ပြည်တော်ဝင် လိုသူများ လိုက်နာရမည့် စည်းကမ်း ချက် များ ကို မကြာခင် ထုတ်ပြန်မည် ဟု ဆို (ဗီဒီယို)

Updated: ပြည်တော် ၀င်လို သူများ လိုက် နာ ရမည် စည်း ကမ်းချက် အနည်း ဆုံး ၆၀
ခန့်  ကို မကြာခင် ထုတ် ပြန် မည် ဟု သတင်း ရရှိ ပြီး ထို အချက် များ အနက် အချို့ မှာ
၂၀၁၀ ရွေးကောက် ပွဲ ရလာဒ် ကို သဘောတူ ပါသည် ဆို သည့် အချက် ၊ ပထမ တစ်
နှစ် အတွင်း နေရပ် မှာ ကျော် လွန် ပြီး ခရီးသွား ပါ က သက်ဆိုင်ရာ ရဲ စခန်း သို့  သွားရောက် သတင်း ပို့ ပါမည့် ဆိုသည့် အချက် နှင့် ပြည်တွင်း
မှာ သာမက ပြည်ပ မှာပါ ရာဇ၀တ် မှု ကျူးလွန် ထားခြင်း ရှိ ၊ မရှိ ဆိုသည် ကို အစစ်ဆေး
ခံရန် သဘောတူညီ ချက် တို့  ပါဝင် သည် ဟု သတင်း ရရှိ ပြီး ပထမ ငါး နှစ် တွင် တရား
ဝင် မှတ် ပုံ တင် ထား သည့် နိုင်ငံ ရေး ပါတီ များ သို့  ၀င် နိုင် ပြီး ပါတီ ထောင် ခွင့် တော့
မရှိ သေး ဟု သိရသည်။

သမ္မတ ဦးသိန်းစိန် နှင့် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း နှင့် အစိုးရ အဖွဲ့  နာရေးကူညီမှု အသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေ၊ စာရေးဆရာမ သန်းမြင့်အောင် တို့ နှင့် တွေ့ ဆုံစဉ်

Updated: FNG မှ နောက်ဆုံး ရရှိ သည့် သတင်း အရ ပြည်တော်ဝင် သူများ သည် စိတ်ပိုင်း
ဆိုင်ရာ ချို့ ယွင်း မှု ရှိ မရှိ နှင့် ကူးစက် ရောဂါ ပိုးမွှား များ သယ်ဆောင် ထား ခြင်း ရှိ ၊ မရှိ ကို
သေချာစွာ စစ်ဆေး နိုင်ရန် သီးသန့် နေရာ တစ်ခု တွင် ခြောက်လ ခန့်  ပြင်ပ နှင့် အဆက် အ
သွယ် ဖြတ် ၍ နေရ မည် ဟု နေပြည်တော် တွင် ဆောက်လုပ် နေသည့် အထွေထွေ ရောဂါကု
ဆေးရုံကြီး တွင် တာဝန်ထမ်းဆောင် မည့် ဆရာ ၀န် တစ်ဦး က ပြောသည်။

ပထမ ဦးဆုံး ပြန်လာသူ ဆယ်ဦး ကို ကျပ်ငွေ သိန်း တစ်ထောင်စီ ချီးမြှင့် မည် ဟုဆို

Updated : FNG မှ နောက်ဆုံး ရရှိ သည့် သတင်း အရ ပထမ ဦးဆုံး ပြန်လာ သူ ဆယ်ဦး ကို
ငွေကျပ် သိန်းတစ်ထောင်၊ ဆဲလ်ဖုန်း တစ်လုံး၊ မော်တော်ကား ပါမစ် နှင့် အခြား ခံစား ခွင့် များ
ပေး မည် ဟု သတင်း ရရှိ သည်။

၁၉၉၈ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံ များ တွင် ရောက်ရှိ နေသည့်
မြန်မာ နိုင်ငံသားများ ပြစ်မှု ကျုးလွန် ခဲ့ခြင်း မရှိ လျှင် မြန်မာ နိုင်ငံ တွင်း မှာ ပြန်လည် အခြေချ
နေထိုင် ခွင့် ပြုမှာ ဖြစ်ကြောင်း ဒီနေ့ နေ ပြည်တော်မှာ စီးပွားရေး လုပ်ငန်း ရှင် တွေ နဲ့  တွေ့ 
ဆုံ ရာမှာ ပြောကြား ခဲ့ ပါတယ်။

အခုလို  ပြည်ပရောက် မြန်မာ နိုင်သား တွေ ပြည်တွင်း ပြန်ဝင် နိုင် ဖို့  ဖိတ်ခေါ်တာ ဟာ နိုင်ငံ တော်
တိုးတက်ရေး မှာ အတူ တကွ ပါဝင် နိုင်ဖို့ အတွက် လို့  ဆိုပါတယ်။ သူ့ ရဲ့  ပြောဆိုချက် ကို မြန်မာ့
ရုပ်မြင်သံကြားက ထုတ်လွှင့် သွား ခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန် အခု လို ပြည်ပရောက် မြန်မာ တွေ ပြန်လာ ဖို့  ဖိတ် ခေါ်တာ ဟာ မြန်မာနဲ့  အိမ်
နီးချင်း နိုင်ငံ အိန္ဒိယ မှာလူထု လှုပ်ရှား မှု တွေ စတင် ချိန် မှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ခွင့်လွှတ်လောက်တဲ့ ပြစ်ဒဏ် ဆိုရင် လျှော့ပေါ့ ပေးမှာ ဖြစ်ပြီး အရမ်းဆိုးရွား
တဲ့ ပြစ်ဒဏ် ဆိုရင် တော့ အချို့ အ၀က် ကို ကျခံ ရမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး သူက ပြောကြား
ရာမှာ အချင်းချင်း မညီညွတ်မှု ကြောင့် အရင် က အိမ် နီးချင်း နိုင်ငံ တွေ ထက် ပိုပြီး ကြွယ်ဝ သွား
ခဲ့ ပေမယ့် အခု တော့ ကျော်ဖြတ် သွား ခဲ့ ပါပြီ လို့  ပြောခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန် ရဲ့  ဒီနေ့  ပြောဆိုမှု ကို နိုင်ငံ ရေး အရ ဝေဖန်မှု တွေ ရှိ နေပြီး ဥပဒေ ကြောင်း
အရ လည်း တရား မ၀င် ဘူး လို့  ပြောဆိုကြပါတယ်။

သမ္မတ ဦးသန်းစိန် ၏ မိန့် ခွန်း နှင့် ပတ်သက်ပြီး ဥပဒေ ပညာရပ် ဖြင့် အသက်မွေး ၀မ်းကျောင်း ပြု
ခဲ့ ဖူးသည့် နိုင်ငံ ရေး အကျဉ်းသား တစ်ဦးက ” သူပြောတာ တရား မ၀င်ဘူးလေ၊ ဒါလွတ်ငြိမ်း ချမ်း
သာခွင့် လည်း မဟုတ် ဘူး ပိုပြီး တော့ တရားဝင် ဖြစ် အောင် လွှတ်တော် က နေ အတည် ပြုပေး
ဖို့ လိုတယ်၊ သမ္မတ လွှတ်တော် ကို ကျော်ကျော် ပြီး လုပ်နေတယ် ဆိုတာ အရမ်း မလေး စားရာ
ရောက်တယ် ” လို့  ပြောပါတယ်။

ဒီနေ့ သမ္မတ ရဲ့  မိန့် ခွန်း ကို ဖိတ်ကြား ထား တဲ့ သတင်း ထောက် တွေ တက် ရောက် နိုင်ပေမယ့်
မေးခွန်း မေးမြန်း ခွင့် တော့ မရ ခဲ့ ပါဘူး။

ဒီနေ့ တွေ့ ဆုံ မှု မှာ ယခင်က ကန့် သတ် မှု တွေ လုပ်ခြင်း ခံထားရတဲ့ နာရေး ကူညီမှု အသင်း နဲ့  နာ
ဂစ် ဒေသ မှာ အကူအညီပေး နေတဲ့ အဖွဲ့  အစည်း တစ်ချို့  လို မျိုး ပါဝင်ပါတယ်။

ဒီတွေ့ ဆုံ ပွဲ ကို တက်ရောက် ခဲ့ သူ တစ်ဦးက တော့ ရာထူးက နှုတ်ထွက် ဖို့  ဖိအား ပေး ခံ နေရတယ်
လို့  သတင်း ထွက် နေတဲ့ ပြန်ကြားရေး နဲ့ ယဉ်ကျေးမှု ၀န်ကြီး ဦးကျော်ဆန်း ကို လည်း တွေ့ ခဲ့တယ်
လို့  ဆိုပါတယ်။

ကနဦး ကတော့ ဒီနေ့  တွေ့ ဆုံ မှု မှာ ဒေါ်အောင်ဆန်း စုကြည် ကို ပါ ဖိတ်ကြား မယ် လို့  သတင်း
တွေ ထွက်ပေါ် ခဲ့ ပေမယ့် တရား ၀င် ဖိတ်ကြား ခဲ့ ခြင်း မရှိ ပါဘူး။

ပူတာအို အကျဉ်းထောင် မှာ အကျဉ်းကျ နေတဲ့ နိုင်ငံရေး အကျဉ်းသား ကိုမျိုးမင်းဇော် ရဲ့  မိသား စု
ဝင် တစ်ဦးက တော့ ” နိုင်ငံ ရေး အကျဉ်းသား တွေ ကို ပြန်လွှတ် ပေးတဲ့ သတင်း မျိုး ကို ပဲ မျှော်လင့်
တောင့် တ နေတယ် ” လို့  ပြော ပါတယ်။

၁၉၆၂ ခုနှစ် က နိုင်ငံ တော် အာဏာကို သိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်း ဟာ အထွေထွေ လွတ်ငြိမ်း
ချမ်းသာ ခွင့် ကို တရား ၀င် ထုတ် ပြီး ကြေငြာ ကာ တောထဲ ရောက် နေတဲ့ သူ တွေ ကို ပြန် လည်
ဝင်ရောက် ဖို့  ခွင့် ပြု ခဲ့ ပေမယ့် နောက် ပိုင်း မှာ အကြောင်း အမျိုး မျိုး နဲ့  ပဲ ဖမ်းဆီး ခဲ့ ပါတယ်။

ယခင် မြန်မာ စစ်အစိုးရ ရဲ့  မတရား မှု တွေ ကြောင့် နိုင်ငံရေး၊ စီးပွား ရေး နဲ့  လူမှု ရေး အရ အပြင်
အများ အကျိုး သယ်ပိုး တဲ့ အတွက် ပါ ပြည်ပ ကို ရှောင်တိမ်း လာတဲ့ သူတွေ ရှိ ပါတယ်။

သမ္မတ ဦးသိန်းစိန် ရဲ့ ကြေငြာချက် ကို ပြည်ပ ရောက် နေတဲ့ နိုင်ငံ ရေး အင်အား စု တွေ က ဝေ
ဖန်ကြပါတယ်။

21 thoughts on “ပြည်တော်ဝင် လိုသူများ လိုက်နာရမည့် စည်းကမ်း ချက် များ ကို မကြာခင် ထုတ်ပြန်မည် ဟု ဆို (ဗီဒီယို)

  1. အင်း…တိုင်းပြည်ကို…ပြန်ချင့်လိုပြန်တာ…ဘာမှာရှောက်ပီးမပြောနေမလုပ်နေနဲ့ ..မပြန်ချင့်တဲ့လူလည်းမပြန်နဲ့ …ကိုယ်ဘယ်ဘဝကလာတယ်ဆိုတာကိုယ်သိတယ်….ကိုယ်ဘာတွေလုပ်ခဲ့လည်းဆိုတာလည်းသိတယ်….
    တစ်လောကလုံးကိုညာလို့ ရချင့်ရမယ်..ကိုယ်ကို..ညာလို့ မရဖူး…သူ့ တို့ က…သဘောထားမှန်ဖူးလို့ မယုံကြည့်ရင်နေလိုက်….မှန်တယ်ထင်ရင်ပြန်လိုက်….နေချင့်နေ..မနေချင့်ပြန်…ကိုယ်ဖြစ်ကိုယ်ခံပဲ…ဘာပါလာလည်း…ကိုလာတုန်းက…အခု..ကိုယ်ပြန်တော့လည်း..မပါရင်ဘာဖြစ်လည်း….သူများပေးတာကိုမှာစားရမဲ့ဘဝတွေလား…..

  2. သေချာနာထောင်ကြည့်တော့လည်း အခြေအနေ အမှန်ကို သိနေပြီး လုပ်တော့မယ်လို့  မြင်ပါတယ် အထုးခြားဆုံးကတော့ စိမ်းစိမ်း တွေမမြင်ရတော့ အမြင် ရှင်းနေမယ်လ်ု့ ထင်ရတယ် တကယ်လုပ်ရင် တကယ်ပြန်လာမှာပါ မပူနဲ့

  3. ဘာလုပ်ပေးပေး အကောင်းကိုမမြင်နိုင်ကြသေးပါလား……..ချက်ခြင်းကြီးတော့ အမေရိကန်တို့ အင်္ဂလန်တို့လိုတော့ဘယ်ဖြစ်လာပါ့မလဲ……….တဆင့်ခြင်းတက်မှရမှာပေါ့

    1. တဆင့်ချင်းတက်ရမှာတော့သိတာပေါ့…ခုဟာကသဘာဝမကျတာကိုထောက်ပြနေကြတာပါ။ အမေရိကန်တို့အင်္ဂလန်တို့လိုဖြစ်လာမှပြန်လာမယ်လို့ဘယ်သူကမှမပြောကြပါဘူး..။ ဖြစ်လာဖို့ လမ်းလည်းမရှိပါဘူး…။USA..UK အသာထားပါ..။အိမ်နီးချင်းထိုင်းကိုမှီအောင်တောင်နောင်နှစ်
      တစ်ရာအနည်းဆုံးလိုလိမ့်မယ်မိတ်ဆွေ..။လုပ်သင့်တာကပြည်တွင်းနယ်စပ်ဒေသအပါအဝင်အား
      လုံးရဲ့ငြိမ်းချမ်းရေး..လုပ်နေတာကအာဆီယံဥက္ကဌဖြစ်ချင်တဲ့ဇောနဲ့နိုင်ငံတကာကအကောင်းမြင်
      လာအောင်ဟန်ဆောင်ပြည်တော်ပြန်ခေါ်ယူမှု့….သေချာတွေးပြီးမှကွန်မန့်ရေးပါမိတ်ဆွေgangling….။
      ဘယ်လိုရည်ရွယ်ချက်နဲ့ခေါ်တယ်..နောက်ကွယ်မှာဘာတွေမြုပ်နေတယ်ဆိုတာမိတ်ဆွေတို့ပိုသိမှာပါ။ အရင်ဆုံးလုပ်ရမှာကနိုင်ငံရေးအကျင်းသားအားလုံးကိုချက်ချင်းလွှတ်ဖို့နဲ့တိုင်းရင်းသားကိစ္စတွေ အမြန်ဆုံးဖြေရှင်းပေးဖို့..ပြီးမှအပြင်ကအဆင်ပြေနေသားတကျဖြစ်နေတဲ့သူတွေကိုစည်းရုံးရမှာပါ…။ ဒီလောက်ဆိုမိတ်ဆွေအမှန်တရားကိုတွေးတောနိုင်မှာပါနော်……….။

    2. ဟုတ်ကဲ့ ကျနော်တို့လဲ သူတို့လိုဖြစ်ရပါလိုတယ်လို့ တောင်းဆိုနေတာ မဟုတ်ရပါ။ ဖြစ်လာခဲ့တဲ့သမိုင်းစဉ်လာအရ တခါမှ ကတိစကားတည်ခဲ့တာ မဟုတ်ခဲ့လို့ပါ။ ယုံရခက်ကြီးပေါ့။ တခါမှတောင် ကတိမတည်ခဲ့ဖူးဘူးလေ။ ကျနော်က ဗမာပြည်ပြန်ချင်နေတာကြာပြီ။ ဒါပေမယ့် ထောင်ထဲလဲ မသွားရဲဘူးဗျ။

  4. ရောက်ရောက်ချင်း ဆေးစစ်သလိုလိုနဲ့  ခြောက်လလောက် သီးသန့် ထားအုံးမယ်တဲ့။ သီးသန့် ဆိုပီး ထောင်ထဲ တည့်ထားရင် ဘယ်လိုလုပ်မလဲ။ လာပီးမှတော့ ပြန်သွားလို့ လဲ ရမှာ မဟုတ်ဘူး။ ဂိကနဲ ဆွဲစိထားမှာပဲ။ မသေချာပဲနဲ့ တော့ မပြန်တာ အကောင်းဆုံးပါ။ ငါးစာကို မြင်ပီး ငါးမျှားချိတ်ကို မမြင်ရင်တော့…….
    ခင်မင်စွာဖြင့်

  5. ငါတို့ပြန်လာချင်လာမယ်၊မလာချင်မလာဘူး..နေချင်တဲ့နေရာမှာနေနိုင်တဲ့အခွင့်အရေးငါတို့ဆီမှာ ရှိတယ်ဟေ့…ပြန်လာရအောင်သူတို့ဆီပြန်လာရင်အင်တာနက်Speedလည်းမကောင်း၊Webတွေလည်း
    ထိန်းချုပ်ထား၊လမ်းတွေကကြမ်းရေတွေကလျှံ……စပယ်ယာကဆဲ..တောက်…ဒီကြားထဲအရက်သမား
    ဆယ်အိမ်မှူး၊ရာအိမ်မှူးတွေကတမျိုးကြောက်ရဦးမယ်…ပြီးရင်မီးကလည်းပျက်ဦးမှာလေ…။တော်ပါကွာ..။
    ရေးပြနေရတာနဲ့တင်ကြက်သီးထနေပြီမို့အသားကျနေတဲ့ခုလက်ရှိနိုင်ငံမှာပဲနေသွားပါရစေ..။

  6. မဟုတ်တာတွေတော့ အတော်လုပ်တဲ့ အစိုးရဘဲ… ကိုယ့်နိုင်ငံမှာ အလုပ်မရှိ ၊ရွာက ဥက္ကဌ ဟိုကျေးဒီကျေးကောက်၊စစ်သားက ဘော်တာစွဲ၊လုပ်အားပေးသွားရ၊လယ်အခွန်ဆောင်ရ၊လယ်ကထွက်တဲ့စပါးကိုမဝရေစာနဲ့ခွဲဝေစားလို့.. ပြည်ပကိုအောက်လမ်းက ထွက်ပြီး သူများနိုင်ငံမှာ ကျွန်ခံနေရသူတွေ၊ပြီးတော့ အပေါ်လမ်းကသွားပြီး သူများဆီမှာ ကွန်သွားခံသူတွေ၊ပြည်တွင်းက ဆင်းရဲနေတဲ့သူတွေ၊ပြီးတော့ တနယ်နဲ့တနယ် တရွာနဲ့တရွာ သွားလာရေးလက်ပြီး(ကမ္ဘာဦးထဲက အခုချိန်ထိ) စသည်တွေကို ဘာမှ မဖြေရှင်းနိုင်ဘဲ… နိုင်ငံရေးလုပ် ရှောင်သူတွေကို ငွေနဲ့ပြန်ခေါ်နေတာဟာ…အစိုးရက ထင်ရာစိုင်းလုပ်တတ်တယ်ဆိုတာ နိုင်ငံတကာကိုပြနေတာဘဲ…ဒီမိုကရေစီလမ်းကြောင်းကိုလျောက်နေလေယောင်ယောင်ဘဲ…….နိုင်ငံကောင်းမွန်ဖို့ …ဘာစီကိန်းမှ မစဘဲ… အဓိပွှါယ်မရှိတာတွေ စလုပ်တယ်…..ပညာမတတ်တဲ့အစိုး…ဖျွတ်ဦးနှောက်..နဲ့ လုပ်တဲ့ သူတွေ နောက်ကို လိုက်ချင်တဲ့ သူတွေ ပြန်ကြပေတော့…….

  7. သွပ်ပြားတို့ ကလေ ဗမာပြည်ကြီး ပြန်ပြီး ချာပါတီ ထောင်မလို့ ပါဆို
    ထောင်လို့ မရပြန်ဘူး

  8. ကိုယ်.နိုင်ငံကိုပြန်လာဖို. ငွေနဲ.များခေါ်နေတယ်ဆိုကတည်းက နောက်မှာ ငါးမျှားချိတ်တော.ရှိမှာပေါ.။(သတိကြီးကြီးတော.ထားဖို.လို) ဘာရာဇ၀တ်မှုမှမရှိဘဲနဲ. မိမိပြန်ချင်တဲ.အချိန်ကိုပြန်မှာပါ.။ ပြန်လာတော.ရော အဲဒီပြန်လာသူတွေအတွက် အလုပ်အကိုင်အခွင်.အလမ်းတွေ အစိုးရကစီမံပေးမတဲ.လား…? ပြည်သူလူထုတွေရဲ. ဆင်းရဲမွဲတေမှုတွေ သမ္မတ အစိုးရလမ်းသလားရာနေရာမှာ မမြင်သာအောင်ဖုံးကွယ်ပြသနေကြပေမယ်. အခက်အခဲ မျိုးစုံခံစားနေရတဲ. နိုင်ငံလူဦးရေ ၈၀%လောက်ရှိနေဆဲလို. ခန်.မှန်းမိပါတယ်..။ အစိုးရသာပြည်သူတွေကိုချစ်တယ် ဆိုရင် အရင်ဆုံး ပြည်သူတွေကိုမျှားမခေါ်ပဲနဲ. ပြည်သူတွေဘက်ကို ထိခိုက်နှစ်နာမှုတွေ အရင်ဆုံးဖြေရှင်းပေးသင်.တယ်…။နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေအတွက် အခွန်ကိုလျှော.ပေါ.ပေးသင်.ပါတယ်…။ ၀မ်းစိုနိုင်ဖို.အတွက် သူများနိုင်ငံမှာ ရုန်းကန်နေရတဲ.သူတွေအတွက် ဘာသက်ညှာမှုမှမပြဘဲနဲ. နိုင်ငံထဲပြန်ခေါ်ပြီး ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်ပြန် နေဖို.တာ. မလွယ်ပါဘူး..။အထူးသဖြင်. အစိုးရကပညာတတ်လူငယ်တွေကိုမလေးစားလို. အခုလိုနိုင်ငံခြားထွက်ကုန်တာ..။ အမှန်တကယ်တန်ဖိုးထားတယ်ဆိုရင် အလုပ်အကိုင်အခွင်.အလန်းတွေနဲ. တင်.တောင်.တင်.တယ် အရင်ဖြစ်အောင် အရင်ကြိုးစားပါလိုက်ပါ.။ လုံလောက်တဲ. အသက်မွေးသမ်းကျောင်းမှု ပြုနိုင်တဲ. နိုင်ငံကိုပြန်လာဖို. ဘယ်သူမှလက်မတွန်.ပါဘူး..။ အခုတော……

  9. ငွေသိန်းတစ်တောင်.ဟန်းဖုံးတလုံး.ကားပါမစ်နှင့်အခြားခံစားခွင့်များကို ပထမဦးဆုံးပြန်လာသူဆယ်ဦးဆိုတာ သူတို့လူတွေကိုပါ(ပြည်ပကိုလွှတ်ထားတဲ့သူတို့ကိုသတင်းပေးနေတဲ့လူတွေ)။တကက့်ပြည်သူပြည်သားမပါဘူးနော်။သူ့လူတွေကိုဘဲပေးမှာ။ တိုင်းရင်းသားဏဲ့ပြည်သူပြည်သားတွေရဲ့အပေါ်မှာသာတကက့်စေတနာအမှန်လေး ရှိခဲ့မယ်ဆိုရင်ပြည်တွင်းကလူတွေတယောက်မှပြည်ပကိုထွက်လာစရာအကြောင်းမရှိဘူး။အခု့လက်ရှိပြည်တွင်းမှာရှိနေတဲ့လူတွေကိုဘဲထမင်းလေးနှစ်နပ်ဏဲ့ကျောခင်းစရာနေရာလေးကိုကျီးလန့်ရှာစားနေရတဲ့ဘ၀ကလွှတ်အောင် ဆောင်ရွက်ကြပါအုံး။

  10. မိုးပေါ်က…လေယာဉ်ပျံကိုခဲနဲ့ပစ်ရင်ထိလိမ့်မယ်…..ပင်လယ်ထဲကငါးတွေဖမ်းရင်အကုန်မိလိမ့်မယ်…သေသွားတဲ့သူတွေပြန်ရှင်လာမယ်လို့ပြောရင်…ယုံလိုက်ပါ…မနေ့ကပြောတဲ့စကား…..ကို..စဉ်စားပြီးယုံ…သိန်းစိန်နောက်မှာ…အစွယ်တကားကားနဲ့ဘီလူးကြီးကိုမမေ့နဲ့…..တားတားကဂျော့…ဦးတိန်းကျိန်ချကား..မယုံချဲဘူး…တားတတားကြောက်တရ်…တားတားညက..အီမက်မီကောင်ဘူး…..လူချိုးတွေအညားကြီ…တားတားနောက်ကိုလိုက်ရာကြလို့တဲ့……

  11. နေ၀င်းလေသံလိုမျိုးပဲ….အရင်ဦးဆုံး…ပြည်ပကသူတွေကဝေးပါသေးတယ်….ထောင်ထဲမှာရှိတဲ့နိုင်ရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးဖို့စဉ်စားပါ…တော်ကြာ…ဆပ်ပြာသည်လင်ပျောက်သလိုဖြစ်နေအုံးမယ်….

  12. ကလေးတောင်မယုံတဲ့သူတို့စကား ယုံတဲ့သူပြန်လာကြပေါ့။

  13. ပြန်လာနိုင်ဖို့အတွက် စဉ်းစားပေးမယ်လို့ဘဲပြောတာပါ….
    သေချာစဉ်းစားကြည့်ရင်….
    စဉ်းစားပေးနေတယ်တို့… ပြန်လာနိုင်ဖို့အတွက် အစီအစဉ်တွေချမှတ်ပြီးပြီတို့ကိုလည်းမပြောပါဘူး….

    ဘယ်လိုလုပ်မလဲ… ဘယ်တော့လဲ… တွေဘာကိုမှမပြောပါလား…း(

  14. အာလူးလာမပေးနဲ့..လေကိုနည်းနည်းလျှော့ says:

    အပေါ်ကဗီဒီယိုသတင်းထဲမှာပြောသွားတာကိုနောင်နှစ်ပေါင်းတစ်ရာလောက်ဆိုယုံချင်ယုံမယ်။ ပြောသာပြောနေရတာ……ကိုယ်မယုံပေမယ့်ယုံလို့ပုံအပ်ချင်တဲ့ကိုကိုတွေကဖင်တလှုပ်လှုပ်နဲ့..။ ခုကတည်းကပြန်ချင်နေကြပြီထင်ပါရဲ့..။ပြန်ချင်တဲ့သူတွေသတိထားဖို့ပြောလိုက်မယ်နော်……..။
    ဒီတစ်ခါထွက်ပြေးရရင်ဘယ်နိုင်ငံမှခိုလှုံခွင့်တောင်းလို့ရတော့မှာမဟုတ်လို့ငစိန်တို့အဖွဲ့နှိပ်စက်သမျှ
    ခံနိုင်ရင်ပြန်ကြဆိုတာလေးပါ..။ဒါပါပဲ..။ဆင်ဆင်ခြင်ခြင်တွေးဆယုံကြည်နိုင်ကြပါစေ.။ခင်မင်လျက်

  15. တိုင်းတပါးရောက်နေကြသူအားလုံး ကိုယ်တိုင်းပြည်ကို ကိုယ်ပြန်ချင်ကြသူတွေချည်းပါ ။ အခြေအနေအကြောင်းကြောင်းကြောင့်သာမပြန်ကြတာပါ ။ ပြန်လာဖို့ကို လဘ်လာဘအနေနဲ့ သိန်းထောင်ချီ
    ပေးခေါ်နေရတယ် ဆိုကတည်းက”အရပ်ရပ်နေပြည်တော်ကြားလို့ကမှ မတော် “ဆိုသလိုဖြစ်နေပါပြီ တကယ်တန်းသာ ပြည်တော်ပြန်မယ့်သူတွေ က အစိုးရအသစ်အပေါ် ယုံကြည်မှု အပြည့်အ၀ရှိရင်
    ရွှေလက်နဲ့လှမ်း ကမ်းခေါ်စရာမလိုပါဘူး ။ အစိုးရသစ်အပေါ်ယုံကြည်မှုနည်းနေတာကိုပြနေတာပါ ။အစိုးရအနေနဲ့လဲ ဒါကိုသိတဲအတွက် ငွေနဲ့များခေါ်ယူရတဲ့ဘ၀ရောက်ရတာပါ ၊ယုံကြည်ဘို့ဆိုတာကလဲသက်သေပြစရာပြယုဒ်ကမရှိ လက်ရှိနှစ်ရှည်အကျဉ်းကျနေတဲ့နိုင်ငံရေးအကျဉ်းသားေ
    တွေကိုစံနမူနာအနေနဲ့တောင် မလွှတ်ပေးပဲအပြင်က၀င်လာမဲ့သူကိုမဖမ်းပါဘူး၊အရမ်းဆိုးဝါးတဲ့အမှုကိုတ၀က်
    ကျခံရမယ် ဆိုတာ ထောင်ဒါဏ် နှစ်၁၀၀ပေးပြီး၊တ၀က်လျှော့ နှစ် ၅၀ ကျခံစေမှာလား၊ အရမ်းဆိုးဝါးတဲ့အမှုဆိုတာဘယ်လိုအမှုမျိုးကိုဆိုလိုတာလဲ၊ နိုင်ငံရေးလုပ်တဲ့သူကို အီလက်ထရောနစ်ပုဒ်မ
    တပ်ပြီးနှစ်ရှည်ထောင်ချနိုင်တဲ့ ထောင်ချခဲ့တာမျိုးကိုဆိုလိုတာလား ။ အများကြီးစဉ်းစား စရာတွေနဲ့

    (စဉ်းစားကာနေရအုန်းမယ်. . . . . . စဉ်းစာကာနေရအုန်းမယ်)

    သက်သေပြစရာပြယုဒ်အနေနဲဘာရှိလို့လဲ

  16. ဟုတ်ပ ဟုတ်ပ တရားသူကြီးများSBကြောက်ပုံကအံသြစရာ…မန်းန္တလေးမှာဆိုဦးခင်ဌေး ၊ရန်ကုန်မှာဆိုဦးမြင်.သိန်း သူတို.ကအမိန်.ရတရားသူကြီးထက်ကြီးတယ်။ တရားဥပဒေပေါ်မှာရှိတယ်။သူတို.နဲ.ပိုင်ရင်ဘယ်ပြစ်မှုမျိုးနေနေ ပြီးတယ်။သူတို.ဆွဲရင်အက်တိုတချောင်းကိုင်
    ဆောင်မှုနဲ.လည်းနှစ်ပေါင်း၅၀ ၆၀ ထောင်ကျသွားနိုင်တယ်။

  17. တော်ရုံတန်ရုံ ပြစ်ဒဏ်မျိုးကိုသက်သက်ညှာညှာစဉ်းစားပေးမယ်ဆိုတာကြံဖွံ.အစိုးရတက်စကထုတ်ပြန်ခဲ.တဲ.လွတ်ငြိမ်းသက်သာခွင်.ဆိုပြီးနှစ်ဆယ်ချီမတရားအကျဉ်းကျခံနေရသောနိုင်ငံရေးအကျဉ်းသားများနှင်.ပြည်သူလူထု၊နိုင်ငံတကာကိုအစိုးရမှအာဂါသမထားဘဲသဘောထားကြီးစွာဖြင်.တနှစ်ပြစ်ဒဏ်လျှော.ပေါ.သက်သာခွင်.ပေးလိုက်သည်။…ဆိုတာမျိုးလား၊တော်ရုံတန်ရုံပြစ်ဒဏ်မျိုးဆိုတာဘယ်လိုမျိုးလဲ၊ဘယ်ပုဒ်မတွေကိုရည်ညွန်းတာလဲ။ဥပမာတရားမဝင်နယ်စပ်ဖြတ်ကျော်မှု(လဝကအက်၁၃/၁)သည်ဒဏ်ငွေတပ်၍အမှုပြီးစီးနိုင်သော်လည်းစစ်အစိုးရတရားရုံးများမှ၅နှစ်အထိစီရင်ချက်ပြစ်ဒဏ်ပေးလျှက်ရှိသည်။ထိုနည်းတူစွာမတရားအတင်းအက်၁၇(၁/၂)၊အီလက်ထရောနစ်အက်၊တရားမဝင်ပုံနှိပ်ထုတ်ဝေ။ဆက်သွယ်ရေး၊သွင်းကုန်ထုတ်ကုန်…ကဲ.သို
    .သော ပုဒ်မမျိုးကိုပြစ်မှုတခုပေါ်တွင် ပုဒ်မမျိုးမျိုးတပ်၍နှစ်ဆယ်ချီထောင်သွင်းအကျဉ်းချလျှက်၇ှိသည်။ ထိုကဲ.သို.ပုဒ်မမျိုးကိုလည်းစစ်စစ်အစိုးရက တော်ရုံတန်ရုံပြစ်မှုများဟုမသတ်မှတ်ဘဲနိုင်ငံတော်လုပ်ကြံမှုကြီး
    များကဲ.သို .ပုံကြီးချဲ.ကာမြန်မာဒီမိုကရေစီအင်အားစုများအားနှိမ်နှင်းရန်အတွက်အထူးဖွဲ.စည်းထားသော
    သတင်းတပ်ဖွဲ.SBသတင်းတပ်ဖွဲ.ကိုအမှုကိုင်တွယ်တရားစွဲဆိုရန်ခွင်.ပြုခဲ.သည်။
    SBမှတရားစွဲလျှင်ပပျောက်ရမည်.အမှုသည်ငယ်၊ငယ်သည်.အမှုသည်ကြီး၊ကြီးသည်.အမှုသည်ပိုကြီး၍ကမ္ဘာကျော်အောင်နှစ်ပေါင်းရာချီထောင်ကြလေသည်။တရားသူကြီးဆိုသူများမှာလည်းSBဟုငသံကြားလျှင်သေအောင်ကြောက်သည်။မတရားသည်.အမှုမှန်းသိပါလျှက်မည်သည်.သက်သေခံအထောက်အထားမျှမရှိမျက်စိမှိတ်ပြစ်ဒဏ်ပြည်.ချမှတ်လျှက်ရှိသည်။သို.ကြောင်.သမ္မတဦးသိန်းစိန်အနေဖြင်.မည်သည်.အက်ဥပဒေများကိုဖြတ်သိမ်းသည်၊မည်သည်.ပုဒ်မများဖြင်.တရားစွဲဆိုခံရသူများလွန်ငြိမ်းသည်၊မည်သည်.အက်ဥပဒေများဆက်လက်တည်ရှိသည်စသည်တို.ကိုရှင်းရှင်းလင်းလင်းကမ္ဘာသိအောင်ထုတ်ပြန်ကြေငြာ၍ဦးစွာမတရားထောင်သွင်းအကျဉ်းကျခံနေရသော နိုင်ငံေ၇းအကျဉ်းသားများအားလုံးကိုခြွင်း
    ချက်မရှိအမြန်ဆုံးလွှတ်ပေးသင်.သည်။ပြည်ပနိုင်ငံများသိုရောက်ရှိနေသောမြန်မာနိုင်ငံသားများသည်အများ
    အားဖြင်.စစ်အစိုးရမှမတရားဖမ်းဆီး ထောင်ချရန်ကြိုးစားမှုကြောင်.မိသားစုနှင်.ခွဲခွာ၍အမိနိုင်ငံတော်မှတိုင်းတပါးနိုင်ငံများသို.ရောက်ရှိနေကြခြင်းဖြစ်သည်။သို.ဖြစ်၍တိုင်းတပါးတွင်ရောက်ရှိနေသောမြန်မာ.ဒီမိုကရေစီအင်အားစုများမှာစစ်အစိုးရတရားရုံးတခုခုတွင်သို.မဟုတ်SBတပ်ဖွဲ.တွင်ဖမ်းဝရမ်းထုတ်ပုဒ်မတမျိုးမျိုးဖြင်.တရားစွဲဆိုခံထားရသူများဖြစ်သည်။သို.ကြောင်.ပြည်တွင်းပြန်ဝင်လျှင်ဦးသိန်းစိန်ကြေငြာချက်အတိုင်းပြစ်ဒဏ်ကျခံရပေလိမ်.မည်။ပြစ်မှုကျူးလွန်ထားခြင်းမရှိသူများမှာစီးပွားရေးအရနိုင်ငံရပ်ခြားသို.အလုပ်လုပ်ရန်ရောက်ရှိ
    နေသူများဖြစ်သည်။၎င်းတို.စာထုတ်၍ခေါ်နေစရာမလို၊ကိုယ်အလိုရှိကပြန်နိုင်သည်။စစ်အစိုးရအာဂါသ ထားသူများမှာနိုင်ငံရေးလုပ်၇ှားသူများဖြစ်သည်။ဦးသိန်းစိန်အနေဖြင်.အမျိုးသားပြန်လည်သင်.မြတ်ရေးနှင်. ဒီမိုကရေစီ လမ်းကြောင်းပေါ်အမှန်တကယ်တက်လျှောက်မည်ဆိုလျှင်ယခုကဲ.သို.မသေချာမရေရာသည်.
    ပြောဆိုမှုမျိုးအစား အထွေအထွေလွတ်ငြိမ်းချမ်းသာခွင်.အမိန်.တရပ်ကိုအမြန်ဆုံးထုတ်ပြန်ပေးသင်.လေ
    သည်။

  18. တိုင်းပြည်ကို လိမ်နည်းမျိုးစုံ နဲ့ ကြားကောင်းအောင် စိတ်၇င်းမကောင်းပြောဆို နေတာကိုသိနေ၇သလိုဘဲ
    အပြုသဘောနဲ့ကြိုဆိုကြ အုံး မယ်၊ လွတ်ငြိမ်း ချမ်းသာခွင့် ၊ နိုင်ငံ ရေး အကျဉ်းသား တွေကို ပြန်လွှတ်ပေး
    တဲ့ သတင်း မျိုး ကို တည့်တည့် ပြော ဖို့ မရှိ ဘဲ၊ လူလိမ် တစ်ယောက်ပြော ပြောနေတာနဲ့သူသလိုဘဲ၊

Comments are closed.