နိုင်ငံ အနောက်ပိုင်းက ဇ၀ီယာ မြို့  ကို သိမ်းပိုက် ပြီး နောက် ကဒါဖီ ရဲ့  နောက်ဆုံး ခံတပ် လည်း
ဖြစ် လစ်ဗျား နိုင်ငံ ရဲ့  မြို့ တော် လည်း ဖြစ်တဲ့ ထရီပိုလီ ကို ချီတက်လာ တဲ့ လစ်ဗျား ဒီမိုကရေစီ
လိုလား တဲ့ လက်နက် ကိုင် တွေ ကို စကဒ် ဒုံးကျဉ် နဲ့  စတိုက် နေပြီး အာရပ်တော်လှန်ရေး အင်
တာနက် စာမျက် နှာ အယ်ဒီတာ က FNG ကို ပြောပါတယ်။
ဆိုဗီယက် လုပ် စကဒ် ဒုံးကျဉ် တွေ ကို သူ ရဲ့  ဇာတိမြို့  ဆာတ် က နေ အတိုက် အခံ တွေ သိမ်းပိုက်
ထားတဲ့ ရေနံ အလျှံ ပယ် ထွက်ရှိ ရာ ဘရီဂါ မြို့  ကို တိုက် ခိုက် ခဲ့ တာ လို့  အမေရိကန် ကာကွယ်
ရေး ၀န်ကြီးဌာန က သတင်း ထုတ် ပြန်ပါတယ်။
အခု လို မဟာဗျူဟာ မြောက် လက်နက် ကြီး ကို သုံးတာ ဟာ သူ့ ကို ပြည်သူတွေ က စတင် ဆန့် 
ကျင်ခဲ့ ပြီး ကတည်းက ခြောက်လ အတွင်းမှာ ပထမ ဦး ဆုံး အကြိမ် ဖြစ်ပါတယ်။
ဒီနေ့ မနက် အစောပိုင်းက ကဒါဖီ ရဲ့  အတွင်း စည်းထဲက အရေးအပါ ဆုံး သူ တစ်ယောက် ဖြစ်တဲ့
လစ်ဗျား ပြည်ထဲ ရေး ၀န်ကြီး ဟာ သူ့ ရဲ့ မိသား စု တွေ ကို ခေါ်ပြီး အီဂျစ် နိုင်ငံ ကို ကိုယ်ပိုင် လေ
ယာဉ် နဲ့  ထွက် ပြေး ခိုလှုံ ခဲ့ ပါတယ်။
လစ်ဗျား လက်နက် ကိုင် တွေ က နိုင်ငံ ရဲ့  အနောက်ပိုင်း နဲ့  အရှေ့  ပိုင်းက နေ ထရီပိုလီ မြို့  ကို
ဝင်တဲ့ အဓိက လမ်းမ ကြီး တွေ ကို ဖြတ်တောက် ထား နိုင် ခဲ့ ပြီး အခု ဆို ရင် ကဒါဖီ ဟာ ဆတ်
နဲ့  ထရီ ပိုလီ နှစ် မြို့  တည်း ကို သာ ထိမ်းချုပ် ထား နိုင်တော့ တယ် လို့  ထရီပိုလီ က လာတဲ့ ရိုက်
တာ သတင်း မှာ ဖော်ပြထား ပါတယ်။
ကြိုတင် အသံ သွင်း ယူထား တဲ့ အခွေ ကို လစ်ဗျား ရုပ်သံ က ဒီနေ့ ထုတ်လွှင့် ရာမှာ လစ်ဗျား
ခေါင်းဆောင် ကဒါဖီ က သူ့  ကိုယ်ထောက်ခံ သူ တွေ ကို လက်နက် ထုတ်ပေးမယ် ကျူးကျော်
သူ တွေ နဲ့  သစ္စာ ဖောက် တွေ ကို သတ်ပစ် ဖို့  တိုက်တွန်း ပြောကြား ခဲ့ ပါတယ်။
ကျွမ်းကျင် တဲ့ စစ်ရေး အကဲ ခတ် တွေ ကတော့ ကဒါဖီ ကို ဆန့် ကျင် သူတွေ ဟာ ထရီ ပိုလီ
ကို သိမ်းပြီး ကဒါဖီ ကို ဖယ်ရှား ဖို့  တော့ လနဲ့  ချီ အချိန် ယူရ မယ် လို့  ဆိုပါတယ်။
