ဆန်ဖရန် စစ္စကို မြို့  ဘေးဧရိယာရှိ ရထားလိုင်းများ ပေါ် တွင် ဆန္ဒပြမှု အတွက် စုရုံးခြင်း မရှိနိုင်
ရန် BART ဟု ခေါ်သည့် Bay Area Rapid Transit မှာ ဆဲလ်ဖုန်း လိုင်းများ ကို ဖြတ်တောက်
ထားလိုက် သည်။
ဆန္ဒပြသူများ က ရဲက ပစ်သတ် လိုက်သည် ဟု ယူဆရသည့် Charles Hill အသတ် ခံရမှု အတွက်
ရထား ဆက်သွယ်မှု လိုင်း များ ကို ပိတ် ဆို့  ဆန္ဒပြ ရန် ကြိုးပမ်း စဉ် ဖြတ် တောက် ခဲ့ ခြင်း ဖြစ် သည်။
အမေရိကန် ရထား လမ်း အာဏာပိုင် များ ကို ယခု ကဲ့ သို့ ကြိုးမဲ့ ကွန်ယက် ဆက် သွယ်မှု လိုင်းများ
ဖြတ်တောက် ခြင်း ကို ပြည်သူများ နှင့် လူ့ အခွင့် အရေး အဖွဲ့  အစည်း များက အကြီး အကျယ်
ဝေဖန် ကြသည်။
ယခု သီတင်း တစ်ပတ် အတွင်း အမေရိကန် နိုင်ငံ ၀စ္စကွန်ဆင် ပြည်နယ် ဉ် လည်း ဆန္ဒပြမှုများ ဖြစ်
ပွား သကဲ့ သို့  Verizon တယ်လီဖုန်း ဆက်သွယ်ရေး မှာ ၀န်ထမ်း သောင်း နှင့် ချီ ဆန္ဒပြမှု များ လည်း
ဖြစ်ပွား ခဲ့ သည်။
အမေရိကန် နိုင်ငံ ဖီလာဒဲဖီယား မြို့  တွင် မူ လူငယ် များ နဲနဲ ဆူပူသည် ဟု အကြောင်းပြကာ ည ၉ နာ
ရီ ကျော်လျှင် အသက် ၁၈ နှစ် အောက် လူငယ်များ လမ်းပေါ် မထွက်ရ အမိန့် ထုတ် ပြန် ထား သဖြင့်
မငြိမ် မသက် ဖြစ်နေသည်။

They do the same thing like in Burma.