ဒေါ်အောင်ဆန်းစုကြည် ပဲခူး ခရီးစဉ် အောင်မြင် မှု ရရှိ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်စုကြည် ၏ ပဲခူး ခရီးစဉ် သည် မြန်မာ့ သမိုင်း တစ်လျှောက်
ပြည်သူလူထုက သောင်းသောင်းသောင်း ဖျဖျ ကြိုဆိုမှု  အရှိ ဆုံးဖြစ်သည့် နိုင်ငံ ရေး ခရီးစဉ် ကာ
အောင်မြင်မှု လည်း ရရှိ ခဲ့ သည် ဟု ပဲခူး မြို့  မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် အဖွဲ့  ၀င် တစ်ဦး
က ပြော သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ပဲခူးတိုင်း အတွင်း ရှိ့ဲ ခူး မြို့  နှင့် သနပ္ပင် မြို့  များ သို့  သွားရောက် ခဲ့
ခြင်း ဖြစ်  ပြီး ပဲ ခူး မြို့  တွင် ပြီးခဲ့ သည့် သီတင်း ပတ် အတွင်း ရေကြီး နစ်မြုပ်မှု ကြောင့် ဒုက္ခရောက်
ခဲ့ ရသူ များ ကို အားပေး တွေ့ ဆုံ မှု ပြု ခဲ့ ပြီး ငွေကျပ် ငါး သိန်း လှုဒါန်း ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ပဲခူး ရွှေမော်ဓော ဘုရား   ကို လည်း တက်ရောက် ဖူးမြော်
ကြည်ညိုခဲ့ ပြီး သာသနာ့မဏ္ဍိုင်ကျောင်း ကို လည်း ၀င်ရောက် ခဲ့ ပြီး  ဆရာ တော် နှင့် ကျောင်း
တိုက် တွင်း ရှိ သံဃာ တော် များ ကို လှုဖွယ် ပစ္စည်းများ ကပ်လှုခဲ့သည်။
ပဲခူး ခရီးစဉ် အတွင်း ပဲခူး နဲ့  သနပ္ပင် မြို့  များတွင်  အောင်ဆန်းဂျာမွန်း အမည်ရှိ စာကြည့်တိုက်
နှစ်ခု ကို ဖွင့် လှစ် ပေး ခဲ့ သည်။
ပဲခူး ရွှေမော်ဓော ဘုရား တွင် နိဗ္ဗာန် ကုန် ရောင်းချ သူ တစ်ဦးက ” ဒေါ်အောင်ဆန်းစုကြည် လာမယ်
ဆို လို့  ဘုရား မှာ လာစောင့် နေတဲ့ သူတွေ အများကြီးပဲ အမေစု ဘုရား ကို ရောက် ပြီ လည်း ဆိုရော
ဘုရား ပေါ်မှာ လူတွေ လည်း ဖွေးသွားရော ၊ အရင် တုန်းက ဘုရား ကို ဗိုလ်ချုပ် ခင်ညွှန့်  တို့  ဗိုလ်ချုပ်
ကြီး သန်းရွှေ တို့ လာဖူးတယ်လေ။ ဘယ်သူမှ လာပြီး မကြိုကြပါဘူး ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့ သည့် လ ပုဂံ ဘုရား ဖူး ခရီး စဉ် ပြီး နောက် ယခု တစ်ခါ သည်
ပထမ ဦး ဆုံး နိုင်ငံ ရေး ခရီး စဉ် ဖြစ်ပြီး ၂၀၀၂ ခုနှစ် ဒီပဲယင်း ခရီးစဉ် ပြီး နောက် ပထမ ဦး ဆုံးအကြိမ်
ဖြစ်သည်။
ပဲခူး ခရီး စဉ် တွင် သံရုံးများ မှ တာဝန်ရှိ သူအချို့  မြန်မာ့ ဒီမိုကရေစီ ရေး လှုပ်ရှား သူများ၊ သတင်း
ရောက် ရှိ ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ပဲခူး ခရီး စဉ် တွင် ပြည်သူများ က “မေမေစု ကို ချစ်တယ်” ဟု အဖြုခံတွင်
အနက်စာလုံး ဖြင့် ရေး ဖွဲ့ ထား သည့် အလံ များ ဖြင့်  ဝှေ့ ယမ်း နှုတ် ဆက်ကြိုဆိုကြ သည်။ အကျဉ်း
ထောင် မှ မကြာခင်  က ပြန်လည် လွတ် မြောက် လာ သည့် အဆိုတော် ဇေယျာသော် လည်း ဒေါ်စု
ခရီးစဉ် တွင် လိုက် ပါ သွား ခဲ့ သည်။
3 thoughts on “ဒေါ်အောင်ဆန်းစုကြည် ပဲခူး ခရီးစဉ် အောင်မြင် မှု ရရှိ
  1. အမေစုရဲ့ ဘေးမှာဝိုင်းပေးတဲ့ သူတွေက ဆန်ကုန်မြေလေးဆိုပေမယ့် ဂုဏ်ယူစရာ အလုပ်ကို လုပ်သွားပါတယ်ဗျာ. အမေစုကိုတော့ ထောက်ခံပြီး ဘေးက၀ိုင်းပေးတဲ့ သူတွေကို မကောင်းပြောတာကတော့  မိန်းမမဆန်ဘူးလား.
  2. အစ်မစုကိုထောက်ခံပါ၏…ဘေးမှဝန်းရံသူအချို့ကိုတော့ အထူးသတိထားစေချင်ပါသည်..ဆန်ကုန်မြေလေး လက်ကြော မတင်းသူများပါနေသောကြောင့်ဖြစ်ပါသည်။
Comments are closed.