ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် တွေ့ ဆုံ (Updated)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ အစိုးရ သမ္မတ ဦးသိန်း
စိန် တို့ သည် နေ ပြည်တော် ရှိ သမ္မတ အိမ်တော် တွင် ညနေ လေး နာရီ မှာ ငါးနာ ရီ ထိ ဆုံ
တွေ့ ကြသည် ဟု သတင်း ရရှိ သည်။

ဒေါ်အောင်ဆန်း စုကြည် သည် ယနေ့  အလုပ်ရုံ ဆွေးနျွေးပွဲ သို့ တက်ရောက် နိုင်ခြင်း မရှိ ဘဲ
နေပြည်တော်တွင် ယနေ့ ည နားခို မှု ပြုကာ နက်ဖြန် တွင် တက်ရောက် နိုင်ဖွယ် ရှိသည် ဟု
သတင်း ရရှိ သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် တို့  တွေ့ ဆုံ မှု ကို မြန်မာ့ ရုပ်မြင်
သံကြားမှ ထုတ် လွှင့် ပြသခဲ့ သည်။

နေ့ လည် ၁ နာရီ တွင် ခေတ္တတွေ့ ဆုံခဲ့ပြီး ညနေ တွင် ထပ်မံ တွေ့ ဆုံခြင်း ဖြစ်သည်။

မူလသတင်း၊        ၊နေပြည်တော် စီးပွားရေး အလုပ်ရုံ ဆွေးနွေး ပွဲ သို့  တက်ရောက် ရန် ထွက်ခွာ
သွား သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ ဦးသိန်း စိန်
နှင့် နေပြည်တော်တွင် တွေ့ ဆုံ မည် ဖြစ်ပြီး တွေ့ ဆုံ မှု မှာ ယနေ့  ညနေ တွင် ဖြစ် နိုင် သည် ဟု
သတင်း ရရှိသည်။

ခိုင်မာ တိကျ သည့် သတင်း ရပ် ကွက် တစ်ခု မှ FNG အား ပြောပြချက် အရ ဒေါ်အောင်ဆန်းစု
ကြည် သည် သမ္မတ ဦး သိန်းစိန် နှင့် တွေ့ ဆုံ ရန် နေပြည်တော် သို့  သွား ခြင်း ဖြစ်ပြီး စီးပွားရေး
အလုပ်ရုံ ဆွေး နွေ ပွဲ သို့ သွားခြင်း မဟုတ် ဟု သိရသည်။

FNG မှ ထပ်မံ သိရှိ ရသည့် သတင်းများ အရ သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည် ကို
ညစာ ဖြင့် တည့်ခင်း ဧည့်ခံ မည် ဖြစ်ပြီး ထိုတွေ့ ဆုံမှု တွင် အခြေခံ ကျသည့် ဒီမိုကရေစီ ဖြစ်စဉ်
ပြောင်းလဲ ခြင်း များ ကို ထည့်သွင်း ဆွေး နွေးခြင်း ရှိ မရှိ ကို မသိရသေးချေ။

ဇူလိုင် လ နှင့် ယခု သြဂုတ် လ အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ အစိုးရ ကိုယ်စား လှယ်
ဦးအောင်ကြည် တို့  တွေ့ ဆုံ ခဲ့ ရာ ဒုတိယ အကျော့ တွေ့ ဆုံ မှု ပြီး ချိန် တွင် ယခု ကဲ့ သို့ 
တိုးတက် ဖြစ်ထွန်း မှု တစ်ချို့ ပေါ်ပေါက် ခဲ့ ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ ဦးသိန်းစိန် နှင့် တွေ့ ဆုံ ၍ နိုင်ငံရေး အကြောင်း ရာ များ ဆွေး
နွေးလျှင် နိုင်ငံ ရေး အကျဉ်းသား များ ပြန်လည် လွတ်မြောက် ရေး ကို ဦးစားပေး ဆွေး နွေးလိမ့်
မည် ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရ သစ် ရုံး စိုက် ရာ နေပြည်တော် မြို့  သို့  ပထမ ဦးဆုံး သူမ
၏ ခရီးစဉ် အဖြစ် သွားရောက် ခြင်းဖြစ်ပြီး ၊ သမ္မတ ဦးသိန်းစိန် နှင့် လည်း ပထမ ဦးဆုံး အကြိမ်
တွေ့ ဆုံခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေး အား ပြည်ထဲရေး ၀န်ကြီးဌာန မှ အမျိုးသမီး ရဲမေ များ က တာ
ဝန်ယူ စောင့်ရှောက်ပေး သည် ဟု သတင်း ရရှိ သည်။

ဒီတစ်ပတ် ရုပ်ရှင် အညွှန်း

 One Day 
From the Director of An Education

After one day together – July 15, 1988, their University graduation from the University of Edinburgh – Emma Morley (Anne Hathaway) and Dexter Mayhew (Jim Sturgess) begin a friendship that will last a lifetime. She is a working-class girl of principle and ambition who dreams of making the world a better place. He is a wealthy charmer who dreams that the world will be his playground.

For the next two decades, key moments of their relationship are experienced over several July 15ths in their lives. Together and apart, we see Dexter and Emma through their friendship and fights, hopes and missed opportunities, laughter and tears. Somewhere along their journey, these two people realize that what they are searching and hoping for has been there for them all along. As the true meaning of that one day back in 1988 is revealed, they come to terms with the nature of love and life itself.

photo credit: REUTERS/Soe Zeya Tun (MYANMAR – Tags: PROFILE RELIGION POLITICS IMAGES OF THE DAY)

3 thoughts on “ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် တွေ့ ဆုံ (Updated)

  1. အင်း ဒီပုံချိတ်ထားတာတော်တာ် ထူးဆန်းတယ် အရင်ကဆို ဗိုလ်ချုပ်ပုံတွေ ကျောင်းမှာချိတ်ထားတာကို ငယ်ငယ်က မြင်ခဲ့ဖူးတယ် နောက်ပြန်ပျောက်သွားလိုက်တာ အခုမှပြန်မြင်ရတော့တယ် ခဏတာချိတ်ထားတာလားဆို ကိုတော့ စဉ်းစားစရာပါပဲ

  2. မောင့်ကျက်သရ ခေါင်းပေါင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံကြီး ချိတ်ဆွဲထားတဲ့ သိန်းစိန်တို့နေပြည်တော်ဓါတ်ပုံ မြင်ရတာ ထူးခြားအံ့အားသင့်နေမိတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှ ချိတ်ဆွဲတာလား။နဂိုရ်ကတည်းက ဆွဲထားတာလား။မေးကြည့်ပေးပါ။

  3. It is a good news and really hope that our country will be reunited one day and leading to a full blown democratic country where all human dignities and values are observed and economy of the individual and the whole country as a whole will be furnished.

    There is no time to bluff each other and let us move forward. It is gracious to see Gen Aung San picture at the background something like saying” Kaung Kaung Lote Gyar Bar”

Comments are closed.