ဒေးဗစ် ကင်မရွန် သည် မြန်မာ စစ်အာဏာရှင် များလို အကျင့်ယုတ် သူ ဟု ဆို

စားစရာ မရှိ တဲ့ ပြည်သူတွေ ရဲ့  လိုအင်ဆန္ဒအရ ပေါ်ထွက် လာတဲ့ အင်္ဂလန် လူထု အုံကြွမှု ကို
စစ်တပ်ပါ ခေါ် ပြီး ရက်ရက် စက်စက် နှိပ်ကွပ်ဖို့  စီစဉ် ထား တဲ့ ဒေးဗစ် ကင်မရွန် ကို အင်္ဂလန်
ပြည်သူလူထု နဲ့  ရဲတပ်ဖွဲ့  ၀င်များ က အကြီး အကျယ် မကျေမနပ် ဖြစ်ကာ ” သူဟာ ကိုယ့် ပြည်သူ ကို ပြန် သတ် တဲ့ မြန်မာ စစ်အာဏာရှင် လို လူစား မျိုး ” ဟု အင်္ဂလန် နိုင်ငံ
တ၀ှမ်းက ဖေ့ဘွတ်နဲ့  တွစ်တာ အသုံး ပြု သူ ကျောင်းသား ၊ ကျောင်း သူများ ရဲ့  မှတ် ချက် တွေ မှာ
ရေးသား ထားပါတယ်။

ဗြိတိသျှ ၀န်ကြီးချုပ် ကို ဝေဖန်မှု တွေ ဟာ လူမှု ကွန်ယက်တွေ မှာ သာ မက Guardian ,
Independent, iTV စတဲ့ ဗြိတိသျှ မီဒီယာ တွေ မှာ လည်း ဝေဖန် ရှုံ့ ချကြပါတယ်။

ဒေးဗစ် ကင်မရွန် ဟာ ရဲတပ်ဖွဲ့  ကို လည်း အသုံး မကျ ဘူး လို့  ဝေဖန် ခဲ့ မှု ကြောင့် ဗြိတိသျှ ရဲ
တွေ ရဲ့  ငြိငြင် ခြင်း ကို လည်း ခဲ့ ခဲ့ ရပြီး ရဲတပ်ဖွဲ့  ကို ပြုပြင် ပြောင်းလဲ မယ် ဆို တဲ့ သူ ရဲ့  အစီ
အစဉ် ကြောင့် ရဲတပ်ဖွဲ့  ၀င် တွေ က ပြင်းပြင်းထန်ထန် ဝေဖန် ရှုံ့  ချခြင်း ကို လည်း ခံ နေရ သူ
ဖြစ်ပါတယ်။

လူမှု ကွန်ယက် တွေ ကို ပိတ်ပင်ဖို့  နဲ့  အုံကြွမှု တွေ ကို နှိမ်နှင်း ဖို့  အမေရိကန် အထူး ရဲတပ်
ဖွဲ့  တွေ ကို လည်း အင်္ဂလန် ခေါ် ယူပြီး လန်ဒန် ရဲ တွေ ကို သင်တန်း ပေး ဖို့  စီစဉ် တာကြောင့်
သူဟာ အာဏာရှင် တစ်ယောက် နဲ့  သိပ် တူတယ်။ အုံကြွမှု တွေ ဖြစ်လာ ရင် ပြင်းပြင်းထန်ထန်
ဖြိုခွင်း ဖို့  မီးသတ်ပိုက် တို့  ရာဘာကျဉ်ဆန် တို့  သုံး ဖို့ ခွင့် ပြုတယ် စစ်တပ် ပါ လိုအပ် ရင် ခေါ်
ဖို့  ကြိုးစားတယ်။ သူဟာ အရူး ပဲ …. သူဟာ မြန်မာ နိုင်ငံ မှာ သင်တန်း သွားတက် ခဲ့ သလို ပဲ
နော်တင် ဟမ် တက္ကသိုလ် မှ ပထ၀ီ  နိုင်ငံရေး ပညာရှင် ဆူဇန် မောင်ဂို မာရီ က FNG ကို ပြော
ပါတယ်။

အင်္ဂလန် က နာမည်ကျော် ဂါဒီးယန်း သတင်းစာ ရဲ့  စစ်တမ်း အရ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ်
ကင်မရွန် ရဲ့  လူကြိုက်များ မှု ဟာ ကျဆင်း သွား ပြီး တကယ် လို့  ကဒါဖီ လန်းဒန် လာလည် ရင်
တောင် သူ့ ထက် လူ ကြိုက် များ အုံး မယ် လို့ ဆိုပါတယ်။

ဓာတ် ပုံများ မှာ အင်္ဂလန် နေ့ စဉ် ထုတ် သတင်း စာများ နှင့် Freedom
News Group မှ ရိုက် ကူးထား သည့် ဓာတ်ပုံများ ဖြစ်ပါသည်။

One thought on “ဒေးဗစ် ကင်မရွန် သည် မြန်မာ စစ်အာဏာရှင် များလို အကျင့်ယုတ် သူ ဟု ဆို

  1. ဟုတ်ပါတယ်လူကိုလူလိုသဘောမထားရင် မြန်မာစစ်အာဏာရျင်တွေနဲ့တူတူပါဘဲ

Comments are closed.