ဧရာဝတီ အနာဂတ် အတွက် အစိုးရ ၏ လုပ်ဆောင်ချက် အပေါ် ပြည်တွင်းမီဒီယာ တို့ က ဝေဖန်

နေမျိုးဦး ၊          ၊မြန်မာ နိုင်ငံ ၏ အဓိက အသက်သွေးကြော မြစ်တစ်ခု ဖြစ်သည့် ဧရာဝတီ မြစ်
နှင့် ၎င်း၏ မြစ်လက်တက် များ ဖြစ်သည့် မေခ နှင့် မေလိခ မြစ်များ ပေါ် တွင် တရုတ်အစိုးရပိုင်
China PowerInvestment (CPI) ကော်ပိုရေးရှင်းနဲ့ မြန်မာအစိုးရ ဖက်စပ်ပြီး မြစ်ဆုံဆည်
စီမံကိန်းကြီး တည်ဆောက် နေမှု အပေါ် ပြည်ပ မီဒီယာ များက ဝေဖန် ထောက် ပြ ရေးသား
သကဲ့ သို့  ပြည်တွင်း သတင်းဌာန များ နှင့်သတင်းစာ ဆရာ များ က လည်း ဝေဖန် သုံးသပ်
ရေးသား သည်။

မြန်မာ နိုင်ငံတွင်း ရှိ သတင်း ဖြစ်ရပ် များ ကို ဘက်လိုက်မှု မရှိ ပဲ တိကျ စွာ ဝေဖန် ရေးသား ဖော်
ပြ သည့် Weekly Eleven ဂျာနယ် ၏ အင်တာနက် စာမျက် နှာ တွင် ၀ါရင့် သတင်းစာ ဆရာကြီး
လူထု စိန်ဝင်းက အစိုးရ အာဘော်သတင်းစာ ပါ ဧရာဝတီ မြစ်တွင် တည်ဆောက် မည့် ဆည်အ
ကြောင်း ကာကွယ် ရေး သား မှု ကို ချေပ ဝေဖန် ထား ရာ စာဖတ် ပရိသတ် ၏ တစ်ခဲ နက် အား
ပေး မှု ကို ရရှိ ခဲ့ သည်။

Burma Rivers Network

ယခု တည်ဆောက် မည် မြစ်ဆုံ ဆည် များ မှာ ထွက် ရှိလာသည့် ရေ အား လျှပ် စစ် ကို ပိုက်လိုင်း
များ သွယ်၍ တရုတ် ပြည် ယူနန် သို့  မြန်မာ စစ်အစိုးရ က ရောင်းစားမည် ဖြစ် ပြီး ထိုကဲ့ သို့ ရောင်း
စား ရန် အတွက် မေခ မြစ်ပေါ် တွင် ဆည်၅  ခု မေလလိခ မြစ်ပေါ် တွင် ဆည် ၁ ခု နှင့် ဧရာဝတီ မြစ်
ပေါ်တွင် ဆည် ၁ ခု တည်ဆောက် ရန် စီစဉ် ခဲ့ ခြင်း ဖြစ်သည်။

လွတ်လပ် သည့် တတ်သိပညာရှင် များ အဖွဲ့  က ထို မြစ်ဆုံ ဒေသ တွင် ဆည် များ တည် ဆောက်ပါ
သဘာဝ ပတ်ဝန်းကျင် နှင့် ဂေဟဗေဒကို ပါ ဆိုး ကျိုး ဖြစ်စေလိမ့် မည် ဆိုသည့် လေ့လာ တွေ့ ရှိ
ချက် ကို တရုတ် အစိုးရ ထံ တင် ပြသော် လည်း ပယ်ချ ခဲ့ သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီ အတွက် ပန်ကြားချက်
ဆိုသည့်  ဧရာဝတီ မြစ် ကယ်တင်ရေး ပန်ကြား လွှာ ကို အင်္ဂလိပ် – မြန်မာ နှစ်ဘာ သာ ဖြင့် ထုတ်
ပြန် ခဲ့သည်။

ဧရာဝတီ မြစ် တိမ်ကောပ ပျောက် မည့် အရေး မှာ မြန်မာ နိုင်ငံ နှင့် လူမျိုး အတွက် အသက်တမျှ
အရေးကြီး ဖြစ်သဖြင့် နာမည် ကျော် အဆိုတော် သရုပ်ဆောင် ၊ပညာရှင်များ၊ ကျော်ကြားသူများ
နှင့် ကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များ ပါ အစိုးရ ၏ စီမံ ကိန်း ရပ် တန့် အောင် တိုက်တွန်း နှိုးဆော်
သင့် သည်။

တရုတ်ပြည်တွင် မြစ်ဝါမြစ် ဉ် ၁၉၆၀ ပြည့် လွန် နှစ်များ ဆည်များ မတရား တည်ဆောက်မှု ကြောင့်
ယခု အခါ မြစ်ဝါ မြစ် သည် တိမ်ကောပပျောက် မည့် အန္တရယ် နှင့် ရင် ဆိုင် နေရပြီး မြစ်ဝှမ်း တစ်
လျှောက်ရှိ သဘာဝ ပတ်ဝန်းကျင် ပါ ပြောင်းလဲ သွားသည်။

မြစ်ဆုံ ဆည် တည်ဆောက် လျှင်  ဖြစ်ပေါ်လာ နိုင်သည့်  အကျိုးဆက်များ

၁။ ဧရာဝတီ မြစ်၏ ရေကြောင်း ပြောင်းလဲ မှုများ ဖြစ်ပေါ်လာ ပြီး သဲသောင်ထွန်း
မှု ကမ်းပါး ပြိုကျမှု နှင့် မြစ်ကြောင်း ပြောင်းလဲမှု များ ဖြစ်ကာ မြစ်တိမ်ကောလာ
နိုင်သည်။

၂။ မြစ်၏ နှုန်းပို့ ချမှု နည်း ပါးသွား မှုကြောင့် မြစ်ကမ်းဘေး ရှိ တောင်ယာ လုပ်ကိုင်
စားသူများ အတွက် မြစ်ဝှမ်း ဒေသ နေထိုင် စိုက် ပျိုး အသက်ဘေးမှု ပပျောက် သွား
နိုင်သည်။

၃။မြစ်အတွင်း ရှိ ရေနေ တိရစ္ဆာန် အချို့  ကွယ်ပျောက် မျိုး တုန်း နိုင် ပြီး အကျိုးဆက်
အဖြစ် ရေ၏ ပါဝင်မှု ဓာတ်များ ပြောင်းလဲ သွား နိုင်သည်။

၎။ မြစ်ကမ်းဘေး တစ်ဝိုက်ရှိ ရေကြောင်း ပို့ ဆောင်ရေး ခရီး စဉ် များ ကွယ်ပျောက်
နိုင်သည်။

၅။ မြစ် တိမ်ကောသွား လျှင် မြစ်လက်တက်များ (Contribution Rivers) များ ပါ
ရေကြောင်း ပြောင်းလဲ ပြီး ရေကြီးခြင်း နှင့်  ကန္တရ ဖြစ်ထွန်း ခြင်း တို့  ဖြစ်ပွား နိုင်သည်။

၆။ မြစ်တိမ်ကော သွား ပါက သဘာဝ ပတ်ဝန်းကျင် ပါ ပြောင်းလဲ သွား နိုင် ပြီး အကျိုး
ဆက် အနေဖြင့် ရာသီဥတု ဖောက်ပြန် နိုင်သည်။

၇။ မြစ်ကမ်းဘေး နှစ် ဘက်ရှိ သမိုင်းဝင် ရှေးဟောင်း မြို့  များ လက်ရှိ လူနေ ထိုင်သည့်
မြို့  များ ၏ သဘာဝ ဖြစ်စဉ် မူမှန်မှု အတွက် ပါ အန္တရာယ်ရှိ သည်။

၈။ ဆည်တည်ဆောက် မှု အတွက် မြစ်ဆုံ ဒေသတွင် စက်ယန္တယား များ တပ်ဆင်လည်
ပြီး လုပ်ငန်း လည်ပတ် ပါက မြန်မာ နိုင်ငံ မြောက် ဖျား တွင် ရာသီဥတု ဖောက် ပြန်ပြောင်း
လဲပြီး မြစ်ရေ ညစ်နွမ်း မှုများ ဖြစ်ပေါ် နိုင်သည်။

7 thoughts on “ဧရာဝတီ အနာဂတ် အတွက် အစိုးရ ၏ လုပ်ဆောင်ချက် အပေါ် ပြည်တွင်းမီဒီယာ တို့ က ဝေဖန်

  1. ဧရာဝတီရယ် စီးဆင်းပါ ပျော်ရွှင်ငြိမ်းချမ်းခြင်းတို့ပေါင်းစပ်လို့ပေးပါ မျှော်လင့်ချက်ကမ်းခြေလေး ငါလေအရောက်သွားမလို့ လမ်းပြလှည့်ပါ………………………………………

  2. ဧရာဝတီ ဆို တဲ့ မြန်မာနိင်ငံက ပြည်သူတွေ ၇ဲ့အသက် ဖြစ် တဲ့ မိခင် အတွက် အသက်တွေ ပေး၇င် ပေး၇တော့ မယ် ဆို တာ ပြည် သူတွေ အသိ နဲ့ အသင့်ပြင့်ကြ။
    ဒါ ဟာ လည်း ဒုတိ ယ တိုက်ပွဲ ဖြစ် မှာ အ မှန်ဘဲ။
    တိုင်း၇င်းသားတွေ က ကာကွယ်နေကြရပြီး။
    ခေါင်းပြုတ်၇င် အသက် ပြုတ်ပြီး မှတ်၊

  3. မြန်မာနိင်ငံကို ပြည်သူတွေ ပိုင်တာလား….
    ဘဘကြီးတွေပိုင်တာလား….
    ကိုတရုတ်တွေပိုင်တာလား….
    စစ်အစိုးရတွေ ပိုင်တာလား….
    ဘယ်လိုလဲဟ… တိုင်းပြည်ပစ္စည်းတွေကို ဝရုန်းသုန်းကား ရောင်းစားနေတာ… တရားဥပဒေမဲ့လှချည်လား..
    တိုင်းပြည်သံယံဇာတတွေကိုရောင်းပြီး ပြည်သူတွေက ဘာအကျိုးတွေ ခံစားရမှာလဲ…..
    သူ့ယောက္ခပိုင် ပစ္စည်းများ မှတ်နေလား မသိပါဘူး… ။ ။
    ရောင်းချက်ကတော့ လက်လန်တယ်…..။ ။

  4. Selling everything to China and now even thinking of selling our biggest natural resource. Kyaw San is crying too? Oh what had happened actually?

  5. လုံးဝမလုပ်သင့်တဲ့ စီမံကိန်းပါ . . . အကျိုးအမြတ်က ဘယ်သူ့အတွက်လဲဆိုတာ . . .သေချာလေ့လာကြည့်ကြပါ . . .မသိရင် . . .ဧရာဝတီ Site မှာ ရှာကြည်နိုင်ပါတယ် . . . ဧရာဝတီ အပျိုရည် ပျက်အောင်လုပ်နေကြပြီ .. . . . . . .

  6. Dear all.
    The project was signed during military junta administration.
    Now our country is under (so called)democracy government,
    knowing the negative outcomes of Myitsone dam , every
    wise citizens must initiate movements to save our Irrawaddy
    not to become like Yellow river which was killed by cruel Chinese
    who now planning to rape our river.

Comments are closed.