ဖော်လျှက်ရှိသော clean government,Goog government အစီအစဉ်ကိုလည်း၎င်းတို့ကဲ့သို့

သောဝန်ထမ်းများကြောင့်များစွာ အနှောက်အယှက်ဖြစ်ရပါသည်။ကျေးလက်ဒေသနေပြည်သူများအတွက်လည်း ၎င်းတို့လုပ်

ကိုင်စားသောက်နေသော ခြံကွက်ကို ဘယ်အချိန်အရောင်းခံရမလဲဆိုတာ ကျီးလန့်စာစားဘ၀နဲ့နေနေရပါသောကြောင့်

ပြည်သူတစ်ဦးအနေဖြင့် တင်ပြအပါသည်။

တင်္နသာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့သရက်ချောင်းမြို့နယ်အပိုင်အနက် ဆိတ်ချောင်း၊သင်ပုန်းချောင်း

ကညင်ချောင်း ကျေုးရွာအုပ်စုရှိပါတယ်။ ၎င်းကျေးရွာတွေကိုအုပ်ချုပ်ရတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ ဦးမြင့်အောင်၊

ဦးကြည်ဝင်း၊ဦးဒေးဗစ်တို့ဖြစ်ကြပါတယ်။

၎င်းအုပ်ချုပ်ရေးမှူးများဟာ သရက်ချောင်းမြို့နယ် မြေစာရင်းရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦသန်းဇော် နှင့်ပူး

ပေါင်းကာ ကျေးရွာနေပြည်သူတွေ လက်ရောက်လုပ်ကိုင်ခွင့်ရထားတဲ့ ခြံကွက်များကို မြေအပြည့်မတိုင်းပေးခြင်း၊ခြံကွက်များ

ကို သူတို့၏သဘောအလျှောက်ရောင်းချခြင်းများကို နိုင်ငံတော်အစိုးရ၏ အခွင့်အာဏာတစ်စုံတစ်ရာမရရှိပဲ လုပ်ဆောင်နေ

ကြပါတယ်။

အကြောင်းအရာ အစုံအလင်ကိုဖော်ပြရလျှင် ၂၀၀၉ -ခုနှစ်က ဦးသန်းဇော်နှင့်အုပ်ချုပ်ရေးမှူးများဟာ ထားဝယ်-မြိတ်

ကားလမ်း မိုင်တိုင်အမှတ် ၄၈ မိုင်အနီး ကားလမ်းရှေ့ဖက်မှာရှိတဲ့ ရွာသားများလက်ရောက် လုပ်ကိုင်ခွင့်ရထားတဲ့မြေကွက်

များကို မြေတိုင်းပါတယ်။ထိုကဲ့သို့မြေတိုင်းတဲ့အခါမှာ ကွင်းအမှတ်-၄၆၀ss၊ကွင်းအမည်-ကြေးတိုင်ပြင်၊ဦးပိုင်အမှတ်-N-၆၂၉

ခြံကွက်ကို အပြည့်မတိုင်းပေးဘဲ ခြံရဲ့အနောက်ဘက်ခြမ်းတ၀က်လောက်ကို ချန်ထားခဲ့ပါတယ်။ ၎င်းခြံကွက်ကို လုပ်ကိုင်ခွင့်

ရတဲ့သူက အပြည့်တိုင်းပေးရန်ပြောတဲ့အခါမှာလည်း လ/ထ ဦးစီမှူးဦးသန်းဇော်က မတိုင်းပေးနိုင်ကြောင်း၊မင်းတို့လုပ်ချင်သ

လိုလုပ်နိုင်ကြောင်း ပြောပါတယ်။ ရွာသားများဟာလည်းအုပ်ချုပ်ရေးမှူးများကို ကြောက်ရတာကတကြောင်း ဦးသန်းဇော်

ကိုယ်တိုင်က အစိုးရ ဋ္ဌာနကိုနောက်ခံထားပြီးခြိမ်းခြောက်တာတွေကြောင့် မည်သူမျှစောဒကမတက်နိုင်ကြပါ။

၂၀၀၉-ခုနှစ်အတွင်းမှာပဲ ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ လ/ထ ဦးစီမှူးဦးသန်းဇော်ကိုယ်တိုင် ၎င်းတို့မတိုင်းဘဲချန်

ထားခဲ့သောမြေကွက်ကို ကညင်ချောင်းကျေးရွာရှိ ရွာသားတစ်ဦးထံသို့သွားရောက်ရောင်းချကြောင်း၎င်းရွာသားမှပြန်ပြောပြ

၍သိရပါသည်။၎င်းခြံကွက်ဟာဘယ်သူဘယ်ဝါ လက်ရောက်လုပ်ကိုခွင့်ရှိတယ်ဆိုတာကို ကညင်ချောင်းကျေးရွာတစ်ရွာလုံး

ကပြည်သူများအသိဖြစ်ပါတယ်။ ထို့ကြောင့်မည်သူမျှဝယ်ယူခြင်းမရှိပါဘူး။၎င်းခြံကွက်လက်ရောက်လုပ်ကိုင်နေသူဟာ သူအ

ဖေလက်ထက်ကတည်း လုပ်ကိုင်လာခဲ့တာဖြစ်ပြီး အခွန်အခများကိုလည်း နှစ်တိုင်းပေးဆောင်နေသူဖြစ်ပါတယ်။

၂၀၁၁-ခုနှစ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများဟာ အထက်ဖော်ပြပါခြံကွက်ကို ကညင်ချောင်းကျေးရွာအနီးမှာရှိတဲ့ေ
အာက်သရက်ချောင်းကျေးရွာတွင်နေထိုင်သူ သန်းဇော်ဦး ထံသို့ တစ်ဧကလျှင် ငါးသောင်း(၅၀၀၀၀)ကျပ်ဖြင့် ဧကသုံးဆယ်

(၃၀) ရောင်းချခဲ့ပါတယ်။သွားရောက်စုံးစမ်းကြည့်တဲ့အခါမှာလဲ သန်းဇော်ဦး၏မိန်းမကိုယ်တိုင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ

လာရောက်ရောင်းချ၍ ၀ယ်ယူထားကြောင်းပြောပါတယ်။ကျေးရွာအုပ်ချုပ်ရေးမှူးများဟာ သူတို့ရောင်းချခဲ့တဲ့ခြံကွက်ကို ခြံ

ရှင်းရန်ဆိုပြီး ရွာသားများကို လုပ်အားပေးခေါ်ပြီးခိုင်းပါတယ်။လုပ်အားပေးမသွားတဲ့သူကို တစ်ယောက် သုံးထောင်(၃၀၀၀)

ကျပ်နှုံးဖြင့် ဒဏ်ကြေးဆိုပြီးဆောင်ခိုင်းပါတယ်။သူတို့ကိုယ်တိုင်ကတော့ ခြံဝယ်ထားသူဖက်မှ ခြံရှင်းခကိုယူထားပြီးဖြစ်ပါတယ်

၁၄.၆.၂၀၁၁-နေ့တွင် မူလလက်ရောက်လုပ်ကိုင်ခွင့်ရသူများဟာ သရက်ချောင်းမြို့နယ် မြေစာရင်းရုံးသို့ သွားရောက်

တိုင်ကြားပါတယ်။ထိုကဲ့သို့တိုင်ကြားရာတွင် မြို့နယ်ဦးစီးမှူးက သူကိုယ်တိုင်ဖြေရှင်းပေးချင်းမရှိဘဲ ၎င်း၏လ/ထ ဦးသန်းဇော်

နှင့်သွားရောက်ဖြေရှင်းရန်ပြော၍ သွားရောက်မေးမြန်းတဲ့အခါမှာလည်း ဦးသန်းဇော်က မဖြေရှင်းပေးတဲ့အပြင် ရွားသားများ

ကို တိုင်ချင်ရာသို့တိုင်နိုင်ကြောင်း တိုင်ကြားသူတွေဟာလည်း မောက်မာစွာဆက်ဆံချင်းကိုခံခဲ့ရကြောင်းပြေပါတယ်။

မူလလက်ရောက်လုပ်ကိုင်ခွင့်ရသူများဟာ ဦးသန်းဇော်၏ပြောဆိုချက်ကြောင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစော

ဟာဗီထံသို့သွားရောက်အကူအညီတောင်းတဲ့အခါမှာ ၀န်ကြီုးကသရက်ချောင်းမြို့နယ်အုပ်ချုပ်ရေးရုံးမှ ဥက္ကဋ္ဌ ဦးကျော်ခေါင်

ထံသို့ အကူအညီပေးရန်းစာရေးပြီး တိုင်ကြားသူများကို စေလွတ်ခဲ့ပါတယ်။

၂၂.၆.၂၀၁၁-နေ့တွင် သရက်ချောင်းမြို့နယ်အုပ်ချုပ်ရေရုံးမှ တိုင်ကြားသူများကိုခေါ်ယူ မေးမြန်းတဲ့အခါမှာလည်း

ဦးကျော်ခေါင်ကိုယ်တိုင် စစ်ဆေးခြင်းမပြုဘဲ ၎င်း၏စာရေးကြီးဖြစ်သူ ဦးယုရှိန် မှ မေးမြန်းမှတ်တမ်းတင်ခြင်းများပြုလုပ်ပါ

တယ်။စာရွက်စာတမ်းဖိုးနှင့် ကွန်ပြူတာစာစီရန်အတွက်ဆိုကာ ပိုက်ဆံနှစ်သောင်း(၂၀၀၀၀)တောင်းပါသည်။

၂၄.၆.၂၀၀၁-နေ့တွင်ပြန်လည်ခေါ်ယူသော်လည်းစစ်ဆေးမေးမြန်းခြင်းမရှိပါ။

၂၇.၆.၂၀၁၁-နေ့တွင် တိုင်ကြားသူများမှတင်ပြသော သက်သေများကို စစ်ဆေးမေးမြန်းပါတယ်။ထိုကဲ့သို့ မေးမြန်းရာ

တွင် မှတ်တမ်းတင်ထားရှိခြင်း ရေးမှတ်ထားခြင်းမရှိပါ။

၁၁.၇.၂၀၁၁-နေ့တွင် တိုင်ကြားသူများကို ပြန်လည်ခေါ်ယူသော်လည်း စစ်ဆေး သူစာရေးကြီး မြိတ်သို့သွားသည်

ဆို၍ မစစ်ဖြစ်ပါ။ မြိတ်ကိုသွားရမည်သိလျှက်နှင့် အဘယ်ကြောင့်ခေါ်ယူရပါသလဲ။၎င်းစာရေးကြီးဦးယုရှိန် သည် အတိုင်ခံရ

သူများကို စစ်ဆေးမေးမြန်းရာတွင်လည်း သဘောလောက်သာ မေးမြန်းပြီး သေချာစစ်ဆေးခြင်းမရှိပါ။ယခုအချိန်ထိ လည်း

မည်သည့်ဆုံးဖြတ်ချက်မျှ ချမှတ်ပေးချင်းမရှိပါ။

သရက်ချောင်းမြို့နယ် အုပ်ချုပ်ရေးရုံးမှစာရေးကြီး ဦးယုရှိုန်၊ဦးသန်းဇော်၊နှင့် ကျေရွာအုပ်ချုပ်ရေးမှူများဟာ ပုလင်းတူ

ဘူးဆို့များဖြစ်ကြောင်း သရက်ချောင်းမြို့မှနယ်ခံလူများပြောပြ၍သိရပါသည်။ထိုကဲ့သို့ဖြစ်ရပ်မျိုးကိုလည်း ဆိတ်ချောင်းကျေး

ရွာမှ ၎င်းခြံကွက်ရောင်းချခြင်းခံရ၍တိုင်ကြားစဉ်ကလည်းဖြစ်ခဲ့ဖူးကြောင်း နယ်ခံလူမှပြောပြ၍သိရပါသည်။

ထို့အတွက်ကြောင့်၎င်းအကျင့်ပျက်ဝန်ထမ်းများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးစေလိုပါသည်။

နိုင်ငံတော်မှအကောင်အထည်ဖော်လျှက်ရှိသော clean government,Goog government အစီအစဉ်ကိုလည်း၎င်းတို့ကဲ့သို့

သောဝန်ထမ်းများကြောင့်များစွာ အနှောက်အယှက်ဖြစ်ရပါသည်။ကျေးလက်ဒေသနေပြည်သူများအတွက်လည်း ၎င်းတို့လုပ်

ကိုင်စားသောက်နေသော ခြံကွက်ကို ဘယ်အချိန်အရောင်းခံရမလဲဆိုတာ ကျီးလန့်စာစားဘ၀နဲ့နေနေရပါသောကြောင့်

ပြည်သူတစ်ဦးအနေဖြင့် တင်ပြအပါသည်။

2 thoughts on “အကျင့်ပျက်ဝန်ထမ်းများကို အရေးယူပေးပါရန် (letter to editor)

  1. ထားဝယ်ဆိပ်ကမ်း ဟာနိုင်ငံအတွက်ကောင်းပေမဲ့လူမျိုးအတွေက်မကောင်းပါဘူး
    ဆုံးရှုံးမှုတွေက သဘာဝသံယံဇာတတွေပါ
    ဒါပေမဲ့ရရှိမှာက သူတို့ပါ အဲလောက်ဆိုနားလည်လိုက်ပါတော့

  2. ထားဝယ်ဒေသမှာ ရေနက်ဆိပ်ကမ်းအသံကြောင့် မြေယာမှုတွေတအားများနေတယ်လို့သိရတယ်။ အရင်တန်ဖိုးမရှိတဲ့ မြေယာတွေဟာ အခုတန်ဖိုးရှိလာတော့ အမှုတွေများလာတာနေမှာ။ သိရသလောက် ၄င်းအမှုဖြစ်တဲ့ မြေယာဟာမြေလွတ်မြေရိုင်းဖြစ်ပြီး ရာဘာနဲ့ ဆီအုန်းစိုက်သူတွေကိုသာလုပ်ကိုင်စေတဲ့မြေယာသာဖြစ်တယ်။ မည်သူမဆိုဝင်ရောက်လုပ်ကိုင်နိုင်ပြီး တကယ်စိုက်ပျိုးသူကိုသာချထားပေးတဲ့နေရာလို့ဆိုပါတယ်။ စိုက်ပျိုးမှုမရှိတဲ့ မြေယာများကို တကယ်စိုက်ပျိုးသူကိုသာ ပြန်လည်ချထားပေးရကြောင်းကိုလည်းသိရပါတယ်။ အခုအခါမှာလက်ရှိလုပ်ကိုင်နေသူများအနေနဲ့ မြေယာများအားစိုက်ပျိုးမှုမရှိဘဲတဆင့်ပြန်လည်ရောင်းချမှုများလည်းရှိတယ်လို့သိရပါတယ်။

Comments are closed.