တစ်ဒေါ်လာ ၉၅၀ နှုန်း တရားဝင် သတ်မှတ်မည်

အောက်တိုဘာလ ၁ ရက် နေ့ မှ စပြီး အမေရိကန် ၁ ဒေါ်လာ အား မြန်မာ ကျပ်ငွေ နှင့် လဲ လှယ်
ရာတွင် ကျပ် ၉၅၀ ရရှိ စေရန် တရားဝင် သတ်မှတ် တော့ မည် ဟု ဘဏ္ဍာ ရေး နှင့် အခွန် ၀န်
ကြီး ဌာန မှ အမည် မဖော်လို သူ အကြီးတန်း အရာ ရှိ တစ်ဦးက FNG သို့  ပြောကြားသည်။

တကယ်တမ်း တွင် မူ အမေရိကန် ဒေါ်လာ တန်ဖိုး ကျဆင်းနေခြင်း ကြောင့် သာ မြန်မာ ကျပ်
ငွေ တန်ဖိုးမာ နေခြင်း ဖြစ်ပြီး အမေရိကန် ငွေကြေး ဈေးနှုန်း ပြန်လည် မြင့် တက် ပါက မြန်
မာ ကျပ် ငွေ မှာ ၉၅၀ ထက်မက ပြုတ် ကျ အုံး မည် ဖြစ်သည်။

၂၀၀၆ ခုနှစ်က အမေရိကန် တစ်ဒေါ်လာ နှင့် လဲလှယ်ရာတွင် မြန်မာ ကျပ် ငွေ မှာ စံချိန် တင်
ဈေးတက် ခဲ့ ပြီး ၁၄၃၀ အထိ ဖြစ် ခဲ့ သည်။

ဒေါ်လာ ဈေးနှုန်း ကျဆင်း နေခြင်း ကြောင့် မြန်မာ နိုင်ငံ ၏ ပြည်ပ ပို့ ကုန် များ မှာ လည်း ထိ
ခိုက် လျှက် ရှိ ပြီး အချို့  ပို့ ကုန် ဈေးကွက် များ မှာ ရပ် နားထား ရသည်။

လတ်တလော ငွေကြေး ဈေးကွက် ဉ် အမေရိကန် တစ်ဒေါ်လာ မှာ မြန်မာ ကျပ်ငွေ ၇၅၀ ပေါက်
ဈေး ရှိ သည်။ FEC ဟု ခေါ် သည့် အမေရိကန် တစ်ဒေါ်လာ နှင့် ညီမျှ သည့် ငွေ စက္ကူ ကို မြန်မာ
နိုင်ငံ တော် ဗဟို ဘဏ်က ပြန် သိမ်းတော့ မည် ဟု သတင်း များ လည်း ထွက် ပေါ် နေသည်။

မြန်မာ ကျပ်ငွေ နှင့် နိုင်ငံခြား ငွေ လဲလှယ် နှုန်း ကို အကူအညီ ပေး ရန် အတွက် IMF မှ ကျွမ်း
ကျင် သူ များ မြန်မာ နိုင်ငံ သို့  စက်တင်ဘာ လ တွင် ရောက်ရှိ မည် ဖြစ်သည်။

4 thoughts on “တစ်ဒေါ်လာ ၉၅၀ နှုန်း တရားဝင် သတ်မှတ်မည်

  1. ရရမှာပါဗျာ။ ဒီလိုပဲ လုပ်နေကြတာပဲလေ။ နိုင်ငံရဲ့  FE လဲနှုန်းတွေက Free Trade မဟုတ်သေးတော့ လက်တဆုပ်စာ အရင်းရှင်ဟုဆိုသော လူတစ်စုက ဖြစ်အောင်လုပ်လို့ ရနေတယ်လေ။ (အနာဂါတ်အတွက်တော့ မကောင်းဘူးပေါ့ဗျာ)။
    မှန်းကြည့်ရတာတော့ GSM ဖုန်းဈေးကွက်မှာ ရိုက်စားလုပ်မယ့် အစီအစဉ်မှာ တခုခု အပြောင်းအလဲ ရှိလာပုံပဲ။ (ထင်ကြေးပါ၊ မှန်းဆကြည့်ရတာပါ)

  2. 1 US$ = 950 လို. သတ်မှတ်လို.ရပါ.မလားဗျာ…
    ဒီအတိုင်းရောင်းဆိုလို.တော. မဖြစ်နိုင်ဘူးဗျ…
    တော်ကြာ…အစိုးရဈေး 1ဒေါ်လာ= ခြောက်ကျပ် ဆိုတာမျိုးဖြစ်နေဦးမယ်..
    တော်တော်လုပ်ယူရမယ်ထင်တယ်….
    ပညာရှင်များဝင်ပြောပေးကြပါဦး…
    SOS Myanmar ပြောသလိုမျိုး…..
    ကျေးဇူးပါ….

  3. အရေးကြိး ပါ၍ အများသိစေချင်ပါသည်၊၊

    မီဒီယာများ တွင်မြန်မာငွေ တန်ဘိုး မြင့်တက်လာခြင်းနှင့်ပတ် သက်၍ ရေရာသော အဖြေကို မတွေ့ရပါ၊၊

    သို့သော် လည်းအတော်များများ က နိုင်ငံတော် ကို တာဝန်ယူ စေချင်ကြသည်၊၊

    လက်ရှိတရားဝင် ငွေ လဲ နှုံး ကို ပြင်ဆင် လျင် ထိန်းသိမ်း နိုင်မည် ဟုလည်းမျော်လင့်ကြသည်၊၊

    ၎င်းအချက်တစ်ခုထဲ သည် အဖြေ ဟု ကျွန်တော် ကတော့ မယုံကြည်ပါ၊၊

    ငွေတန်ဘိုးမြင့်တက်ရန်မှာ

    မြန်မာငွေ ကို ဝယ်လိုအား မြင့် လာရန်
    ဂျီဒီပီ တိုးနှုံး သိသာ စွာ မြင့်လာရန် (ဒီလမ်းကြောင်းကို ပယ်ပါ မည်၊၊) လိုပါမည်၊၊

    ပုဂ္ဂလိကပိုင် ပြုရေး ကြောင့် ပြင်ပငွေ များ စီးဝင်ခြင်းသည် တချက်ဖြစ်နိုင်ပါသည်၊၊စင်္ကာပူ၊မလေး ငွေလဲ ဈေးကွက် မှ ဤကိစ္စ မျိုး

    အတွက်ငွေ ဈေး ပြောင်းကြောင်း သတင်းမထွက်ပါ၊၊

    တကယ့်အကြောင်းရင်းမှာ မြန်မာ ငွေ နှင့် ကမ္ဘာ့ ရွှေ ဈေး အသေ ချိတ်မိ နေ၍ ဖြစ်ပါသည်၊၊

    ***ပူးတွဲပါ ဓာတ်ပုံတွင် ကမ္ဘာ့ ရွှေဈေး ဒေါ်လာ နှုံး ဂရပ် နှင့် တရုပ်ယွန်ငွေ အားဖြင့် ဖေါ်ပြသော မြန်မာငွေတန်ဘိုး

    ဂရပ်ပုံ နှစ်ခု ကို ယှဉ်တွဲပြထားပါသည်၊၊ရွှေဈေး အတက် အကျ တိုင်း ထပ်တူမြန်မာ ငွေပြောင်းပါသည်၊၊

    ဒေါ်လာသည်ရွှေနှင့် ပြောင်းပြန် ပြောင်းနေသည်၊၊မြန်မာ ငွေ ကရွှေနှင့်အတူ ပြောင်းနေသည်၊၊ ကမ္ဘာ့ ရွှေဈေး နှင့် အသေ ချိတ်နေ

    သော အချက် ကို ဖြုတ် မထုတ်ဘဲ မြန်မာငွေ ကို တန်ဘိုးထိန်းဘို့ခဲယဉ်းလှ၏၊၊ ကြီးစွာ ပေးဆပ် ရမှုများရှိနေံ၏၊၊

    ထွက်အားကောင်းသော မြန်မာ့ရွှေနှင့်ဝယ်အားကောင်းသော ရွှေလီသူဌေး တို့ကြောင့် ကြီးမားသော virtual gdp တစ်ရပ်

    ပေါ်လာဟန် ရှိကြောင်းတင်ပြလိုက်ရပါသည်၊၊

  4. အရမ်းကောင်းတဲ့ အစီအစဉ်ပါ … အတင်းအဓမ္မ ထိန်းကွပ်လို့မှမရရင် လွတ်လပ်စွာလုပ်ကိုင်ခွင့်ကို စည်းမျဉ်းစည်းကမ်းလေးနဲ့ ထိန်းချုပ်တာက အဖြစ်သင့်ဆုံးပါ… ကြိုဆိုပါ၏ …

Comments are closed.