ဒီနေ့ မနက် အစောပိုင်း မှာ လစ်ဗျား နိုင်ငံ ရဲ့  မြို့  တော် ဖြစ်ပြီး ၄၂ ကြာ နိုင်ငံ အာဏာကို လွှမ်း
မိုး ချုပ်ကိုင် ထား တဲ့ အာဏာရှင် ကဒါဖီ ရဲ့  အခိုင်အမာ ခြေကုပ် စခန်း ဖြစ်တဲ့ ထရီပိုလီ မြို့ ကို
ဝင်ရောက်လာတဲ့ ဒီမိုကရေစီ လိုလား တဲ့ လစ်ဗျား လက်နက် ကိုင် တွေ က ကဒါဖီ ကို သြဂုတ်
လကုန် မှာ ရာထူးက ဖယ်ရှား နိုင်လိမ့်မယ် လို့  ကြေငြာချက် ထုတ် ပြန် လိုက်ပါတယ်။
လစ်ဗျား နိုင်ငံ အနောက် ပိုင်း က ဒီမိုကရေစီ လိုလား တဲ လက်နက် ကိုင် တွေ ဟာ ထရီပိုလီ မြို့ 
လည်နဲ့  ဆိုရင် မိုင် ၄၀ လောက် သာ ကွာ တဲ့ နေရာ မြို့  ငယ်တွေ မှာ တပ် ဆွဲ ထားတဲ့ ကဒါဖီ ရဲ့  တပ်
တွေ ကို တိုက်ခိုက်မောင်း ထုတ် နိုင်ခဲ့ ပါတယ်။ လစ်ဗျား အသွင် ကူပြောင်းရေးကောင်စီကတော့
ကဒါဖီ ပြုတ်ကျ သွားတာ နဲ့  ရှစ်လ အတွင်း မှာ ရွေးကောက်ပွဲ လုပ်ပြီး အနိုင်ရ တဲ့ သူ ကို အာဏာ
လွှဲပေး မယ်လို့ ဆိုပါတယ်။
မနေ့ က ထရီပိုလီ နဲ့  အနီးဆုံး မြို့  ဖြစ်တဲ့ ဇ၀ီယာ ကို သိမ်းပိုက် နိုင်ခဲ့ တဲ့ သူပုန် တွေ ဟာ ထရီပို
လီ မြို့  သွယ်တန်း ထား တဲ့ ရေနံ ပိုက် လိုင်း တွေ ကို ဖြတ်တောက် ခဲ့ တာ ကြောင့် ကဒါဖီ ထိမ်း
ချုပ်ရာ မြို့ ထဲ မှာ ရေနံ ပြတ်တောက်မှု တွေ ဖြစ်ပေါ် နေတယ် လို့  ဆိုပါတယ်။
လစ်ဗျား အသွင် ကူးပြောင်းရေးကောင်စီ ရဲ့  ပြင်သစ် နိုင်ငံ သံအမတ်ကြီး Mansur Saif Al-Nasserက ”
ကျွန်တော်တို့  ကဒါဖီ ကို အမှန် တကယ်ပဲ ဖယ်ရှား နိုင်ပါတော့ မယ်။ မွတ်စလင် တွေ အထွတ်
အမြတ်ထား တဲ့ ရာမာဒန်ကာလ အပြီး နဲ့  တစ်ပြိုင် တည်း လစ်ဗျား မြေပေါ် က သူ ပျောက်ကွယ်
တော့ မှာပါ ပြည်သူတွေ ရဲ့  မျှော် လင့် ချက် တွေ တစ်ကယ် ဖြစ်လာ တော့ မှာပါ လို့  ဆိုပါတယ်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ တောင် အမေရိက တိုက် နိုင်ငံ တစ်ခုခု ကို ထွက်ပြေး ခိုလှုံ ဖို့ 
စီစဉ် နေတယ်လို့  သတင်း တွေ ထွက် ပေါ် နေ ပေမယ့် မြို့ တော် ထရီ ပို လီ မှာ တော့ ကဒါဖီ ကို
ထောက် ခံ သူတွေ က သစ္စာ ဖောက် တွေ ကို နောက်ဆုံး သွေးတစ် စက် ကျန် သည် အထိ အသေ
ခံ တိုက် မယ်လို့  ဆိုပါတယ်။
