ဆယ်ကျော်သက် လူငယ်များ အချင်းချင်း အဓိကရုဏ်းဖြစ်ပွားပြီး ပြည်သူပိုင် နှင့် အများ ပိုင် ပစ္စည်းများ
ကို ဖျက် ဆီးမှု ဖြစ်ပွားပြီး နောက် အမေရိကန် နိုင်ငံ ဖီလာဒဲဖီယား မြို့ အုပ် ချုပ် ရေး ကောင်စီက
ည ဆယ် နာရီ ကျော်လျှင် အသက် ၁၃ နှစ် အောက် လူငယ်များ အပြင် မထွက်ရ အမိန့် ထုတ်
ပြန်ပြီး ညသန်း ခေါင်ယံ ရောက် လျှင် အသက် ၁၈ နှစ်အောက် လူငယ် များ အပြင် မထွက် ရ
အမိန့် ထုတ် ပြန် ထားရာ ထို အမိန့် ကို မလိုက် နာ သည့် ဆယ် ကျော် သက် လူငယ် များ ကို ရဲက
ဖမ်းဆီး ခဲ့ သည်။
ယနေ့ ညတွင် ရဲက လူငယ် ၄၀ ကျော် ကို ဖမ်းဆီး ခဲ့ ပြီး ၂၂ ဦး ကို တရားစွဲ ဆို မည် ဖြစ်သည်။
ဖီလာဒဲဖီယား မြို့ တော်ဝန် မိုက်ကယ် နတ်သား က ” ဖီလာ ဒဲဖီယား သည် လန်ဒန် မဟုတ် ဟု
ဆို ကာ ‘” လူငယ် များ ညမထွက် ရ အမိန့် ကို ထုတ် ပြန် ခဲ့ ခြင်း ဖြစ်သည်။ ထို အမိန့် က လူငယ်
များ က အုပ်စုလိုက် အန်တု မှု များ ရှိ ပြီး မြို့  ခံ အချို့  နှင့် တက်ကြွသူများ က ဝေဖန် ကြသည်။
