အစိုးရ ငွေတိုက် စာချုပ် များ ထုတ်ရောင်း မည်

ဟိန်းခိုင်ထွန်း၊                    ၊သက်တမ်း ငါးလ နီးပါ သာ ရှိ သေး သည့် မြန်မာ အစိုးရ သစ်
လက်ထက် တွင် အများ ပြည်သူဝယ်ယူ နိုင် မည့် Bond ဟု ခေါ် သော အစိုးရ ငွေတိုက်
စာချုပ် များ ကို ထမ်မံ ရောင်းချ ရန် စီစဉ်နေကြောင်း FNG မှ စုံ စမ်း သိရှိ ရသည်။

မြန်မာ့ စီးပွားရေး ဗဟို ဘဏ်မှ အကြီးတန်း အရာ ရှိ တစ်ဦးက FNG ကို ပြောကြား ရတွင် ”
ဘဏ္ဍာရေး ၀န်ကြီး ဌာန အထူးအစည်း အဝေး( နေပြည်တော်) မှာ ငွေတိုက် စာချုပ် တွေ
ကို ထုတ်ရောင်း ဖို့  ဆုံး ဖြတ် ချက် ချလိုက်တာ ၊ ဒီတစ် ခု အနိမ့် ဆုံး ၁၀ သိန်းလောက် နဲ့ 
တစ် နှစ် အတွင်း အတိုး ပြန်ထုတ် နိုင်အောင်စီစဉ် ထား တယ် ” ဟု ပြောသည်။

၂၀၁၀ ခုနှစ် နှစ် ဆန်း ပိုင်း က ( ကျပ်ငွေ ၅၀၀၀ တန် စက္ကူများ ထုတ်ဝေ အပြီး ) အစိုးရ ငွေ
တိုက် စာချုပ် များ ထုတ် ရောင်း ခဲ့ ပြီး ထိုစဉ် က ရောင်းချ ရ မှု မှာ ပုဂ္ဂလိက အဖွဲ့  အစည်းများ
က ၀ယ် ယူသောကြာင့် အထိုက် အလျှောက် အောင်မြင် ခဲ့ သည်။

ယခင်က အစိုးရ ငွေတိုက် စာချုပ် များ မှာ သုံး နှစ် ငါး နှစ် သက်တမ်း ဖြစ် ပြီး ၂၀၁၀ ခုနှစ်
တွင် နှစ် နှစ် သက်တမ်း စာ ချုပ် ကို ထုတ် ဝေကာ ယခု ထပ်မံ ရောင်းချ မည့် စာချုပ် သည်
တစ် နှစ် သက်တမ်း သာ ဖြစ် သည်။

ရန်ကုန် စီးပွားရေး တက္ကသိုလ် မှ ပညာရှင် တစ်ဦး က ” အစိုးရ က စီမံ ကိန်းတွေ ကို အကောင်
အထည် ဖော်ချင် လို့  ငွေ လို တဲ့ အခါ နဲ့  တိုင်း ပြည် ရဲ့  ငွေကြေး လှည့် ပတ် မှု ကို ပုံမှန် ဖြစ်
နေစေချင် (ငွေကြေးဖောင်းပွမှု ကို ထိမ်းချင် တဲ့ အခါ) မှာ ငွေတိုက် စာချုပ် တွေ ကို ထုတ်
ရောင်း ပါတယ်။ အခု လဲ အဲဒီ သဘော နှစ် ခု တည်းက တစ်ခု ဖြစ်မှာ ပါ ဟု FNG သို့ 
ပြောသည်။

ပြီး ခဲ့ သည့် သီတင်း ပတ် က နေပြည်တော် တွင် ပြုလုပ် ခဲ့ သည့် သတင်းစာ ရှင်းလင်းပွဲ တွင်
သတင်းစာဆရာ တစ်ဦးက တိုင်းပြည် ငွေကြေး လှည့် ပတ် မှု ကို မေးမြန်း ခဲ့ ရာ ပြန်ကြားရေး
ဝန်ကြီး ဦးကျော် ဆန်းက တိုင်း ပြည် ငွေကြေး လည် ပတ်မှု ဆို သည် မှာ ထုတ် မပြောသင့် သည့်
အရာ ဟု ပြန်လည် ပြောကြား ခဲ့သည်။

အစိုးရ က ငွေ တိုက် စာချုပ် များ ကို ထုတ် ရောင်း ရန် စီစဉ် ခြင်း မှာ လက်ရှိ ရန်ကုန် နှင့် မန္တလေး
မြိ့ များ တွင် အဆမတန် တက် နေ သည့် အိမ်ခြံမြေ ဈေးနှုန်း များ ကို ထိမ်းညှိုရန် လည်း ရည်ရွယ်
နိုင် သည် ဟု မြ၀တီ ဘဏ်မှ ၀န်ထမ်း ဟောင်း တစ် ဦး က ပြောသည်။

မြန်မာ အစိုးရ သစ် လက်ထက် တွင် တရုတ် ပြည်မှ ငွေ အမြောက် အမြား ချေးယူမှု ပြု ခဲ့ သည်။

အမေရိကန် နှင့် ဥရော ပ နိုင်ငံ အချို့  တွင် ငွေတိုက် စာချုပ် များ ကို အခြား နိုင်ငံ သား များ (သို့ မ
ဟုတ်) အခြား နိုင်ငံ များ ကို ရောင်းချ သော် လည်း ၁၉၉၃ ခုနှစ် က စတင် ပြီး ငွေတိုက် စာချုပ် များ
စတင် ရောင်း ချခဲ့ သည့် မြန်မာ အစိုးရ သည် နိုင်ငံ သား များ ကို သာ ရောင်းချသည်။

အမေရိကန် နိုင်ငံ ၏ Treasury Bond များ ကို တရုတ် နှင့် ဂျပန် နိုင်ငံ များ က အမြောက် အမြား
ဝယ်ယူထားကြသည်။

အခြား နိုင်ငံ များ တွင် ငွေကြေး နှင့် မသက် ဆိုင် သည့် ကုမ္ပဏီ များ အား ဘဏ်လုပ်ငန်း လုပ်ပိုင်
ခွင့် နှင့် ဘဏ် ပိုင် ဆိုင် ခွင် တားမြစ် (ငွေမည်း ခ၀ါ ချမည် ဆိုးသောကြောင့် အခြား အကြောင်းများ
ကြောင့်) ထား သော် လည်း မြန်မာ နိုင်ငံ တွင် ထူးထူးခြား ခြား လုပ် ပိုင် ခွင့် ပေးထား သည်။

3 thoughts on “အစိုးရ ငွေတိုက် စာချုပ် များ ထုတ်ရောင်း မည်

  1. မြန်မာနိုင်ငံမှာမရှိတာ ဘာမှမရှိဘူး
    စာထဲမှာတောင်ထည့်ရေးပါသေးတယ်
    မြန်မာဟာရွေနိုင်ငံလို့
    ဟုတ်ပါတယ် မြန်မာဟာ ဦးသန်းရွေရဲ့နိုင်ငံပါ။

  2.ေ၇ာင်းလို့၇တာအကုန်ေ၇ာင်း၊
    ၇ှိပူ ကုန်မှအေး သိန်းစိန် အတွေး။
    ဧရာဝတီ အတွက်၇င်းလေး။

Comments are closed.