လန်ဒန် မှာစတင် ခဲ့ တဲ့ စားဝတ်နေရေး မပြေလည်ပဲ ခွဲခြားဆက်ဆံ ခံရတဲ့ ပြည်သူတွေ ကို
ဗြိတသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် ကိုင် တွယ်ပုံ ဟာ အလွန်ပဲ အာဏာရှင် ဆန်ကြောင်း
ပြည်သူတွေ ရဲ့  လက်နက် ဆွဲ ကိုင် ဆန့် ကျင် မှု ကို ခံနေရတဲ့ လစ်ဗျား ခေါင်းဆောင် မွမ်မာ
ကဒါဖီ က ကြေငြာချက် ထုတ် ပြန် ခဲ့ ပါတယ်။
ဗြိတိသျှ ၀န်ကြီးချုပ် ဒေဗစ် ကင်မရွန် ရဲ့  ပြည်သူတွေ ကို ကိုင် တွယ်ပုံ မဟုတ် မမှန် မတော်မ
တရား လုပ်တာ ကြောင့် သူ့  ရဲ့  အခွင်အာဏာ ဆုံး ရှုံး သွား ပြီ လို့  ကဒါဖီ က ထပ်လောင်းပြော
ကြား ပါတယ်။
အီရန် ၀န်ကြီးချုပ် အာမာဒီနီဂျက် က တော့ ပြည်သူတွေ ကို ဒီလို နှိပ်ကွပ် နေတာ ကို လက်မ
ခံ နိုင် ဘူး လို့  ကြေငြာချက် ထုတ် ပြန် ပါတယ်။
ဒီနေ့ ဗြိတိသျှ ပါလီမန် မှာ ဒေးဗစ် ကင်မရွန် က မိန့် ခွန်း ပြောကြား ခဲ့ ရာမှာ ” ကာဖျူး ထုတ်ဖို့ 
လိုအပ် ရင် လူမှု ကွန်ယက် တွေ ကို ပိတ်ပစ်ဖို့  နိုမ်နှင်း ဖို့  နဲ့  ဖြစ် နိုင်သမျှ နည်းလမ်း မျိုးစုံ သုံး
ပြီး တည် ငြိမ်အေးချမ်းမှု ရရှိအောင် ပြန်လုပ် မယ် လို့  ဆိုပါတယ်။
ဘာမင်ဟမ်၊ လီဗာပူး ၊ နောတင်ဟမ်၊လန်ဒန် အပါ အ၀င် နိုင်ငံ တလွှား က လုယက် မှု တွေ မှာ
ကျောင်းအုပ်ဆရာ အဆင့် လို ၊ အိုလံပစ် အားကစား သမား လို ကျော်ကြားသူတွေ ၊ ပညာတတ်
တွေ ပါဝင်ပြီး ဖမ်းဆီးထား သူ တွေ မှာ အသက် ၁၀ နှစ် အရွယ် လူငယ် တွေ ထိ ပါ ၀င်ပါတယ်။
ဒေးဗစ် ကင်မရွန် ဟာ လူကြိုက်များ မှု ကျဆင်း နေပြီး လန်ဒန် အဓိကရုဏ်း ကို သူ့ ရဲ့  ကိုင်တွယ်
မှု တွေ ဟာ ဒီမိုကရေစီ နိုင်ငံ တစ်ခု က ခေါင်းဆောင် တစ်ယောက်ပုံ စံ မဟုတ်ဘလူး လို့ 
နိုင်ငံ တွင်းမှာ ပြည်သူတွေ က ဝေဖန် နေကြပါတယ်။
ဗြိတိသျှ နိုင်ငံရေး သုံးသပ် သူတွေ ရဲ့ ခန့် မှန်းချက် အရ လုယက် သူ တွေ ဟာ ကွဲပြားတဲ့
လူမှု နောက်ခံ အလွှာ က လာ တာ ဖြစ်ပြီး အများ စု က တော့ လူငယ်တွေ နဲ့  အလုပ်လက်
မဲ့ တွေ ဖြစ်တယ် လို့  ဆိုပါတယ်။ ဒီလို မတည် ငြိမ်မှု တွေ့ ဖြစ်လာတာ ဟာ အစိုးရ ရဲ့  တာ
ဝန်မဲ့ မှု တွေ နဲ့  လူမှုရေး ခွဲခြား ဆက်ဆံ ခံ ရခြင်း ရဲ့  အကျိုး ဆက် တွေ ဖြစ်တယ် ဆိုပါတယ်။
အချို့  ကတော့ ဒေးဗစ် ကင်မရွန် နှုတ်ထွက် ပေး ဖို့  ဆန္ဒပြ တောင်း ဆို မှု တွေ လုပ် မယ်လို့ 
ဆော်သြထား ပါတယ်။
လန်ဒန် နဲ့  ဘာမင်ဟမ် လို မြို့  တွေ မှာ ရဲ တွေ က လုယက်မှု တွေ ကို မျက်နှာလွှဲ နေတယ်လို
သတင်း တွေ က ဆို ပါတယ်။ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒီနေ့  ပါလီမန် မှာ
ပြောကြား တဲ့ မိန့် ခွန်းမှာ ” ရဲတွေ ဟာ ဆန္ဒပြသူတွေ ကို ဖမ်းဖို့ လက်တွန့် နေတယ်၊ တုံ့  ပြန်
မှု က နှေး ကွေးတယ် လို့  ဆိုပါတယ်။
ငါးရက် တာ အဓိကရုဏ်းကြောင့် အင်္ဂလန် တ၀ှမ်း မှာ အမေရိကန် ဒေါ်လာ ၃၂၆ သန်း ကျော်
ပျက်စီး ဆုံး ရှုံး ခဲ့ပါတယ်။ အဓိကရုဏ်းမှာ ပါဝင်သူတွေ ကို နိုင်ငံ တ၀ှမ်းမှာ ဖမ်းဆီးထားတာ
၁၈၀၀ ကျော် ခန့် ရှိ ပြီး ရဲတပ် ဖွဲ့  ၀င် ၁၈၀ ခန့် ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။

ဝဋ်ဆိုတာ ချက်ချင်း လည်တက်ပါတယ်